Advertisements

အောင်သပြေ – နှစ်ကရင်လမ်းပိုင်းတွင်သုံးရန် ယခုနှစ်အတွက် ဘက်ဂျက်အတည်မပြုရသေး

မော်လမြိုင် ၊ မေ ၁၇

၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ် က ကျပ်သန်းတစ်ထောင် ဘက်ဂျက်ဖြင့်ဖောက်လုပ်ခဲ့တဲ့ ရေးမြို့နယ် အောင်သပြေ – နှစ်ကရင် လမ်းပိုင်း အတွက် ယခုနှစ်ဘဏ္ဍာနှစ်အတွင်း အသုံးပြုမည့် ဘဏ္ဍာငွေစာရင်း ကို လျာထား တင်ပြထားပြီးဖြစ်သော်လည်း အတည်ပြုချက်မရသေးကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

“အတည်မပြုရသေးဘူး လျာထားချက်ပဲ တင်ပြထားတယ်”ဟု ဝန်ကြီးက ဆိုသည်။

ပြည်နယ်အတွင်း ရန်ပုံငွေ လျာထားချက်များကို ပြည်နယ်လွှတ်တော်တွင် အတည်ပြုပြီး ပြည်ထောင်စု ဘဏ္ဍာရေး ကော်မရှင်ထံတင်ပြရသည်။ ပြည်နယ်/တိုင်းဒေသကြီးထောက်ပံ့စာရင်းကို ပြည်ထောင်စု ဘဏ္ဍာရေးကော်မရှင်မှ ပြည်ထောင်စု လွှတ်တော်ထံ အဆုံးအဖြတ်ရယူ ရမည်ဖြစ်သည်။

Advertisements

ယင်းလမ်းပိုင်းအတွက် ယခုဘဏ္ဍာနှစ်တွင် ငွေကျပ် ကျပ်သန်း ၇၅၇အတည်ပြုထားပြီးကြောင်းလည်းသတင်း ထွက်ပေါ်နေသည်။

ဒေသတွင်း စီးပွားရေးဇုန်အတွက် အထောက်အပံ့ဖြစ်ရန်ရည်ရွယ်ပြီး ရေးခရိုင်တိုးတက်ရန်အတွက် ယင်းလမ်းဖောက်လုပ်ခြင်းဖြစ်ကြောင်းလည်း မွန်ပြည်နယ် အစိုးရအဖွဲ့ ကပြောကြားထားသည်။

အဆိုပါစီးပွားရေးဇုန် ကို Southern Myanmar Development (SMD) က အကောင်အထည်ဖော်နေခြင်း ဖြစ်ပြီး ရေနက်ဆိပ်ကမ်း ၊ စက်မှုဇုန် ၊ ငါးလုပ်ငန်း အတွက် အဆောက်အဦးများ ၊ အိမ်ယာစီမံကိန်း နှင့် ပြည်နယ်အစိုးရပိုင် စီမံခန့်ခွဲဇုန်တို့ပါဝင်နေသည်။

ယင်းအပြင် SMD ကုမ္ပဏီသည် ရေးမြို့နယ် လျှပ်စစ်မီး ဖြန့်ဖြူးပေးနေသော ကုမ္ပဏီ တစ်ခုလဲ ဖြစ်သည်။

အဆိုပါ ကျေးရွာဆက်လမ်းကို လုပ်ထုံးလုပ်နည်းအရ တင်ဒါ မခေါ်ယူပဲ မွန်ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ Southern Myanmar Development (SMD) ကုမ္ပဏီ ကို လုပ်ကိုင်ခွင့် ပေးအပ်ခဲ့သောကြောင့် နိုင်ငံရေးအသိုင်းအဝိုင်း နှင့် လေ့လာသုံးသပ်သူများ ကြား ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

Written by ရန်လင်းအောင်

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်