Advertisements

မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် ရေနှုတ်မြောင်းများတူဖော်

မော်လမြိုင် မေ

မွန်ပြည်နယ်တွင် ယခင်နှစ်လို ရေကြီးရေလျှံမှုများ မဖြစ်စေရေးအတွက် ရေနှုတ်မြောင်းများ တူဖော်နေကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောကြားသည်။

နွေရာသီကတည်းက စတင်ပြီး ကျန်ရှိနေသော ရေမြောင်းများကိုလည်း စည်ပင်သာယာရေးကော်မတီ က ဆက်လက်တူးဖော်ပေးနေကြောင်း ၎င်းကပြောသည်

“ကျွန်တော်တို့ ရွပ်ကွက်တွေထဲမှာ ရေမြောင်းတွေတူးထားပြီးသွားပြီး ရေလျှံတာတွေတော့ သက်သာသွား လိမ့်မယ်လို့ ရေစီးရေလာကောင်းလာပြီပေါ့” ဟု ၎င်းကပြောသည်။

Advertisements

မော်လမြိုင်မြို့က ရပ်ကွက်တချို့တွင် ဖြစ်ပေါ်တတ်သော ရေကြီးမှု အန္တရယ်ကျရောက်ပါက ကူညီကယ်ဆယ်နိုင်ရန် ကယ်ဆယ်ရေး ပစ္စည်းများ နှင့် ဆန် ၊အဝတ်အထည်နှင့် ရေသန့် စသည်တို့ကို ကြိုတင်ပြင်ဆင်ထားကြောင်း မော်လမြိုင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ရုံးမှသိရှိရသည်။

“မိုတွင်းရောက်လာပြီး အတွက်ကြောင့်မို့ ရေဘေး လေဘေး ဂရုစိုက်ဖို့ဆိုပြီးတော့ ကျွန်တော်တို့ ဌာနဆိုင်ရာတွေကို သတိပေးထားတယ်”ဟု ဦးမြင့်ဦး ပြောသည်။

ရက်ကွက်အတွင်း မိုးလေများကြီးလာပါက ရက်ကွက်အုပ်ချုပ်ရေးမှူး များ အနေနှင့် ချက်ခြင်း အကြောင်းကြားပေးရန်မှာကြားထားပြီး သဘာဘေးအန္တရာယ်ကာကွယ်နိုင်ရေးအတွက်လည်း ယင်းတို့အနေ့ဖြင့် စီမံချက်ရေးစွဲထားကြောင်း ၎င်းကပြောသည်။

လျှမ်းထက်

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်