Advertisements

Huawei ဖုန်းများတွင် Android OS များအသုံးပြုခွင့် Google ပိတ်ပင်

ကယ္လီဖိုးနီးယား ေမ ၂၀

အမေရိကန်သမ္မတထရန့်ရဲ့ အမျိုးသားလုံခြုံဆိုင်ရာ အရေးပေါ်ကြေညာချက်ထုတ်ပြန်ပြီးနောက်မှာတော့ Google ကုမ္ပဏီဟာ ဟွာဝေးဖုန်းတွေမှာ Android OS အသစ်တွေ အသုံးပြုခွင့်ကို ရုတ်တရက် ရပ်ဆိုင်းလိုက်ပါတယ်။

ထရန့်ရဲ့ကြေညာချက်မှာ ပြည်ပတယ်လီကွန်းကုမ္ပဏီတွေလို့သာ သုံးနှုန်းထားပေမဲ့ ဟွာဝေးကုမ္ပဏီကို ရည်ရွယ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အပြီးမှာ လေ့လာသူတွေက ခန့်မှန်းချက်ထုတ်ခဲ့ကြပါသေးတယ်။

မေလ ၁၉ရက်နေ့မှာတော့ အမေရိကန်အခြေစိုက် Googleကုမ္ပဏီဟာ အစိုးရရဲ့သတ်မှတ်ချက်တွေကို လေးစားလိုက်နာမယ်လို့ ကြေညာခဲ့ပြီး ဟွာဝေးကို Andriod OSတွေအသုံးပြုခွင့်မပေးတော့ဘူးလို့ ကြေညာခဲ့တာပါ။

Advertisements

မေလ ၂၀ရက်နေ့ကစပြီး ဟွာဝေးဖုန်းတွေမှာ Android ရဲ့လုပ်ဆောင်ချက်တွေဖြစ်တဲ့ You Tube နဲ့ Google Mapတို့လို Appတွေကိုလည်း အသုံးပြုခွင့်ရတော့မှာ မဟုတ်သလို အသစ်ထုတ်တဲ့ ဟွာဝေးဖုန်းတွေမှာလည်း appတွေ ပါဝင်တော့မှာ မဟုတ်ပါဘူး။

လက်ရှိဟွာဝေးဖုန်းတွေမှာသုံးနေတဲ့ Googleရဲ့ မေးလ်တွေအပါအဝင် အခြား appတွေဟာလည်း နောက်ပိုင်းမှာ updateရတော့မှာမဟုတ်တာကြောင့် အလိုလို အသုံးပြုနိုင်တော့မှာမဟုတ်ပါဘူး။ Google Playကနေတစ်ဆင့် ဒေါင်းလုတ်ဆွဲပြီးသုံးရတဲ့ ဘယ်appမှ ဟွာဝေးဖုန်းတွေမှာအလုပ်လုပ်တော့မှာမဟုတ်ဘူး လို့ သိရပါတယ်။

စျေးကွက်လေ့လာသူတွေကတော့ Googleရဲ့ လုပ်ဆောင်မှုဟာ ဟွာဝေးကုမ္ပဏီကို အကြီးအကျယ်အထိနာ စေခဲ့တယ်လို့ သုံးသပ်ပါတယ်။

ဟွာဝေးကုမ္ပဏီရဲ့ အစုရှယ်ယာတွေဟာ Googleကြေညာချက်အပြီးမှာ စျေးထိုးကျနေခဲ့ပြီး လက်ရှိအချိန်ထိ စျေးဆက်လက်ကျဆင်းနေဆဲပါပဲ။ ကမ္ဘာ့ ၄၃နိုင်ငံမှာအသုံးပြုနေတဲ့ ဟွာဝေးဖုန်းတွေမှာ googleရဲ့ထောက်ပံ့မှု မရတော့တဲ့အခါ ဘယ်လိုဆက်လက်ရှင်သန်မလဲဆိုတဲ့ မေးခွန်းတွေလည်းဆက်လက်ထွက်ပေါ်ဆဲပါပဲ။

လက်ရှိမှာ ဥရောပနဲ့ မြောက်အမေရိကမှာ 5Gကွန်ယက်တွေ ထောက်ပံ့နေတဲ့ ဟွာဝေးကုမ္ပဏီဟာ စမတ်ဖုန်းထုတ်လုပ်မှုမှာတော့ စတင်အရှုံးပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။

CNBC

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်