Advertisements

လူမှုကွန်ယက်ဆိုင်ရာ အွန်လိုင်းတိုင်စာစနစ် အမေရိကန် စတင်

ကယ္လီဖိုးနီးယား ေမ ၂၀

လူမှုကွန်ယက်များပေါ်တွင် အချက်အလက်ဝေမျှခြင်းများ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာထင်မြင်ချက်များမျှဝေခြင်း၊ ဖြန့်ဝေခြင်းစသည်တို့ရှိပါက အမေရိကန်အစိုးရသို့တိုင်ကြားနိုင်သည့် အွန်လိုင်းတိုင်စာစနစ်ကို သမ္မတရုံးမှ ထုတ်ပြန်ကြေညာခဲ့သည်။

အထူးသဖြင့် ဖေ့ဘွတ်နှင့် ယူကျူ့မှ ဆင်ဆာဖြတ်သည့်ကိစ္စများကို အစိုးရဘက်မှ တရားဝင် ဒဏ်ကြေးကောက်ခံခြင်း၊ အရေးယူခြင်းများလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

သမ္မတထရန့်၏ အဆိုပါအစီအစဉ်သည် အွန်လိုင်းပေါ်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့်ကို အားပေးရန် လုပ်ဆောင်ခြင်းဖြစ်သည်။

Advertisements

မည်သည့် နိုင်ငံရေးထင်မြင်ချက်၊ လုပ်ဆောင်ချက်နှင့် အမြင်ကိုမဆို အကြောင်းပြချက်တစ်နည်းနည်းဖြင့် ဖြတ်တောက်ခြင်း၊ ပယ်ဖျက်ခြင်းများ လုပ်ဆောင်ပါက အစိုးရအဖွဲ့မှ တာဝန်ယူဖြေရှင်းပေးမည်ဖြစ်သည်။

အဆိုပါအွန်လိုင်းတိုင်ကြားလွှာတွင် အသုံးပြုသူ၏ အချက်အလက်၊ ဆိုရှယ်မီဒီယာလင့်ခ်များ၊ အမေရိကန် နိုင်ငံသားဖြစ်ကြောင်း သက်သေခံ စာရွက်စာတမ်း၊ နဲ့ ဆင်ဆာအဖျက်ခံရသည့် အကြောင်းအရာနှင့် ဆက်စပ်သည့် လူမှုကွန်ယက်ကုမ္ပဏီများ ဥပမာ ဖေ့ဘွတ်၊ အင်စတာဂရမ်၊ တွစ်တာ၊ ယူကျု့ စသည့် တို့ကို မေးမြန်းထားသည်။

ပြည်သူများ၏ လွတ်လပ်စွာပြောဆိုခွင့် ထုတ်ဖော်ခွင့်ကို အစိုးရဘက်က တရားဝင်ခွင့်ပြုထားပြီး ခွင့်ပြုချက်ကို ကျော်လွန်ကာ လူမှုကွန်ယက်ပေါ်တွင်ဆင်ဆာဖြတ်ခြင်းများပြုလုပ်ပါက အစိုးရဘက်မှ စိစစ် အရေးယူမည် ဖြစ်ပြီး ကာယကံရှင်ကိုယ်တိုင်တိုင်ကြားနိုင်မည် ဖြစ်ကြောင်း အွန်လိုင်း တိုင်ကြားလွှာတွင်ဖော်ပြထားသည်။

အိမ်ဖြူတော်မှလုပ်ဆောင်သည့် အွန်လိုင်းတိုင်ကြားစာသည် ဖေ့ဘွတ်ကုမ္ပဏီကို အဓိက ရည်ရွယ်ကြောင်းသိရသည်။ ယခင်ရွေးကောက်ပွဲတွင် သမ္မတထရန့်ကို ထောက်ခံသည့် သူများ၏ ပြောဆိုချက်များ ပို့စ်များကို အတော်များများ ဖြတ်တောက်ခံခဲ့ရသည်။

၂၀၂၀ရွေးကောက်ပွဲတွင် မည်သည့် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းမဆို ထောက်ခံသူများ၏ အမြင်ကို လွတ်လပ်စွာ ခွင့်ပြုပြီး တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရန် ရည်ရွယ်ကြောင်း သိရသည်။

Ref: CNBC

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်