Advertisements

ရှယ်ယာတန်ဖိုး ၅၀ရာခိုင်နှုန်းအထိမြင့်တက်လာတဲ့ Luckin ကော်ဖီ

ပေကျင်း မေ ၁၉

Luckin ကော်ဖီဟာ တရုတ်ပြည်တွင်းဈေးကွက်မှာ သူ့ရဲ့ ရှယ်ယာတန်ဖိုး ငါးဆယ်ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ ကုမ္ပဏီဘက်က ထုတ်ပြန်ပါတယ်။

ကုန်သွယ်မှုနဲ့ဆိုင်တဲ့ သုတေသနပြုချက်တွေအရ Luckinကေ်ာဖီဟာ ၎င်းတို့ရှယ်ယာရဲ့ ၂၅ရာခိုင်နှုန်းကို ထုတ်ရောင်းပေးခဲ့တယ်လို့သိရပါသေးတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရှယ်ယာရဲ့ ၁၇ရာခိုင်နှုန်းကို အပြိုင်အဆိုင်ဈေးတင်ပြီးဝယ်ယူလိုသူတွေရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၄သန်းကျော်အထိ ဈေးရခဲ့ပါတယ်။

Advertisements

Luckinကော်ဖီဟာ တရုတ်နိုင်ငံပေကျင်းအခြေစိုက်ကုမ္ပဏီဖြစ်ပြီးတော့ ရှယ်ယာပေါင်း ၃၃သန်းကျော်တန်ဖိုးကိုရောင်းချမယ်လို့ ထုတ်ပြန်ထားပြီးသားဖြစ်ပါတယ်။

ရှယ်ယာတွေကို ဈေးကွက်လုဝယ်ယူနေတာကြောင့် တန်ဖိုးဟာ ၂၀ရာခိုင်နှုန်းအထိ ထပ်တက်နိုင်ဖွယ်ရှိပြီး ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၆၀၀ကျော်ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။

Luckin ကော်ဖီဟာ တရုတ်ပြည်တွင်းမှာ စတားဘတ်ကော်ဖီနဲ့ အပြိုင်အဆိုင် နာမည်ကြီးကော်ဖီတံဆိပ်ဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ကော်ဖီဆိုင်ပေါင်း ၂၃၇၀ကျော်ကို ဖွင့်လှစ်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ ကော်ဖီဆိုင်ခွဲ ၂၅၀၀ကျော်ကို ဖွင့်ထားပြီး ဖြစ်ပါတယ်။

စတားဘတ်တံဆိပ်ထက်အများကြီးနောက်ကျမှ တည်ထောင်ပေမဲ့ တရုတ်ပြည်တွင်းဈေးကွက်မှာ Luckinကော်ဖီကို စတားဘတ်က မကျော်ဖြတ်နိုင်သေးပါဘူး။ ၂၀၁၉ခုနှစ်မှာ စတားဘတ်ကော်ဖီက တရုတ်ပြည်တွင်းမှာ အနှစ်၂၀ပြည့် အထိမ်းအမှတ်ကို ကျင်းပခဲ့ချိန်မှာလည်း Luckinကော်ဖီက ၂နှစ်ပြည့်အခမ်းအနားကို ကျင်းပခဲ့ပါသေးတယ်။

လာမယ့် ဆယ်စုနှစ်အတွင်းမှာ Luckinတံဆိပ်ကို ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကျော်ဖြစ်နေအောင်လုပ်ဆောင်ဖို့ အစီအစဉ်ရှိပါတယ်လို့ Luckin ရဲ့ စီအက်ဖ်အို ရီနော့စကင်ကယ်က ပြောပါတယ်။

ယခုနှစ်စာရင်းအရ တရုတ်ပြည်တွင်းရောင်းရငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၂၀၀ကျော်ရှိပြီး လာမဲ့ ငါးနှစ်အတွင်းမှာ ယခုဝင်ငွေထက် ၁၁ရာခိုင်နှုန်းတိုးတက်လာဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

Ref: CNBC

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်