မွန်စာပေနှင့် သမိုင်းဆိုင်ရာ အဓိထားဖြေဆိုရသော မွန်ဒေသလုံးဆိုင်ရာ စာမေးပွဲကျင်းပ

8
မွန် စာပေနှင့်သမိုင်းဆိုင်ရာ အဓိထားဖြေဆိုရသော မွန်ဒေသလုံးဆိုင်ရာ စာမေးပွဲကျင်းပ

မော်လမြိုင်၊ မေ၂၁

မွန်ဘာသာစကား ၊ စာပေ ၊ယဉ်ကျေးမှု ကို ထိန်းသိမ်းထုတ်ဖော်နိုင်ရန် ရည်ရွယ်ပြု ကျင်းပသော မွန်ဒေသလုံးဆိုင်ရာ စာမေးပွဲ ကိုမေလ ၂၁ ရက်နေ့က မော်လမြိုင်မြို့၊ တောင်ရိုးတန်း ရှိ သာသနာ ၂၅၀၀ ကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။

ယင်းစာမေးပွဲ ကျင်းပရခြင်း၏ နောက်ထပ်ရည်ရွယ်ချက်တစ်ခုမှာ မွန်စာပေနှင့် ယဉ်ကျေးမှုကို မြှင့်တင်ရန် ဆောင်ရွက်နေကြသည့်သူများ အချင်းချင်း တွေ့ဆုံနိုင်အတွက်လည်းပါဝင်ကြောင်း မွန်ဒေသလုံးဆိုင် စာပေနှင့် ယဉ်ကျေးမှု အတွင်းရေးမှူးနိုင်မွန်ရာဇာ ကပြောကြားသည်။

“ စာပေနဲ့ ယဉ်ကျေးမှုအတွက် လှုပ်ရှားသူတွေအတွက်ကတော့ ဒီနေ့က အကြီးကျယ်ဆုံးနေ့တနေ့ထဲပါတယ်” ဟု နိုင်မွန်ရာဇာက ဆိုသည်။

မွန်ဒေသလုံးဆိုင်ရာစာမေးပွဲကို ဟံသာဝတီသမိုင်းတန်း၊ မုတ္တမသမိုင်းတန်း၊ သုဝဏ္ဏဘုမိသမိုင်းတန်း၊ မွန်စာပေသမိုင်းတန်း ၊မွန်ယဉ်ကျေး မှုသမိုင်းတန်းနှင့် အဘိဓမ္မာတန်း စသည့် အတန်း ၆တန်း တက်ရောက်သူများ ဝင်ရောက် ဖြေဆိုရခြင်းဖြစ်သည်။

ယင်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ၁၄၃၀ ရှိကြောင်း စာမေးပွဲစီစဉ်သူများ ထံမှသိရှိရသည်။
မွန်စာပေနှင့်ယဉ်ကျေးမှု အဖွဲ့အနေဖြင့် အရှေ့ပိုင်းတွင် ရုန်းကန်ခဲ့ရပြီး နောက်ပိုင်းအစိုးရ၏ ထောက်ပံ့မှုများကြောင့် ပိုမိုအဆင်ပြေလာကြောင်း နိုင်မွန်ရဇာကပြောသည်။

မွန်ဒေသဆိုင်ရာ စာမေးပွဲကို ဝင်ရောက်ဖြေဆိုခြင်းဖြင့် မွန်သမိုင်းများကို သိရှိလာပြီး မွန်ရိုးရာဓလေ့ကို ထိန်းသိမ်းမြတ်နိုး တက်လာကြောင်း ပေါင်မြို့ နယ် အ.ထ.က (၁) ကျောင်းမှ မွန်ရိုးရာဓလေ့ထုံး စံသမိုင်းအတန်း ဝင်ရောက်ဖြေဆိုသူ မာံဟံင်လဝီဆာန်က ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ စာမေးပွဲကို သက္ကရာဇ် ၁၃၆၀မှစတင် ကျင်းပခဲ့ပြီး အယခုနှစ်တွင် အကြိမ် ၂၀ရှိပြီလည်းဖြစ်သည်။
မွန်ဒေသလုံးဆိုင်ရာစာမေးပွဲကို မော်လမြိုင်တွင် ကျင်းပပြီး ဆုပေးပွဲကို မြို့နယ်အလိုက်ကျင်းပလေ့ရှိရာ ယခုနှစ်တွင် ဆုပေးပွဲကို မေ၂၈ ရက်တွင် ရေးမြို့နယ် အဘော်စံပြကျေးရွာတွင် ကျင်းပမည်ဖြစ်သည်။

ရန်လင်းအောင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်