လှေဒေါက်ကျင်း မြေနေရာ ရရှိရေးအတွက် ရေးမြို့နယ်တွင်ဆန္ဒထုတ်ဖော်

ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာ၊ ဘတ်တောရပ်ရှိ လှေဒေါက်ကျင်းမြေနေရာ အမြန်ဆုံးဖော်ထုတ် နိုင်ရေး အတွက် လှေပိုင်ရှင်များ၊ ရေလုပ်သားများနှင့် ဒေသခံပြည်သူများက ဇွန်လ ၆ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။

မော်လမြိုင်၊ ဇွန် ၆

ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာ၊ ဘတ်တောရပ်ရှိ လှေဒေါက်ကျင်းမြေနေရာ အမြန်ဆုံးဖော်ထုတ်နိုင်ရေးအတွက် လှေပိုင်ရှင်များ၊ ရေလုပ်သားများနှင့် ဒေသခံပြည်သူများက ဇွန်လ ၆ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဇီးဖြူသောင်ကျေးရွာ ဘတ်တောရပ် ကွင်းအမှတ် (၁၁၆၁)၊ ဇီးဖြူသောင်ကျေးရွာမကွင်း၊ မြေကွင်အမှတ် (၃၈) နှစ်၊ ဧရိယာ ၂ ဒသမ ၆၄ ဧကရှိသော ရွှံ့လတာပြင်မြေနေရာသည် ဇီးဖြူသောင်ကျေးရွာနှင့် အစင်ကျေးရွာ အပြင် ရေးမြို့နယ်ရှိ ရေလုပ်ငန်းလုပ်ကိုင်ကြသော လုပ်ငန်းရှင်များ၏ ငါးဖမ်းလှေများကို လွန်းတင်ပြင်ဆင်ခြင်း၊ ဆေးသုပ်ခြင်း၊ လှေကြံ့ခိုင်ရေးလုပ်ဆောင်ခြင်းများစသဖြင့် ဆောင်ရွက်သည့်အပြင် မိုးရာသီကာလအတွင်း လှေကျင်းထိုးပြီး နားခိုကြသည့် အဓိကနေရာဖြစ်ကြောင်း ဇီးဖြူသောင်ကျေးရွာ ရေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောသည်။

ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာ၊ ဘတ်တောရပ်ရှိ လှေဒေါက်ကျင်းမြေနေရာ အမြန်ဆုံးဖော်ထုတ် နိုင်ရေး အတွက် လှေပိုင်ရှင်များ၊ ရေလုပ်သားများနှင့် ဒေသခံပြည်သူများက ဇွန်လ ၆ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။

“ဇီးဖြူသောင်ကျေးရွာက ပင်လယ်ဝဖြစ်တဲ့အတွက် ပတ်ပတ်လည်မှာ သဲသောင်တွေဖြစ်ပါတယ်။ အခုဆန္ဒဖေါ် ထုတ်တဲ့ အော်ကြီးချောင်းအတွင်းမှာရှိတဲ့ မြေနေရာဟာ ချောင်းအတွင်းမှာဖြစ်တဲ့အတွက် လှိုင်း၊ လေမထိတဲ့အ တွက် ဒီနေရာမှာပဲ လှေဒေါက်ကျင်းအဖြစ်အဓိက သတ်မှတ် အသုံးပြုနေကြတာဖြစ်ပါတယ်။ ဒီလှေဒေါက်ကျင်း နေရာမှာ ကျေးရွာကလှေတွေရော၊ ရေးမြို့နယ် အခြားကျေးရွာတွေ က လှေတွေအားလုံးဟာ ဒီနေရာမှာ လှေ တွေပြင်ခဲ့ကြတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီး” ဟု ဦးအောင်ကျော်ဦးက ပြောသည်။

အဆိုပါနေရာသည် ကျေးရွာပိုင်လှေဒေါက်ကျင်းနေရာအဖြစ် အသုံးပြုရန် မွန်ပြည်နုယ်အစိုးရအဖွဲ့က ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း ရေးမြို့နယ် အုပ်ချုပ်ရေးမှူး က အကောင်အထည်ဖော်ဆောင်ရွက် ပေးခြင်း မရှိသေးကြောင်း ၎င်းက ရှင်းပြသည်။

“ရွာပတ်လည်မှာလည်း သဲသောင်တွေဆိုတော့ သဲသောင်ပေါ်မှာ ရွာတည်ထားတဲ့အနေအထားရှိပါတယ်။ အခုလှေဒေါက်ကျင်း နေရာက ရွှံ့နွန်တွေဖြစ်တဲ့အတွက် အဲ့ဒီနေရာမှာပဲ လှေဒေါက်ထိုးလို့ရပါတယ်။ ဒီလှေဒေါက်ကျင်းနေရာမှာ ရေးမြို့နယ်က လှေတွေအပြင် ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းက လှေတွေလည်း ဒီနေရာလေးမှာပဲ လှေဒေါက်တင်ပြီးတော့ ပြုပြင်ကြတယ်။ လှေကြီးထိုးကြတယ်။ အခုပင်လယ်ပြင်ပိတ်တဲ့အချိန်မှာဆိုရင် ဒီနေရာက တော်တော်လေးကို လိုအပ်နေပြီး” ဟု ဆန္ဒထုတ်ဖေါ်ပွဲ ဦးဆောင်ပါဝင်သူ တစ်ဦးဖြစ်သူ ဒေါ်တင်ဇာမော် က ပြောသည်။

လှေဒေါက်ကျင်မြေနေရာ သတ်မှတ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးသို့ တိုင်ကြား စာများ၊ အသနားခံစာများအသီးသီးပေးပို့ခဲ့သော်လည်း အကြောင်းတစ်စုံတစ်ရာပြန်ကြားလာခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာ၊ ဘတ်တောရပ်ရှိ လှေဒေါက်ကျင်းမြေနေရာ အမြန်ဆုံးဖော်ထုတ် နိုင်ရေး အတွက် လှေပိုင်ရှင်များ၊ ရေလုပ်သားများနှင့် ဒေသခံပြည်သူများက ဇွန်လ ၆ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။

“ဧပြီလ (၂၆) ရက်က ဝန်ကြီးချုပ်ကြီးရောက်ရှိလာပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ရပ်မိရပ်ဖေ ​ေတွအရှေ့မှာ ရေလုပ်ငန်းရှင်းများရဲ့အရှေ့မှာ ပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးလည်း ပါပါတယ်။ ဌာနဆိုင်ရာအသီးသီးအရှေ့မှာ နှုတ်မိန့်နဲ့ဒီမြေဟာ အစိုးရပိုင်မြေဖြစ်တဲ့အတွက် ဒီကျူးကျော်တွေကို အမြန်ဖျက်သိမ်းလိုက်၊ လုံ/နယ်ဝန်ကြီးကိုလည်း ဘူဒိုဇာရှိရင် ဘူဒိုဇာနဲ့ထိုးဖြိုလိုက်ဆိုပြီး နှုတ်မိန့်နဲ့ပြော ခဲ့ပါတယ်” ဟု ဆန္ဒထုတ်ဖေါ်ပွဲတွင် ဦးဆောင်ပါဝင်သူ ဦးမိုးဇော်ဦး ကပြောသည်။

သို့သော် ဧပြီလ ၂၉ ရက်နေ့က မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ရေးမြို့ကို ဒုတိယအကြိမ်အဖြစ် ရောက်ရှိလာသည့်အတွက် ရေလုပ်ငန်းရှင်အဖွဲ့က သွားရောက်တွေ့ဆုံကာ လှေဒေါက်ကျင်းမြေနေရာကို နှုတ်မိန့်ဖြင့် မပြောဆိုဘဲ စာဖြင့် ထုတ်ပေးရန်တောင်းဆိုခဲ့သော်လည်း ဆောင်ရွက်ပေးခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

အဆိုပါမြေနေရာက မြေလွတ်မြေရိုင်းဖြစ်သည့်အတွက် ဝင်ရောက်ကျူးကျော်နေသူ ဦးဇော်မိုးဦး ဆိုသူအား မြေစာရင်းဦးစီးဌာနက (၂၀၁၂) မြေလွတ်မြေရိုင်းဥပဒေဖြင့် လွန်ခဲ့သော သုံးပတ်ခန့်က ရဲစခန်းတွင် အမှုဖွင့်ပြီး တရားစွဲဆိုထားပြီဖြစ်သည့်အပြင် နောက်ထပ်ကျူးကျော်ထားသူ ဒေါ်ခင်ရွှေ ဆိုသူကိုလည်း မြေလွတ်မြေရိုင်းအတွင်း ကျူးနေသည့်အတွက်ကြောင့် ဇွန်လ (၄) ရက်နေ့က အမှုဖွင့်ထားပါကြောင်း ရေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ပြောသည်။

“ကျွန်တော်တို့က လက်ရှိမှာ အဲ့ဒီမြေနေရာက မြေလွတ်မြေရိုင်းဖြစ်တဲ့အတွက် ကျူးကျော်သူတွေကို အရင်ဖယ်ရှား ရေးလုပ်ဆောင်နေပါတယ်။ ပြီးရင်တော့ ကျေးရွာပိုင်မြေအဖြစ် သတ်မှတ်နိုင်ရေးအတွက် တင်ပြပေးသွားမှာပါ” ဟု ဦးကံဝင်း က ဆက်လက်ပြောသည်။

ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာ၊၊ ဘတ်တောရပ်ရှိ လှေဒေါက်ကျင်းမြေနေရာအား အမြန်ဆုံးဖေါ်ထုတ်ဆောင် ရွက်ပေးနိုင်ရေးဆန္ဒထုတ်ဖေါ်ပွဲအား ရေးမြို့ဘူတာရုံလမ်းဆုံမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း ရေးမြို့ပြည်သူ့ရင်ပြင်အထိ “ကျေးရွာပိုင်လှေဒေါက်ကျင်း အမြန်ဖေါ်ဆောင်ပေးရေး … ဒို့အရေး” ၊ “ကျူးကျော်သူများအမြန်ဖယ်ရှာပေးရေး … ဒို့အရေး” စသည့်ကြွေးကြော်သံများ ကြွေးကြော်ကာ စီတန်းလှည့်လည်ကြပြီး၊ ရေးမြို့ပြည်သူ့ရင်ပြင်၌ ဟောပြောပွဲပြုလုပ်ခဲ့ကာ နံနက် (၁၀) နာရီအချိန်ခန့်တွင် ဆန္ဒဖေါ်ထုတ်ပွဲအား ရုတ်သိမ်းခဲ့ကြသည်။

အောင်မြတ်

Leave a Reply