Advertisements

အတန်ဆုံးစျေးနဲ့ ရနိုင်တော့မယ့် ၁၂.၉ လက်မ iPad Pro

မကြာသေးမီကပဲ အမေရိကန်နိုင်ငံရဲ့ အကြီးမားဆုံး စျေးကွက်တွေဖြစ်တဲ့ Amazon နဲ့ Walmart မှာ iPad Pro ကို စျေးသက်သက်သာသာနဲ့  ရောင်းချနေပြီဖြစ်ကြောင်း companies တွေကကြေညာခဲ့ပါတယ်။

iPad Pro (12.9-inches, 64GB, Wifi) ကို ကန်ဒေါ်လာ ၈၂၄.၉၉ ထိ စျေးချပြီး ရောင်းချခဲ့ပါတယ်။ ပုံမှန် စျေးနှုန်းက ကန်ဒေါ်လာ ၉၉၉ ရှိပေမယ့် အခုရနိုင်တဲ့ စျေးနှုန်းကတော့ ခါတိုင်းထက်ကို ဒေါ်လာ ၁၅၀ သက်သာနေပါတယ်။

သို့ပေမယ့် iPad Pro ဝယ်မယ့်လူတွေအတွက်က ရွေးချယ်စရာခက်နေပါတယ်။ အကြောင်းရင်းကတော့ iPad Pro (11-inches, 256GB) ကလည်း ကန်ဒေါ်လာ ၈၂၄.၉၉ နဲ့ စျေးနှုန်းတူရောင်းချလို့ ဖြစ်ပါတယ်။ Screen မျက်နှာပြင်ကြီးတာကို ကြိုက်တဲ့သူတွေအတွက်တော့ ၁၂.၉ လက်မက အဆင်ပြေပြီး Storage များတာကို ကြိုက်တဲ့သူအတွက်တော့ ၁၁ လက်မ iPad Pro က သင့်တော်ပါတယ်။

iPad Pro နှစ်မျိုးစလုံးမှာ iPad OS အသစ်ရရှိမှာဖြစ်ပြီး flash drive မှ တစ်ဆင့် media transfer လုပ်လို့ရမှာ ဖြစ်ပါတယ်။ iPad Pro က လက်ရှိ Tablet ထဲမှာ အကောင်းဆုံးဖြစ်ပြီး sensitivity နဲ့ Touch screen ထဲမှာလည်း ဘယ်သူမှ မယှဉ်နိုင်သေးပါဘူး။

Advertisements

Graphic Designer, Illustrator နဲ့ developers တွေ မရှိမဖြစ်လိုအပ်တဲ့ Tablet တစ်ခုဆိုလည်း မမှားပါဘူး။ iPad Pro တစ်လုံးပိုင်ဆိုင်ရခြင်းက သာမန်ကွန်ပျူတာတစ်လုံး ပိုင်ဆိုင်ရတာထက် ပိုသာလွန်ပြီး Photoshop ကဲ့သို့ software တွေကိုလည်း iPad pro မှာ အသုံးပြုနိုင်ပါတယ်။ ဒီလိုအချက်တွေကြောင့် လက်ရှိ Tablet စျေးကွက်မှာ iPad Pro က ဝယ်ယူအားများနေပြီး စျေးအကြီးဆုံး ဖြစ်နေရခြင်း ဖြစ်ပါတယ်။

 

Advertisements

Leave a Reply