ရာသီတုပ်ကွေးများကို အထူးသတိပြုရမည့်အချိန်

412

ရာသီတုပ်ကွေးရောဂါ H1 N1ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၅ ဦးထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

ဇွန်လအတွင်း H1 N1 ရောဂါ ခံစားနေရသူ ၁ဝ ဦးထိရှိပြီး သေဆုံးသူ ဦး ၅ရှိကာ ရန်ကုန်တိုင်းက ၄ ဦး၊ စစ်ကိုင်းတိုင်းမှ ၆ လအရွယ် ကလေးငယ် ၁ဦးပါ ဝင်နေကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာန ကဆိုသည်။

မွန်ပြည်နယ်၊ ဘီလင်းမြို့နယ် တွင်လည်း တစ်နှစ်ကျော် အရွယ် ရှိကလေးငယ်တစ်ဦး H1 N1 ရောဂါ ခံစားနေကြောင်း သံသယရှိ သဖြင့် ရန်ကင်းကလေးဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနကြောင်း မွန်ပြည်နယ် ကျန်မားရေး ဌာများ ၏ အဆိုအရ သိရသည်။

အသက်ရှုလမ်းကြောင်း မှတဆင့် ကူးစက်ခံရသော ဝက်တုပ်ကွေး (ခ) ရာသီတုပ်ကွေး H1 N1 ရောဂါ ကူးစက်မှု များ မှာ တနေ့ထက်တနေ့ များပြားလာသည်ကို တွေ့မြင်လာရသည်။

ထို့ အပြင် မွန်ပြည်နယ် အတွင်း လည်း ခြင်ကိုက်ခြင်းကြောင့် ကူးစက်ခံနိုင်သော ဆင်တုပ်ကွေး Chikungunya ရောဂါ ဖြစ်ပွားနေသည် ဟု သံယရှိသူများ တွေ့ရှိကြောင်း ပြည်နယ်ကျန်းမာရေး ဦးစီးဌာမှသိရသည်။ ယခုမိုးရာသီ သည် ကလေးငယ် များ စိုးရိမ်ရသည့် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားရာ အချိန် လည်း ဖြစ်နေပြန်သည်။

မည်သို့ဆိုစေ မိုးရာသီ အတွင်းတွင် အသက်ရှုလမ်းကြောင်း မှတဆင့် ကူးစက် ပြီး အသက်အန္တရယ် စိုးရိမ်ရသည် အထိ ဝေဒနာခံစားရနိုင်သော ရာသီတုပ်ကွေးရောဂါ H1 N1 ရောဂါ နှင့် ခြင် မှတဆင့်ကူးစက်သော ဆင်တုပ်ကွေး Chikungunya ၊ သွေးလွန်တုပ်ကွေး ရောဂါ များ သည်ကား ပြည်သူလူထု အတွက် အထူးစိုးရိမ်ရမည် အနေထားသို့ရောက်ရှိလာသည်။

ထို့ကြောင့် သက်ဆိုင်ကျန်းမာရေး ဌာန များ အနေနှင့် ရာသီတုပ်ကွေးများ နှင့် ပတ်သက်သည့် သတင်းအချက်များကို ပြည်သူများ လက်လှမ်းမီနိုင်စေရေး အမြန်ဆုံးထုတ်ပြန်ပေးဖို့ လိုအပ်သလို ပညာ ပေးလုပ်ငန်းများ လည်း အရေးတကြီးဆောင်ရွက်ရမည့် အချိန်ဖြစ်သည်။

ပြည်သူလူထုအနေနှင့်လည်း ထိုတုပ်ကွေး အန္တရယ် ကျရောက်မှု မှ ကြိုတင်ကာကွယ်နိုင်ရန် ခြင်နှိမ်နင်းရေး ကိစ္စ များ အသက်ရှုလမ်းကြောင်း ဆင့် ဖြစ်ပွား နိုင်သော ရောဂါ အန္တရယ်များ မှကာကွယ် ရန် အတွက် လည်း သတိချပ်ရန်လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါသည်။

အယ်ဒီတာ (၂၂. ၆. ၂၀၁၉)

Advertisements

Leave a Reply