မွန်နှစ်ပါတီကို ဖျက်သိမ်းပြီး မွန်ညီညွတ်ရေးပါတီတည်ထောင်ခွင့်ပြု

311

မော်လမြိုင်၊ ဇူလိုင် ၁၁

ယခင်မွန်ပါတီ နှစ်ခုဖြစ်သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီနှင့် မွန်အမျိုးသားပါတီ တို့ကို ဖျက်သိမ်းပြီး မွန် ညီညွတ်ရေးပါတီ ကို နိုင်ငံရေးပါတီတည်ဆောင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က ကြေညာလိုက်သည်။

မွန်ညီညွှတ်ရေးပါတီ MUPကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ကို ဇူလှိုင်လ ၁၁ရက်နေ့ကခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး မှတ်ပုံတင်အမှတ် ၁၁၇ဖြင့် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း မွန်ညီညွှတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယီတမက ကပြောကြားသည်။

“ပါတီမှတ်တင်ပုံတင်ကျလာပြီဆိုတော့ အဆင့်ဆင့်ပေါ့ ပါတီကော်မတီရုံးတွေ ဖွဲ့ရမယ် ပါတီဆိုင်းဘုတ် တွေတင်ရမယ်။ အဲ့ဒါကို အဓိကလုပ်ရမှာပေါ့ ပြီးမှ တခြားလုပ်ငန်းစဉ်တွေ လုပ်စရာရှိတာတွေ ဆက်လုပ်သွားမှာပေါ့။” နိုင်လယီတမက ဆိုသည်။

မွန်ညီညွှတ်ရေး ပါတီရုံးများကို မြို့နယ် ၁၉ မြို့နယ်တွင် ရုံးများဖွင့်လှစ်သွားမှာဖြစ်ပြီး ဗဟိုဌာနချုပ်ကို မော်လမြိုင် မြို့တွင်ထားရှိသွားမည်ဖြစ်ကြောင်း ၎င်း ကဆိုသည်။

“မော်လမြိုင် မြို့နယ်မှက ဗဟိုဌာနချုပ်ရုံးပေါ့ ၁၉ မြို့နယ်မှာ ရုံးဖွင့်သွားမယ် ပါတီဆိုင်းဘုတ်တွေတင်သွားမယ်” ဟု နိုင်လယီတမ ကပြောကြားသည်။

၂၀၁၉ခုနှစ် မေလ၁၇ရက်နေ့တွင် နှစ်ပါတီပေါင်းစည်း တည်ထောင်ခွင့်ကို ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်က ခွင့်ပြုခဲ့ပြီး မေလ ၂၃ရက်နေ့တွင် မွန်ညီညွှတ်ရေးပါတီ နာမည်ဖြင့် မှတ်ပုံတင်ခွင့် လျှောက်ထား ခဲ့ခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်က ၈ရက်နေ့ကလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မွန်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှ ပါဝင်သူများ တွေ့ဆုံပွဲတွင်လည်း မွန်ညီညွှတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် နိုင်စံလှိုင်က မွန်ညီညွှတ်ရေးပါတီကို မှတ်ပုံတင် အမြန်ဆောင်ရွက်ပေးရန် တင်ပြတောင်းဆိုခဲ့သည်။

မွန်ညီညွှတ်ရေးပါတီကို မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ရာမညအင်အားစုနှင့် မွန်အရပ်ဘက်အဖွဲ့အစည်းများဖြင့် ပါဝင်ဖွဲ့စည်းထားကြောင်းခြင်းလည်း ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှင့် မွန်အမျိုးသားပါတီ ဇူလိုင်လ ၁၁ ရက်နေ့ စတင်ဖျက်သိမ်းကြောင်းကြေညာလိုက်သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင်ပါတီမှတ်ပုံတင်ကာ ရွေးကောက်ပွဲဝင်ခဲ့ပြီး မွန်အမျိုးသားပါတီ ကို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မှီ ပါတီမှတ်ပုံတင်ခဲ့ပြီး ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည်။

ရန်လင်းအောင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်