တီဘီရောဂါ ကွင်းဆင်းရှာဖွေရေး အစီစဉ်ပြုလုပ်

143

မော်လမြိုင်၊ ဇူလိုင် ၁၁

ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် အိုင်အိုအမ်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော တီဘီရောဂါ ကွင်းဆင်းရှာဖွေရေးအစီစဉ်ကို ဇူလိုင်လ ၁၁ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ မိုးလုံလေလုံအားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။

“တီဘီရောဂါက အရမ်းအဖြစ်များတာဆိုတော့လေ၊ တီဘီရောဂါကို အချိန်မှီကုသလို့ရအောင်ပေါ့ အဲ့လိုပဲလှည့်ပြီးတော့ အခမဲ့လုပ်ပေးတာပေါ့”ဟု လာရာက်ကုသပေးသည့် အိုင်အိုအမ်အဖွဲ့မှ တာဝန်ရှိသူ ဒေါက်တာဆုမွန်သိမ်းကပြောသည်။
လာရောက်ပြသသူများအတွက် ဓာတ်မှန်ရိုက်ပေးခြင်း၊ သွေးစစ်ပေးခြင်း၊ ဆေးပေးခြင်း စသဖြင့် အခမဲ့ပြုလုပ်ပေးနေကြောင်း ၎င်းကပြောသည်။

အဆိုပါရောဂါရှိမရှိကို ပြင်ပတွင်သွားရောက်စစ်စေးပါက ငွေကုန်များမည်ဖြစ်ပြီး ယခုလိုအခမဲ့ လာရောက်စစ်စေးပေးသည့်အတွက် အခြေခံလူတန်းစားများအတွက် ကောင်းမွန်ကြောင်း အဆိုပါရက်ကွက် ဒေသခံ ဦးခင်ဦးကပြောသည်။

“လုပ်ပေးတုံးလေးစစ်ထားတာကကောင်းတာပေါ့၊ အပြင်မှာသွားစစ်ရင် ပိုက်ဆံအများကြီးကုန်မှာလေ၊ အလကားစစ်ပေးတယ်ဆိုတော့ အဆင်ပြေတာပေါ့၊ ပိုက်ဆံမတက်နိုင်တဲ့သူတွေအတွက်လည်း အဆင်ပြေတာပေါ့”ဟု ၎င်းကပြောသည်။

တီဘီရောဂါဖြစ်ပွားနိုင်ခြေရှိသော လက္ခဏာများမှာ ၂ ပတ်ကျော်ချောင်းဆိုးခြင်း၊ ကျော/ရင်အောင့်ခြင်း၊ သလိပ်ထွက်ခြင်း/ချောင်းဆိုးသွေးပါခြင်း၊ အစားအသောက်ပျက်ခြင်း၊ မောပန်းလွယ်ခြင်း၊ တစ်ဖြေးဖြေးပိန်လာခြင်း၊ ညဖက်ချွေးစေးထွက်ခြင်း စသဖြင့် ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

တီဘီရောကာကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးခြင်း၊ ချောင်းဆိုးသည့်အခါ လက်ကိုင်ပဝါ အုပ်၍ဆိုးခြင်း၊ မိမိတံထွေးကို နေရာတကာမထွေးပဲ အဖုံးရှိသော ခွက်များတွင်ထွေး၍ လေဝင်လေထွက်ကောင်းသော အခန်းတွင်နေထိုင်ခြင်း၊ စသဖြင့်ကာကွယ်သင့်ကြောင်းနှင့် တီးဘီရောဂါရှိသူနှင့် ဆက်ဆံမှုရှိနေကြသော ကလေးများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ရောဂါကူနိုင်ရန် ပိုအန္တရာယ်ရှိ၍ အထူးသတိရှိရန်လိုအပ်ကြောင်းကျန်းမာရေးဦးစီးဌာန ထံမှသိရှိရသည်။

လျှမ်းထက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်