Advertisements

မော်လမြိုင်တက္ကသိုလ် ကျောင်းပြင်ပဆောင်တွင်နေထိုင်သော ကျောင်းသားများလုယက်ခံရမှုများရှိနေ

မော်လမြိုင် ၊ ဇူလိုင် ၁၂

မော်လမြိုင်တက္ကသိုလ်တွင် ပညာသင်ကြားနေပြီး ကျောင်းပြင်ဆောင်တွင်နေထိုင်သော ကျောင်းသူ/ ကျောင်းသား များ အနေနှင့် လုယက်ခံရမှုများ ကြုံတွေ့နေရပြီး လုံခြုံရေးအရ အားနည်းနေကြောင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကိုမင်းသံစဉ်ဦး ကပြောကြားသည်။

ဇူလှိုင်လ ၁၂ရက်နေ့က မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် မော်လမြိုင်တက္ကသိုလ် ပါမောက္ခ၊ဌာနမှူးများ ကျောင်းသားသမဂ္ဂများ တွေ့ဆုံပွဲအပြီးတွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖြစ်ပွားမှုတွေက တက္ကသိုလ် ပရဝုဏ်အတွင်းမှာ တက္ကသိုလ်ကျောင်းသားကျောင်းသူများ ဖြစ်သွားခဲ့ခြင်း ဖြစ်သည့်အတွက် လုံခြုံရေးတိုးမြင့်ပေးရန် တောင်းဆိုခဲ့သည်ဟု ကိုမင်းသံစဉ်ဦးက ဆိုသည်။

Advertisements

“အတွင်းဆောင်မှာ ပြသနာမရှိပေမဲ့ အပြင်မှာနေတဲ့ မိန်းကလေးတွေအနေနဲ့ ဆွဲကြိုးလုခံရတာတွေ၊ ဖုန်းလုခံရ တာတွေ ခက်တာက ဖြစ်သွားတာက ဝေးဝေးလံလံမှာမဟုတ်ဘူး။ ကမ်းနားလမ်းတို့မှာ မဟုတ်ဘူး။ လုံခြုံရေးတိုးမြင့်ပေးဖို့ လုံခြုံအမြဲတမ်းမထားနိုင်ဘူးဆိုရင်တောင် အမြဲတမ်း လုံခြုံရေး ရဲဖြစ်ဖြစ် ဖြတ်သွားဖြတ်လာလေး လုပ်ပေးဖို့ တောင်းဆိုတာပါ။ “ ဟု ၎င်းကဆိုသည်။

လုံခြုံရေးနှင့်ပတ်သတ်ပြီး မေးမြန်းရာတွင် အစိုးရဘက်မှ တစ်စုံတစ်ရာဖြေကြားခဲ့ခြင်း မရှိကြောင်းလည်း ကိုမင်းသံစဉ်ဦးက ဆိုသည်။

“လုံခြုံရေးနှင့်ပတ်သတ်ပြီးတော့ ဘာမှတော့ ပြောမသွားဘူး အဓိကမေးချင်တာက နယ်စပ်ရေးရာဝန်ကြီး ပေါ့လေ သူကအဲ့အပိုင်းဆိုတော့ ကျွန်တော်မေးတော့ အဲ့အပိုင်းနဲ့ Replyပြန်မသွားဘူး” ဟု ၎င်းကပြောသည်။

၂၀၁၈ – ၂၀၁၉ပညာသင်နှစ်တွင် ပထမနှစ်ဝင်ခွင့်စာရင်း ၅၆၄၅ဦးတွင် အတွင်းဆောင်တွင်နေထိုင်ခွင့်ရသူ ၄၇၅သာရှိသည့်အတွက် အခြေခံအဆောက်အဦများ လိုအပ်နေသေးသည်ဟု ကိုမင်းသံစဉ်သီးက ထပ်လောင်းပြောဆိုသည်။

လုယက်မှှုဖြစ်စဉ်များ ကို ၂၀၁၉ ခုနှစ် ၁လပိုင်းမှ ယနေ့အထိ ၅ ခုထက်မက မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂထံ အကြောင်းကြားစာ အကူအညီတောင်းထံမှုများ လက်ခံရရှိထား မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ သိရသည်။

မော်လမြိုင်တက္ကသိုလ်အတွင်းရှိ ကျောင်းသား ကျောင်းသူများနှင့် ဆရာ/မ ၏လိုအပ်ချက်များနှင့်ပတ်သတ်ပြီး ပြည်နယ် အစိုးရအနေဖြင့် မည်သို့ ကူညီပေးရမည်ကို လာရောက်ဆွေးနွေးခြင်းဖြစ်သည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ယခုလက်ရှိ မွန်ပြည်နယ်အစိုးရအနေဖြင့် တာဝန်ယူထားသော သက်တမ်းတစ်လျှောက် ယခုကဲ့သို့ဆွေးနွေး​ေတွ့ဆုံမှုသည် ပထမဦးဆုံးအကြိမ်ဖြစ်သည်ဟု ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းသံစဉ်ဦးက ဆိုသည်။

ဆွေးနွေးပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ဒေါက်တာအေးဇံနှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ မော်လမြိုင် တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဌာနမှူးများ မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂနှင့် မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ တက်ရောက်ခဲ့ခြင်းလည်းဖြစ်သည်။

ရန်လင်းအောင်

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်