လမ်းမီးတိုင်ပေါ်တွင် တပ်ဆင်ထားသော လျှပ်စစ်မီတာများ တိုင်အောက်ပြန်ရွေ့မည်

မော်လမြိုင်၊ ဇူလိုင် ၁၂

ပြည်ထောင်စုလျှပ်စစ်ဝန်ကြီးဌာနမှ မွန်ပြည်နယ်အတွင်းရှိ လမ်းမီးတိုင်များ တပ်ဆင်ထားသော လျှပ်စစ်မီတာများ ကို သုံးစွဲများ မြင်သာစေရန် တိုင်အောက်သို့ ပြန်ရွေ့ရန်ညွန်ကြားထားကြောင်း မွန်ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာမှူး ဦးဝင်းဘို ထံမှသိရသည်။

မီတာ သုံးစွဲသူများအားသုံစွဲသူ ကိုယ်တိုင်မြင်တွေ့ဖတ်ရှုနိုင်ရန် ဇူလိုင်လ ၅ ရက်နေ့ကတည်းက တိုင်များ ပြန်ရွေ့ ရန် ညွန်ကြားထားကြောင်း ၎င်း ကဆိုသည်။

“ယခုလက်ရှိတော့ တိုင်းနဲ့ပြည်နယ်အားလုံး တစ်ပြေးညီဆောင်ရွက်နိုင်ရေးအတွက် စတင်လုပ်ဆောင် မည့်စီမံချက်များရေးဆွဲလျက်ရှိတယ်”ဟု ၎င်း ကရှင်းပြသည်။.

Advertisements

မီတာပြောင်းရွှေ့ခြင်းအတွတ် လျှပ်စစ်ဝန်ကြီးဌာနမှ ကုန်ကျမည့်မရိတ်များအား ကျခံသွားမည်ဖြစ်ကြောင်း သိရသည်။
မော်လမြိုင်မြို့နယ်တွင် မီတာအလုံးပေါင်း၁၁၅၆၁ လုံးရှိကြောင်း လျှပ်စစ်ဝန်ကြီးဌာန ထံမှသိရှိရသည်။

ယခုစီမံချက်အပြင် နှစ်စဉ်မွန်ပြည်နယ်လျှစ်ကဏ္ဍာတိုးတတ်ရေးအတွတ် ဘဏ္ဍာနှစ်အလိုက် System Improvementနှင့်System Developmentလုပ်ငန်းများဆောင်ရွတ်နေကြောင်းသိရသည်။

စိုင်းထွန်းစံ

Advertisements

Leave a Reply