မအောင်မြင်တဲ့ နိုင်ငံ

Failed State Index လို့ခေါ်တဲ့ မအောင်မြင်တဲ့နိုင်ငံများကို လေ့လာထားတဲ့ နှစ်စဉ် ထုတ်ပြန်မြဲ ဆန်းစစ်ချက်တစ်ခု ဇွန်လအကုန်မှာ ထွက်လာပါတယ်။

မအောင်မြင်တဲ့နိုင်ငံဆိုတာ ဘယ်လိုနိုင်ငံမျိုးလဲ

ငြိမ်းချမ်းရေးအတွက် ရံပုံငွေ ( The Fund for Peace) လို့ အမည်တွင်တဲ့ အဖွဲ့ကြီးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ နိုင်ငံတစ်ခုဟာ အကြမ်းအားဖြင့်
– ကိုယ့်နယ်မြေအားလုံးကို ကိုယ့်အချုပ်အခြာအာဏာအောက်မှာ မထိန်းထားနိုင်တော့ဘူးဆိုရင်
– ဒါမှမဟုတ် နယ်မြေအားလုံးမှာ တရားဥပဒေစိုးမိုးမှုမရှိရင်
– အစိုးရအနေနဲ့ အဖွဲ့ဝင်အားလုံးသဘောတူညီတဲ့ ဆုံးဖြတ်ချက်မျိုး တွေကိုတညီတညွတ် မချနိုင်တော့ဘူးဆိုရင်
– အစိုးရအနေနဲ့ပြည်သူတွေကို ပေးသင့်ပေးထိုက်တဲ့ဝန်ဆောင်မှု တွေပေးဖို့တောင် မစွမ်းဆောင်နိုင်တော့ဘူး ဆိုရင်
– နိုင်ငံတကာအသိုင်းအဝိုင်းရဲ့အဖွဲ့ဝင် တစ်ဦးအဖြစ် တခြားနိုင်ငံ တွေနဲ့ဆက်ဆံရေးမှာ ဆောင်ရွက်ပေးရမယ့် ဝတ္တရားတွေကို မဆောင်ရွက်နိုင်တော့ဘူးဆိုရင် မအောင်မြင်တဲ့ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ပါတယ်။

နိုင်ငံတစ်ခုကိုကျရှုံးနေတဲ့နိုင်ငံလို့ခေါ်ဖို့ အနည်းဆုံး ကဏ္ဍ ၁၂ ခုမှာမအောင်မြင်တာတွေရှိသလားဆိုတာ ဆန်းစစ် ရတယ်လို့ Failed State Index ကိုနှစ်တိုင်းထုတ်ပြန်နေတဲ့ ငြိမ်းချမ်းရေးအတွက်ရံပုံငွေ ( The Fund for Peace) ဆိုတဲ့အဖွဲ့ကြီးကဆိုပါတယ်။

ဒီအဖွဲ့ကြီးကနိုင်ငံပေါင်း ၅၀ ကျော်မှာ စီမံချက်တွေ ဆောင်ရွက်တဲ့ အကျိူးအမြတ်အတွက် မဟုတ်တဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ မအောင်မြင်တဲ့နိုင်ငံများ စာရင်းကို ဆိုးကောင်းအစဉ်အတိုင်း နှစ်စဉ်ဖာ်ပြလာခဲ့တာ ၂၀၁၉ ခုနှစ်မှာ ၁၅ နှစ်တင်းတင်းပြည့်မြောက်ခဲ့ပါပြီ။

မြန်မာနိုင်ငံဟာလွန်ခဲ့တဲ့၁၅ နှစ်အတွင်း မအောင်မြင်ဆုံးနိုင်ငံတွေစာရင်းမှာ ထိပ်ဆုံးနံပါတ် ၃၀ အတွင်းအမြဲကျ ရောက်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ရဲ့ မအောင်မြင်ဆုံးနိုင်ငံတွေစာရင်းမှာ တော့ အဆင့် ၂၂ ချိတ်ခဲ့ပြီး ၂၀၁၇ ခုနှစ် နဲ့ ၂၀၁၈ ခုနှစ်တွေက နံပါတ်စဉ်အတိုင်း ရှိနေခဲ့ပါတယ်။

ဘယ်လိုအချက်အလက်တွေကို ကြည့်ပြီး မအောင်မြင်မှုကို တိုင်းတာသလဲ

၁။

တိုင်းပြည်တစ်ခုဟာနိုင်ငံသားတွေကို သဘာဝဘေးအန္တရယ်အမျိုးမျိုးနဲ့ ရောဂါဆိုးတွေကနေ ကာကွယ်ပေး နိုင်ခြင်းရှိမရှိ၊သို့မဟုတ်ကာကွယ်ပေးလိုခြင်းရှိမရှိကိုသုံးသပ်တယ်။အထူးသဖြင့် သဘာဝကပ်ဘေး၊ ရောဂါဖြစ်ပွားမှု၊သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ပတ်ဝန်းကျင် ညစ်ညမ်းမှုများ၊ အစားရေစာခေါင်း ပါးမှုများ၊အာဟာရမပြည့်ဝမှု၊ ရေရှားပါးမှု၊ လူဦးရေကိုသင့်တင့် အောင်မစီမံနိုင်မှု၊ အလုပ်လုပ်နိုင်သူလူငယ် တိုးလာခြင်းကိုကောင်းမွန်စွာမစီမံနိုင်မှု၊တိုင်းသူပြည်သားတို့၏စာရိတ္တကိုကောင်းမွန်အောင်မစောင့်ရှောက်နိုင်မှု

၂။

ဒုက္ခသည်များရှိမရှိကိုစစ်ဆေးရာမှာအိုးအိမ်ပစ်ခွာထွက်ပြေးရသူတွေရှိမရှိအိုးအိမ်ပစ်ခွာထွက်ပြေးရ လို့ဖြစ်ပွားတဲ့ရောဂါတွေရှိမရှိဒုက္ခသည်စခန်းတွေရှိမရှိတစ်နိုင်ငံလုံးလူဦးရေပမာဏ နဲ့ အိုးအိမ်ပစ်ခွာ ထွက်ပြေးရသူတွေအချိုးအစားတစ်နိုင်ငံလုံးလူဦးရေပမာဏ နဲ့ ဒုက္ခသည်အချိုးအစားဒုက္ခသည် ကို ဘယ်လောက်စောင့်ရှောက်နိုင်တယ်ဆိုတဲ့အတိုင်းအတာအစရှိတာတွေကိုသုံးသပ်တယ်။

၃။

နိုင်ငံသားအုပ်စုတစ်ခုနှင့်တစ်ခုကြား တင်းမာမှုများနှင့်အကြမ်းဖက်မှုများရှိမရှိ၊ ထိုအခြေအနေတွင် အစိုးရသည် ပြည်သူများကိုလုံခြုံမှုပေးနိုင်ခြင်းရှိမရှိ၊ ထိုသို့မလုံခြုံမှုကြောင့်ကြောက်စိတ်များပိုတိုး လာပြီးအကြမ်းဖက်မှု များပိုမိုဖြစ်ပွားလာခြင်းရှိမရှိ ကို လေ့လာတယ်။

အနှီတိုင်းပြည်တွင်အုပ်စုတစ်ခုကတစ်ခုကို ခွဲခြားဆက်ဆံမှုရှိပါသလား၊ မိမိကိုယ်ကို မကာကွယ်နိုင်လောက်အောင် အင်အားမဲ့သူများ ရှိပါသလား၊ လူမျိုးစုအချင်းချင်းကြား ဖြစ်ပွားသော အကြမ်းဖက်မှုများရှိပါသလား။

ရပ်ရွာထဲတွင်အချင်းချင်းတိုက်ခိုက်ကြခြင်းရှိပါသလား။ဂိုဏ်းဂဏမတူသူများတစ်စုကိုတစ်စုတိုက်ခိုက်မှုရှိပါသလား။ ဘာသာမတူသူများ တစ်စုကိုတစ်စုတိုက်ခိုက်မှုရှိပါသလား။ပြည်သူများတိုင်းပြည်မှထွက်ပြေးမှုနှင့် ဦးနှောက်များယိုစီးမှုကို စစ်ကြောပါတယ်။ ပဋိပက္ခဖြစ်တဲ့နေရာ မှာ ဆင်းရဲတဲ့နေရာမှာလူတွေမနေချင်ကြပါဘူး။ အမြန်ဆုံးရွှေ့ပြောင်းကြသူတွေဟာ အားလုံးထဲမှာပိုပြီးတတ်နိုင်သူ တွေဖြစ်ကြပါတယ်။

ဒီတော့ Failed State ဟုတ်မဟုတ်သိဖို့ တစ်နိုင်ငံလုံးလူဦးရေနဲ့နှိုင်းရင် ရွှေ့ပြောင်းလုပ်သားအရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာပြည်တွင်းမှာ ဦးနှောက်အင်အားဘယ်လောက် ကျန်ရစ်တယ်ဆိုတာ ပညာတတ်တွေဘယ်လောက်တိုင်းပြည်ထဲကထွက်သွားတယ်ဆိုတာတွေကို စောင့်ကြည့်ကြပါတယ်။

+++

Leave a Reply