ယခုဘဏ္ဍာနှစ်တွင် ကျေးလက်လမ်းများအတွက် အဓိက ဦးစားပေး သုံးစွဲမည်

ထားဝယ် ဇူလိုင်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးအတွက် ဘဏ္ဍာငွေများ အဓိကထား သုံးစွဲမည်ဖြစ်ကြောင်း အဆိုပါ တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနထံမှ သိရသည်။

ယင်းလမ်းအပိုင်းတွင် ကျေးလက်လမ်းအပိုင်းကို အဓိက ဦးစားပေး သုံးစွဲသွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီ တာဝန်ရှိသူများက ဆိုသည်။

“ကျေးလက်လမ်းကို ဦးစားပေးမယ်”ဟု အထက်ပါဌာန ညွှန်ကြားရေးမှူး ဦးနေလင်းထက်က ဆိုသည်။

တိုင်းဒေသကြီးဘတ်ဂျက်၏ ၇၅ ရာခိုင်နှုန်းခန့်ကို တိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် သုံးစွဲသွားမည်ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုလမ်း၊ မြို့ပြလမ်း၊ ကျေးလက်လမ်းတို့ရှိသည်အနက် အဆိုပါဘတ်ဂျက်ဖြင့် ကျေးလက်လမ်းဦး စီးဌာန၏ ကျေးလက်လမ်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နယ်စပ် လမ်း၊ လမ်းဦးစီးဌာန၏ပြည်ထောင်စုလမ်းတို့ကိုဆောင်ရွက်မည်ဟု သိရသည်။

ကျေးလက်ဒေသတွင်လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင်လုပ်ဆောင်ရန်လိုအပ်လျက်ရှိ၍ မြို့ပြထက် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစားပေးလုပ်မည် ဆိုသည့်အတွက်ဝမ်းသာကြောင်း၊ တကယ်လိုအပ်သည့့်နေ ရာကိုထိထိရောက်ရောက်လုပ်ပေးနိုင်ရန်အတွက်စစ်တမ်းများကောက်ပြီးလုပ်မည်ဆိုလျှင်ကောင်းမည်ဖြစ် ကြောင်း ၈၈မျိုးဆက်ကျောင်းသား(မြိတ်) ဦးအောင်နိုင်ဦးက ဆိုသည်။

“ ကျေးလက်လမ်းကို ဦးစားပေးပြီးလုပ်မယ်ဆိုရင် တကယ် ခက်ခဲတဲ့နေရာတွေကိုဦးစားပေးပြီးလုပ်စေ ချင်တယ်“ဟု ဦးအောင်နိုင်ဦးက ထောက်ပြသည်။

ယခင်အစိုးရလက်ထက်မှစ၍ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် တိုင်းအတွင်း ပြည်ထောင်စုလမ်းနှင့်ကျေးလက် လမ်းများကောင်းမွန်စေရေးအတွက် ဆောင် ရွက်လာခဲ့သော်လည်း ကျေးလက်ဒေသတွင် လမ်းပန်းဆက် သွယ်ရေးကောင်းမွန်လာစေရန်အတွက် လိုအပ်ချက်မှာ မြင့်မားနေဆဲဖြစ်သည်။

ယင်းဘဏ္ဍာရေးနှစ်တွင် လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျေးလက်ဒေသနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးက ဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ဝန်ထမ်းများနေထိုင်ရေးအတွက်အိမ်ရာလိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေး၊မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊မွေး မြူရေးနှင့်ရေလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ သောက်သုံးရေရရှိရေး၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ဆလုံလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ၁၇၃ဘီလီခန့်သုံးစွဲမည်ဟု သိရသည်။

ထို့အပြင် အဆိုပါဘဏ္ဍာနှစ်တွင် ဆောက်လုပ်ဆဲ တနင်္သာရီတံတား၊သမုတ်-လွတ်လွတ်တံတားနှင့် ပုလုံးတုံတုံးတံတားတို့ကို အပြီးအစီး တည်ဆောက်သွားမည်ဟု တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွန် ကြားရေးမှူးထံမှ သိရသည်။

တင့်လွင်

Leave a Reply