Advertisements

မြိတ်တွင်စုပုံထားသော အရန်ဆန်ဖြန့်ဝေ

ထားဝယ်၊ သြဂုတ် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း ရေဘေးသင့်သူများကို မြိတ်မြို့တွင်စုပုံထားသော အရန်ဆန် များအား ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း သြဂုတ်လ ၁၃ရက်နေ့က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ညွန် ကြားရေးမှူး ဦးမိုးဇော်လတ်က ပြောကြားသည်။

“ မြိတ်မှာပုံထားတာကျတော့ ပုလောဆိုရင် သယ်ဖို့ကပ်နေတယ်ဆိုရင် ဝေပေးလိုက်တယ်”ဟု ဦးမိုးဇော် လတ် က ဆိုသည်။
မြိတ်၊ တနင်္သာရီ၊ ပုလော၊ ကျွန်စုမြို့နယ်များမှရေဘေးသင့်သူများကို မြိတ်မြို့ရှိ အရန်ဆန်နှင့် ယမန်နှစ်က အာဆီယံအပေါင်း (၃)အရေးပေါ် အရန်ရိက္ခာ အစီအစဉ်အရ ဂျပန်နိုင်ငံမှလှူဒါန်းသော ဆန်လက်ကျန်တို့ ကို ဖြန့်ဝေပေးလျက်ရှိကြောင်း ၎င်းက ပြောသည်။

ယမန်နှစ်က တနင်္သာရီတိုင်းဒေသကြီးအစိုးရမှ သဘာဝဘေးကျရောက်ချိန်အသုံးပြုရန်အတွက် ငွေကျပ် သိန်း ၁၅၀၀ဖိုး အရန်ဆန်ဝယ်ယူထားသည်။

Advertisements

တောင်ငူမြို့တွင်ကျပ် သိန်း ၁၀၀၀ဖိုးဝယ်ယူထားသည့်ဆန်ကို ယင်းမြို့တွင်စုပုံထားကာ ကျန်ရှိသောကျပ် သိန်း ၅၀၀ဖိုးဝယ်ယူထားသော အရန်ဆန်အား မြိတမြို့တွင် စုပုံထားသည်ဟု သိရသည်။

လက်ရှိအချိန်တွင် တောင်ငူမြို့မှအရန်ဆန်သယ်ယူရန် ရေး- ထားဝယ်ပြည်ထောင်စုလမ်းမကြီးအပေါ်ရှိ မလွဲှတောင်တွင် လမ်းပြတ်တောက်နေ၍ ယင်း ဆန်များသယ်ယူ၍ မရပေ။

ထိုကြောင့်ထားဝယ်ခရိုင်အတွင်း ရေဘေးသင့်သူများအားသဘာဝဘေးရန်ပုံငွေမှဆန်များဝယ်ယူ၍ ထောက် ပံ့ပေးလျက်ရှိကြောင်း ညွန်ကြားရေးမှူးဦးမိုး ဇော်လတ်က ပြောသည်။

ယခုနှစ် မိုးသည်းထန်စွာရွာသွန်း၍ ရေဘေးသင့်ခြင်းကြောင့် တိုင်းအတွင်း မြို့နယ် ၇ခုတွင် ယာယီကယ် ဆယ်ရေးစခန်း ၂၆ခု ဖွင့်ထားပြီး ယင်းကယ်ဆယ် ရေးစခန်းများတွင် အိမ်ခြေ ၇၃၀လုံးနှင့် အိမ်ထောင်စု ၇၈၀စုမှ လူဦးရေ ၄၁၂၇ဦးကို နေရာချထားသည်ဟု သြဂုတ်လ ၁၂ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည်။

ယာယီကယ်ဆယ်ရေစခန်းများအားထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင်၆ခု၊လောင်းလုံးမြို့နယ်တွင်၃ခုနှင့် မြိတ် ခရိုင်၊ မြိတ်မြို့နယ်တွင် ၄ခု၊ ကျွန်းစုမြို့နယ်တွင် ၁ခု၊ ပုလောမြို့နယ်တွင် ၂ခု၊တနင်္သာရီမြို့ နယ်တွင် ၈ခု ၊ ကော့သောင်းမြို့နယ်တွင် ၂ခု ဖွင့်ထားသည်ဟု ဆိုသည်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် နီးစပ်ရာဆွေးမျိုးနေအိမ်များတွင် ပြောင်းရွှေ့နေထိုင်သည့်ဘေးသင့်သူ အိမ်ခြေ ၂၂၆လုံးနှင့်အိမ်ထောင်စု ၂၂၆စုမှ လူဦးရေ ၉၅၆ဦးရှိပြီး တနင်္သာရီမြို့နယ်တွင်နီးစပ်ရာဆွေးမျိုးနေ အိမ်များတွင် ပြောင်းရွှေ့နေထိုင်သည့်ဘေးသင့်သူ အိမ်ခြေ ၅၃၈လုံးနှင့် အိမ်ထောင်စု ၅၃၈ စုမှ လူဦးရေ ၂၇၅၈ဦးရှိသည်ဟု သိရသည်။

တင့်လွင်

Advertisements

Leave a Reply