မော်လမြိုင် – ရေး ရထားလမ်းပိုင်းပြန်ဖွင့်

မော်လမြိုင် သြဂုတ် ၁၆

သဘာဝဘေးအန္တရယ် များ ကြောင့် ပိတ်ထားရသော မော်လမြိုင် – ရေး ရထားလမ်းပိုင်း ကို သြဂုတ်လ ၁၅ ရက်နေ့ က ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း မြန်မာ့မီးရထား (မော်လမြိုင်)မှလက်ထောက် မန်နေဂျာဦးအောင်စိုးကပြောကြားသည်။

မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့တွင် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် မော်လမြိုင် – ရေး – ထားဝယ် ရထားလမ်းပိုင်း ကို သြဂုတ်လ ၈ ရက်နေ့ကတည်း က စတင်ပိတ်သိမ်းခဲ့ပြီး ခရီးစဉ်များလည်း ရပ်ထားခဲ့သည်။

မော်လမြိုင် – ရေး ရထားပုံမှန်ခရီးစဉ်များ ကို သဂုတ်လ ၁၆ ရက်နေ့တွင် စတင်ပြေးဆွဲခဲ့ကြောင်း ဦးအောင်စိုးက ထပ်လောင်း ပြောကြားသည်။

“ရထားလမ်းတွေကို ၁၆ရက်နေ့ဖွင့်တာနဲ့ ရန်ကုန် ၊မော်လမြိုင်၊ ရေးထိ ရထား175နဲ့ 176 အစုန်ရထားတွေကို ပုံမှန်တိုင်းပြေးဆွဲပေးသွားမှာဖြစ်တယ်”လို့ လက်ထောက်မန်နေဂျာဦးအောင်စိုးက ပြောသည်။

မော်လမြိုင် – ရေး ရထားလမ်း ပိုင်းရှိ ပင နှင့် ကရုပိ ဘူတာ ကြားရှိ ရထားလမ်းရေကျော်နြေုခင်း ကြောင့် လမ်းပိုင်းပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း မြန်မာ့ မီးရထား (မော်လမြိုင်) ထံမှသိရှိရသည်။

မော်လမြိုင်၊ရေး ရထားလမ်းပိုင်ကို သြဂုတ်လ ၈ရက်နေ့တွင် ပင နှင့် ကရုပိဘူတာကြားရှိ ရထားသံလမ်းရေ ကျော်ခြင်၊ရေတိုင်စားခြင်များ ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။

ထိုပြင် ရေး – ထားဝယ် ရထားလမ်းပိုင်တွင် ပေါက်ပင်ကွင် နတ်ကြီးစင်ကြားရှိတဲ့ တံတားအမှတ်၂၈၂ ရေတိုက်စား ပြီး တံတားတိုင်ယိုင်နဲ့ ခဲ့ပြီး ရေး- ထာဝယ်ခရီးစဉ်များပြန်လည်ပြေးဆွဲရန်မခန့်မှန်နိုင်သေကြောင်း ၎င်းကထပ် လောင်းပြောကြားသည်။

ရန်ကုန် မော်လမြိုင် ရထားလမ်းပိုင်းကိုတော့ ရပ်နားထားခြင်းမရှိဘဲ ပုံမှန်တိုင်ပြေးဆွဲ သွားလာနေကြောင်သိရ သည်။

စိုင်းထွန်းစံ၊ လဲ့လဲ့ဝင်း

Leave a Reply