Advertisements

 

မော်လမြိုင် ၊ စက်တင်ဘာလ ၂၀

မော်လမြိုင် ရွှေဈေးကွက်အတွင်း တွင် အခေါက်ရွှေဈေးတစ်ကျပ်သားလျှင် ကျပ် ၁၂ သိန်း၂ သောင်း လေးထောင်ခန့်သာ ပေါက်ဈေး ရှိကြောင်း မော်လမြိုင် ရွှေလုပ်ငန်း ရှင် အသင်းထံ မှသိရှိရသည်။

Advertisements
data-language="en"

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့က အခေါက်ရွှေတစ်ကျပ်သား ကို ၁၃ သိန်း ၇ထောင် ထိမြင့် တက်ခဲ့သော်လည်း နှစ်ပတ်အတွင်း ကျပ်ရှစ်သောင်း ကျော်ဈေးပြန်ကျခဲ့ခြင်းဖြစ်သည်။

” သီတင်းကျွတ်ရောက်တဲ့အတွက် အရောင်းအဝယ်က နည်းနည်းပြန်ကောင်းလာတယ် ရွှေဈေးကလည်းအခုလောလော တည်ငြိမ်နေတော့ ပိုကောင်းတာပေ့ ရွှေဈေးမတည်ငြိမ်တဲ့ခါကျသော လူတွေကနည်းနည်း ငွေရေးကြေးရေး ဖောင်းပွမှုတွေကို စိတ်ဝင်စားတယ်ပေါ့” ဟု ပွင့်စုံသင်းရွှေဆိုင်ပိုင်ရှင် ဦးခင်ဇော်ကပြောသည်။

ယခုလတ်တလော ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၅၀၅ ဒေါ်လာခန့်ရှိကြောင်းလည်း ရွှေလုပ်ငန်းရှင်များကဆိုသည်။
ရန်ကုန်မြို့ရှိ အခေါက်ရွှေဈေးတစ်ကျပ်သားလျှင် ၁၂သိန်း ၃သောင်း ၄ထောင်ကျပ် ခန့်ရှိပြီး မော်လမြိုင်ရွှေဈေးနှင့် ငွေကျပ် ၁၀၀၀၀ နီးပါးလောက်ကွာကြောင်းသိရသည်။

ယခုမော်လမြိုင်ရွှေဈေးကွက်တွင် ၁၅ ပဲရည်(A)တစ်ကျပ်သားလျှင် ၁၁သိန်း ၅သောင်း ၅ထောင်ခန့်ရှိပြီး ၁၅ ပဲရည်(B)တစ်ကျပ်သားလျှင် ၁၁သိန်း ၂သောင်း ၅ထောင်ကျပ်ခန့်ရှိကြောင်းလဲသိရသည်။

၁၂ပဲရည် တစ်ကျပ်သားလျှင် ငွေကျပ် ၉သိန်း ၃သောင်းခန်ရှိကြောင်းလဲ စုံစမ်းသိရှိရသည်။

လဲ့လဲ့ဝင်း

Leave a Reply