Advertisements

Facebook ဆက်သွယ်မှုတချို့ ထောက်လှမ်းခွင့်ရရေး အမေရိကန် ၊ ဗြိတိန် နှင့် သြစတေးလျတောင်းဆို

နယူးယောက် ၊ အောက်တိုဘာ ၄

Facebook ကမ္ပဏီ ၏ စာတို့ပို့နိုင်သော ဝန်ဆောင်မှုများ ဖြစ်သည့် Facebook Messenger နဲ့ Instagram မှာ Message များကို ကြားဖြတ်ခိုးယူဖောက်ဖတ်၍ မရစေရန်လုပ်ဆောင်မည့် encryption အစီစဉ် စတင်ရန် ပြင်ဆင် နေချိန် တွက် အမေရိကန်၊ ဗြိတိန် နှင့် သြစတေးလျ အစိုးရ များက ကြားဖြတ်ထောက်လှမ်းခွင့်ပြုရန် Facebook ကုမ္ပဏီ ထံတောင်းဆိုလိုက်သည်။

Facebook ၏ စာတိုပို့ဝန်ဆောင်မှုများကို ထောက်လှမ်းရန်အတွက် အမေရိကန်အစိုးရရှေ့နေချုပ် William Barr၊ ၊ ဗြိတိန်ပြည်ထဲရေးဝန်ကြီး Priti Patel နှင့် သြစတေးလျ ပြည်ထဲရေးဝန်ကြီး Peter Dutton Facebook ကုမ္ပဏီ ၏ CEO မက် ဇူကာဘတ် အိတ်ဖွင့်စာပေးပို့ခဲ့ခြင်း လည်းဖြစ်သည်။

အကြမ်းဖက်မှုကို အခြေခံသော လုပ်ရပ်များ ၊ ကလေးငယ်များ အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း စသည့်လုပ်ငန်းများ ကို Facebook ဝန်ဆောင်မှု အသုံးပြုပြီး ဆောင်ရွက်နေမှုများ ကို ဖော်ထုတ်ရန် အတွက် တောင်း ဆိုခြင်း ဖြစ်ကြောင်း အဆိုပါ အစိုးရ တာဝန်ရှိသူများ ကပြောကြားသည်။

Advertisements

Facebook ကုမ္ပဏီ အနေနှင့် Facebook Messenger နှင့် Instagram တို့ က ပေးပို့သော မက်ဆေချ့် များ ကို ကြားဖြတ် ခိုးဝင်ကြည့် ရှုနိုင်ခြင်း မရှိစေရန် end-to-end encryption နည်းပညာနဲ့ ပြောင်းလဲ အသုံးပြုရန်စီစဉ် နေခြင်း လည်း ဖြစ်သည်။

ယင်းစနစ် သည် Facebook Messenger နှင့် Instagram ပေးပို့လိုက်သော စာများ ကို ကြားဖြတ်ခိုးဝင် ကြည့်ရူသူများ အဓိပ္ပာယ်ဖွင့်၍ မရအောင်လုပ်ဆောင်ထားသော စနစ်ဖြစ်ပြီး Facebook ပိုင် WhatsApp လူမှုကွန်ရက်တွင် အသုံးပြုနေပြီဖြစ်သည်။

Ref ; Telegraph

Advertisements

Leave a Reply