Advertisements

ပြည်သူကို ဗဟိုပြုတယ် ဆိုရာဝယ်

၂၀၁၅ ရွေးကောက်ပွဲမှာ မိတ်ဆွေကိုသောင်းဝင်း က တစ်သီးပုဂ္ဂလဝင်ပြိုင်တယ်၊ မဲမနိုင်ပါဘူး၊ သူ့လက်ကမ်းစာစောင်မှာ ပြည်သူက လက်ယပ်ပြီးခေါ်လိုက်ရင်လာပြီး ပြည်သူ့အသံနားထောင်မယ်လို့ဆိုထားတယ်။ ရွေးကောက်ပွဲကာလမှာ ပြည်သူဆိုတဲ့ဆိုင်းဆရာတီးတဲ့အတိုင်း အခြားပါတီိတွေကိုယ်စားလှယ်လောင်းတွေက ကကြတာ၊ ဆိုင်းသံနဲ့ဆို အားရစရာ ပြည်သူပဲပေါ့။ ဟိုပါတီလည်း ပြည်သူ/ဒီပါတီလည်း ပြည်သူ။  ရပ်ကွက်ထဲချောင်းပေါက်မတတ် လူလုံးပြကြတာမြင်ယောင်မိ။

၂၀၁၅ ပြီး၊ အခု ၂၀၁၉ ထိ ဆို၊ပြည်သူရွေးကိုယ်စားလှယ်တွေကအမတ်၊ ဝန်ကြီး၊ ဝန်ကြီးချုပ်ဖြစ်သူတွေနဲဆို။ အစိုးရဆိုတဲ့ ဆိုင်း၊ လွှတ်တော်ဆိုတဲ့ဆိုင်းဝိုင်းတွေတီးတဲ့အတိုင်းကကြတာသဘာဝအတိုင်း မျက်မြင်ပါပဲ။ ဇာတ်မှာ ဆိုင်းအတိုင်း စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဆိုငိုကရပါတယ်။ ဒီလိုမှမဟုတ်ရင် ဇာတ်စင်ပေါ်ကဆင်းရပါတယ်။

ဇာတ်ဆရာအလိုကျ မဟုတ်လား။ ဒီကာလမှာပဲ၊ အမတ် – လွှတ်တော်ရော၊ဝန်ကြီး၊ ဝန်ကြီးချုပ်ဆိုတဲ့ ဆိုင်းတွေရဲ့ တီးလုံးသံတွေမှာ နေကြ၊ ကရတဲ့သူတွေလည်းမြင်တွေ့ရပါတယ်။

တစ်ချိန်တည်းမှာဆိုင်းနှစ်ဆိုင်းမတီးနိုင်သလို၊ ကတဲ့လူလည်း မကနိုင်ပါဘူး။ ဆိုရင်ကိုယ်စားလှယ်တွေက ပြည်သူဆိုတဲ့ ဆိုင်းနဲ့ဝေးပြီး ပြည်သူ့စကား၊ပြည်သူ့အသံတွေကိုမကြားနိုင်တာ၊ ဖြစ်တတ်တဲ့ သဘောပဲလို့စေ့ငုမိပါတယ်။

Advertisements

အခုလွှတ်တော်မှာဆိုရင် အမေးတွေ၊ ရက်မရလို့ မဖြေနိုင်သလို၊ ဘတ်ဂျက်ကိုလည်း သတ်မှတ်ရက်အတိုင်းမပို့လို့ဆို၊ အရင်က ရက်ဆက်လုပ်ခဲ့တဲ့ လွှတ်တော်ကနေ ရက်ပျက်တွေနဲ့လုပ်လာကြတယ်။ ဘူဖေးနဲ့ ပြည်သူတွေရဲ့ လူလေးဖြစ်လာမယ်လို့မျှော်ကြတာကိုး၊ အထိုင်ဆိုင်းရဲ့ အလိုကျကကွက်တွေပြောင်းလာတာသဘာဝကျစွာ တွေ့ပါတယ်။

ရန်ကုန်ကနေဆိုရင် ကွန်မြူနစ်က ရွှေတောင်ပေါ့၊ တောထဲရောက်တော့အရှုတ်ထုပ်တောင်ဖြစ်နေတယ်လို့ဆို ကြတယ်။ တစ်ချိန်က ပြည်သူတွေ မျှော်လင့်ချက် ရွှေတောင်လိုသဘောထားတဲ့ပါတီက၊ အခုအရှုတ်ထုပ်လို့မြင်လာကြ။

အမတ်နဲ့ဝန်ကြီးတွေကလည်း သူ့တာ/ကိုယ့်တာ မှန်တယ်လို့ပဲဆို၊ ပေါင်းစည်းပြီးပြည်သူ့အသံနားထောင်ပြီး၊ လုပ်ငန်းတွေအောင်မြင်အောင်ပူးပေါင်းဆောင်ရွက်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကပဲ ကြီးနေတာလား၊ အချိန်ဆိုတဲ့ ဆရာကိုမေ့နေလား။ နှစ် ၆၀ ကျော်ကို ၅ နှစ်နဲ့ကျော်ဖြတ်သွားဖို့ဆိုတာမဖြစ်နိုင်တာကိုမမြင်နိုင်။ မဖြစ်နိုင်တာကို လက်တွေ့ မျက်တွေ့ဖြစ်ပျက်နေတယ်ဆိုရင် လက်ခံရမှာပါ။ ရွှေတောင်လို့မြင်ရဖို့က စောနေတယ်လို့ပဲ၊ ကိုယ့်ကိုယ်ကိုယ်ပြန်သတိပေးမိပါတယ်။

ဘတ်ဂျက်မှာ လမ်းတွေရဲ့အကွာဝေးတူတွေ (ဥပမာ – တစ်မိုင်ချင်းတူပေမယ့်၊ သုံးငွေချင်း တူသင့်ပေမယ့်၊မတူတာတွေ) မေးစရာအဖြစ် အမတ်တွေကပြောကြပါတယ်။

အခုအတည်ပြုမှ ပြောတာထက်၊ မူကြမ်းတင်ကတည်းကပြောရင် ပြည်သူငွေချွေတာရာရောက်ပါတယ်လို့မြင်မိပါတယ်။ ဒီအပတ်မွေးခွန်းအများဆုံးစံတင်ရမယ့် မုဒုံအမတ်ရဲ့ အမေးမှာသူ့ဒေသလုပ်ကွက်မှာအလုပ်သမားတွေ ငွေမရတာတင်ပြတာ၊ ဝန်ကြီးချုပ်လာတုန်းက ဌာနမှူးကို ဖုံးဆက်မှရတာမျိုး၊ သူမေးခွန်းမေးမှ ဌာနက wave money နဲ့ ငွေပေးတာ၊ မေးခွန်းတစ်ခုတည်း ၂၅ မိနစ်ထိ ဝန်ကြီးနဲ့အခြေတင်ပြောတာတွေ၊ ပါတာဖတ်တာမျိုးမဖြစ်ဖို့ကွင်းဆင်းသင့်တာ ကိုအချိန်မရတဲ့အကြောင်းပြတာတွေမှတ်တမ်းဝင်ခဲ့ပါတယ်။

လုပ်ကွက်တစ်ခုက ဘတ်ဂျက်ကာလအချိန်ကိုက် ဝင်အပြီးပြငွေချေပြီးပေမယ့်၊ အောက်ခြေမှာ ငွေမရလို့အမတ်ကတင်ပြမှဝေ့မန်းနီးနဲ့ငွေပို့တာ၊ တရားဝင်လားလို့ ဝန်ကြီးကိုမေးရတဲ့အထိဖြစ်လာတယ်၊ စာရင်းစစ်ချုပ်က ဝေ့မန်းနီးကအထောက်ထားမရှိလို့တရားမဝင် ဘူးလို့ဆိုပြီး၊မြို့နယ်တွေကိုစစ်ဆေးဖို့ညွှန်ကြားမယ်လို့ပြောပါတယ်။

တစ်မြို့နယ်ထဲ အမတ်တစ်ဦးတင်တဲ့ လမ်းကို၊ နောက်တစ်ဦးက ကန့်ကွက်မှတ်တမ်းဝင်တာတွေတွေ့ရပါတယ်။ လွှတ်တော်ကို အလေးထားမှုအားနည်းလာတာမျိုး၊ အကြောင်းပြစရာနည်းနည်းလေးနဲ့ခွင့်၊ မကျန်းမာ၊ကိုယ်ရေးကိုယ်တာဆိုတာတွေစိပ်လာတာတွေ့ရတယ်။

လွှတ်တော်မတက်နိုင်လောက်အောင်ကိုယ်ရေးကိုယ်တာများနေသလားဆိုရင် ဘယ်လိုဖြေကြမလဲ။ ပြည်သူတွေက လွှတ်တော်ကို ရွှေတောင်လို့ထင်ထားကြတယ်လေ၊ ကိုယ်ရွေးထားတဲ့သူတွေက အလေးမထားတာမျိုးရှိမယ်လို့ ပြည်သူတွေကမထင်ကြပါဘူး။

ပြည်သူကိုဗဟိုပြုတယ်လို့ဆိုကြပေမယ့်၊ အချိန်ကတော့ ယူကြရဦးမှာပါ။ အခုလည်း ၂၀၂၀ အတွက်ပြည်သူတွေကို ရွေးခိုင်းပြန်ပြီ၊ အချိန်ကျရင် တီးလို့ ကလို့ မြိုင်တဲ့ ပြည်သူ့ဆိုင်းသံကြားရပါပြီ၊ ခိုင်းကြပြန်ပါပြီ၊ရွေးရတဲ့အခါ ပြည်သူဆိုတဲ့ ဆိုင်းဝိုင်းတီးသံအတိုင်း ဘယ်သူတွေ၊ ဘယ်လိုကနိုင်ကြမလဲဆိုတာ၊ ကြည့်ပြီးအရွေးခံရရင်လည်း ပြည်သူ့ဆိုင်းနဲ့ မဝေးနိုင်မယ့်၊ ပြည်သူ့အသံနားထောင်နိုင်မယ့်သူကိုပြည်သူတွေကပါတီဆရာများရဲ့ အပြောအပေါ်မ မျှော်ဘဲရွေး နိုင်ကြပါလို့၊ ဒါကိုလည်း သိပ်လည်းမျှော်လင့်တကြီး မဖြစ်ကြဖို့ သတိထားသင့်ကြောင်းပြောလိုပါတယ်။

ရွှေမြိုင်မောင်ပေါက်ကျိုင်း။

Advertisements

Leave a Reply