Advertisements

ကျိုက္ခမီဘုရားပွဲတွင် ဖြူဖြူကျော်သိန်းနှင့် ဝိုင်းစုခိုင်သိန်း အပါအဝင် နာမည်ကြီးတေးသံရှင် ၁၁ ဦး လာရောက် ဖျော်ဖြေမည်

ယခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် စတင်ကျင်းပမည့် ကျိုက္ခမီရေလယ်ဘုရား ဗုဒ္ဓပူဇနိယ ပွဲတော် တွင် ဖြူဖြူကျော်သိန်းနှင့် ဝိုင်းစုခိုင်သိန်း တို့အပါအဝင် နာမည်ကြီးတေးသံရှင် ၁၁ ဦးက လာရောက်ဖျော် ဖြေမည် ဖြစ်ကြောင်း ကျိုက္ခမီဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

phyu-wine

တေးသံရှင် ဖြူဖြူကျော်သိန်း၊ ဝိုင်းစုခိုင်သိန်း ၊ Lဆိုင်းဇီ၊ ပိုပို၊ လိမ္မော်သီး၊ အောင်တေဇာကျော်၊ အောင်လ၊ ရိန်မိုး၊ ဝန၊ ဖြိုးပြည့်စုံနှင့် ပိုင်ကြီး တို့က အောက်တိုဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့များတွင် ကျိုက္ခမီဘုရား ပွဲ၌ လာရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း ယင်းဂေါပကအဖွဲ့ထံမှ သိရသည်။

ထို့ပြင် ကျန်ရှိသော ဘုရားပွဲရက်များတွင် ဖိုးချစ်ဇာတ်သဘင် အပါအဝင် ဇာတ်သုံးဇာတ် ကပြဖျော်ဖြေမည်ဖြစ်ကြာင်း ကျိုက္ခမီ ဂေါပကအဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဦးအောင်မြင့်ရွှေ က ပြောသည်။

Advertisements

“အခြားနှစ်နဲ့မတူညီအောင် မိုပိုစည်ကားတိုးတက်လာဖို့အတွက်ပေါ့နော်။ ကျွန်တော်တို့ ၇ ရက်ပတ်လုံးကျင်းပသွားမယ်။ ရပ်ဝေးရပ်နီး လာရောက်တဲ့ ဧည်သည်တော်များ နေထိုင်စားသောက် အဆင်ပြေအောင် ကျွန်တော် တို့ စီစဉ်ထားပါတယ်”ဟု ၎င်းက ဆိုသည်။

နှစ်စဉ်ကျင်းပမြဲဖြစ်သော ကျိုက္ခမီဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုနှစ်တွင် အောက်တိုဘာလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး အောက်တိုဘာလ ၁၆ ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့)နံနက်ပိုင်းတွင်း ဆီမီးကိုးထောင် ထွန်းညှိပူဇော်ပွဲနှင့် ဆွမ်းမျောပူဇော်ရန် ပြုလုပ်မည်ဖြစ်သည်။

“လပြည့်နေ့မှာ မနက်စောစော ဆွမ်းဦးမျောပွဲလုပ်မယ်။ဆီမီး ၉၀ဝ၀ ပူဇော်မယ်” ဟု ဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့အတွက် ပွဲဈေးတန်းဘုရားပွဲနေရာများကို အောက်တိုဘာလ ၉ ရက်နေ့တွင် စတင်ရောင်းချပေးမည့်ဖြစ်ပြီး ရပ်ဝေးရပ်နီးမှ လာရောက်သော ရဟန်းသံဃာများ၊ ဧည့်သည်တော်များကို နေထိုင်စားသောက်ရန် နှင့် နေ့စဉ်စနစ်တကျ ကျွေးမွေးဧည့်ရန်အတွက် စီစဉ်ထားကြောင်း ကျိုက္ခမီဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

Advertisements

Leave a Reply