Advertisements

သံဖြူဇရပ်မြို့ကို မြို့မြေဂရန် ပြောင်းပေးမည်၊ ပြည်သူများမြေဂရန်လျှောက်ထားနိုင်တော့မည်

ကျေးရွာဥယျာဉ်ခြံမြေအဖြစ်သာအမည်ပေါက်နေသေးသည့် သံဖြူဇရပ်မြို့တွင် နေထိုင်ကြသောအိမ်ထောင်စုတစ်ခုချင်းစီအတွက် အမည်ပေါက် မြေဂရန်ရရှိရန် မွန်ပြည်နယ်အစိုးရအဖွဲ့မှ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်းမွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးထွန်းဌေးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

tanphyuzayat

သံဖြူဇရပ်မြို့တည်စဉ် အချိန်ကကျေးရွာဥယျာဉ်ခြံမြေနှင့် စားကျက်မြေများအပေါ်တွင် မြို့တည်ရှိခဲ့ခြင်းဖြစ်ပြီးယင်းမြို့မြေအားအခြားနည်းပြောင်းလဲသုံးစွဲခွင့် မထုတ်ပေးရသေးခြင်းကြောင့် အိမ်ထောင်စုများသည်လည်းမြေဂရန် ပိုင်ဆိုင်မှုများမရှိကြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သံဖြူဇရပ်မြို့မြေကိုအခြားနည်းပြောင်းလဲသုံးစွဲခွင့် ထုတ်ပေးပြီးပါကအိမ်ထောင်စုတစ်ခုချင်းစီအနေဖြင့် ဌာနဆိုင်ရာအဆင့်ဆင့်ထံအငှားမြေဂရန် ရရှိရေးအတွက် လျှောက်ထားပါကမြေငှားဂရန် ထုတ်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

Advertisements

သံဖြူဇရပ်မြို့မှအိမ်ထောင်စုများသည်စီးပွားရေးလုပ်ကိုင်ရန်ဘဏ်များတွင်ချေးငွေထုတ်ချေးရာတွင်လည်း အငှားမြေဂရန်မရှိခြင်းကြောင့်ချေးငွေမရရှိသည့်အခက်အခဲများရှိနေကြောင်း၎င်းကရှင်းလင်းပြောဆိုသည်။
“အစိုးရအနေနဲ့ မြို့မြေဂရန် အမည်ပြောင်းပေးလို့ ရတယ်၊ တစ်အိမ်ချင်းစီအတွက်ဆို အိမ်ထောင်စုတွေကဌာနဆိုင်ရာအဆင့်ဆင့်ကိုတင်ပြပြီးလျှောက်ထားရင် ခွင့်ပြုပေးမယ်”ဟု ၎င်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သံဖြူဇရပ်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းက နိုဝင်ဘာလ ၁၈ ရက်နေ့ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကျေးရွာဥယျာဉ်ခြံမြေအဖြစ်သာအမည်ပေါက်နေသောသံဖြူဇရပ်မြို့ကိုပိုင်ဆိုင်မှု ခိုင်မာသော မြို့အိမ်ခြံမြေဂရန် ရရှိရေးအတွက် အထူးစီမံချက် ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိမရှိနှင့် စပ်လျဉ်းသည့်မေးခွန်းကိုမေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုးကသံဖြူဇရပ်မြို့ မြေငှားဂရန် ရရှိရေးအတွက် မြို့မြေသတ်မှတ်စဉ်ကတည်ရှိခဲ့သောမူလမြေအမျိုးအစားကိုပြောင်းလဲသတ်မှတ်ရန်အတွက် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့် အညီလယ်ယာမြေအခြားနည်းအသုံးပြုခွင့် လျှောက်ထားဆောင်ရွက်ခြင်းကိုမွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြေကြားခဲ့သည်။

သံဖြူဇရပ်သည်မြို့နေရပ်ကွက်၁၀ခုအပါအဝင်ကျေးရွာ၄၁ခုဖြင့်ဖွဲ့စည်းထားသည့်မြို့ဖြစ်ကာလက်ရှိတွင်အောင်သာယာရပ်ကွက်တစ်ခုကိုသာကျေးရွာဥယျာဉ်ခြံမြေအဖြစ်မှထုတ်နုတ်ထားပြီးအခြားနည်းပြောင်းလဲသုံးစွဲခွင့်အပါအဝင်ပုံစံ၁၀၅/ ၁၀၆ထွက်ရှိထားကြောင်းဦးထွန်းဌေးကပြောသည်။

သံဖြူဇရပ်မြို့သည် လက်ရှိအချိန်ထိကျေးရွာဥယျာဉ်ခြံမြေအဖြစ်သာအမည်ပေါက်နေသေးသော မြို့တစ်မြို့ ဖြစ်သည်။

Written by – ဇော်ထိုက်

Advertisements

Leave a Reply