Advertisements

သေမင်းတမန် မီးရထားလမ်းသည် ကုန်တင်ရထားလမ်းအဖြစ် ဖောက်လုပ်ခဲ့ခြင်းသာဖြစ်သည်ဟုဆို

(ဓါတ်ပုံ အညွှန်း -သံဖြူဇရပ် သေမင်းတမန် မီးရထားလမ်းဖောက်စဉ် ကိုယ်တိုင်ပါဝင်ခဲ့သည့် Mr. Mikio Kinoshito)

သံဖြူဇရပ်၊ ဇန်နဝါရီ ၅

ဒုတိယကမ္ဘာစစ်အတွင်း ဖောက်လုပ်ခဲ့သော သေမင်းတမန် မီးရထားလမ်းမှာ စစ်ကြီးကာလတွင် စစ်သုံ့ပန်းများအတွက် အစား အသောက်များ သယ်ယူနိုင်ရန်် ကုန်တင်ရထားလမ်းအဖြစ် ဖောက်လုပ်ခဲ့ခြင်းသာဖြစ်ကြောင်း စစ်ကြီးကာလတွင် ရထားသံလမ်း အဓိကတာဝန်ကျသော တပ်ခွဲမှူး မစ်စတာမီကီရို ကီနိုရှီတာက ပြောသည်။

(ဓါတ်ပုံ အညွှန်း -သံဖြူဇရပ် သေမင်းတမန် မီးရထားလမ်းဖောက်စဉ် ကိုယ်တိုင်ပါဝင်ခဲ့သည့် Mr. Mikio Kinoshito)
(ဓါတ်ပုံ အညွှန်း -သံဖြူဇရပ် သေမင်းတမန် မီးရထားလမ်းဖောက်စဉ် ကိုယ်တိုင်ပါဝင်ခဲ့သည့် Mr. Mikio Kinoshito)

“ရထားလမ်း ဖောက်လုပ်တဲ့အခါမှာ ဗမာတွေကိုခေါ်တဲ့အခါမှာ လူစုဖို့ခက်ခဲခဲ့ပါတယ်၊ အဲဒီတုန်းကဆိုရင် တော်တော်များများက အစားအသောက်တွေလည်း အရမ်းကိုငတ်မွတ် ခေါင်းပါးခဲ့ပါတယ်၊ ကျန်းမာရေးလည်း ချို့တဲ့တယ်၊ ကျန်းမာရေးချို့တဲ့ပြီးတော့ ဝမ်းတွေသွားတယ်၊ အဲဒါကနေ ကူးစက်ရောဂါတွေဖြစ်ပွားတာပေါ့၊ အသက်ဆုံးရှုံးခဲ့ရတာကို ကျွန်တော်မှတ်မိနေသေးတယ်”ဟု ၎င်းက ဆိုသည်။

မစ်စတာမီကီရို ကီနိုရှီတာသည် သေမင်းတမန် မီးရထားလမ်း ဖောက်လုပ်ပြီးဆုံးသွားသောအခါ မန္တလေးသို့ ထွက်ခွာခဲ့ပြီး မန္တလေး မီးရထားသံလမ်းအား ပြီဆုံးရန် ဆက်လက်ကြိုးပမ်းခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

Advertisements

သြစတြေးလျလူမျိုး ၁၀၀ ဦးနှင့် မြန်မာလူမျိုး ၂၀၀ ဦးကို ၎င်းက အုပ်ချုပ်ခဲ့ပြီး၊ သြစတြေးလျ လူစုများသည် သင့်သင့်မြတ်မြတ်နှင့် တစ်ဦးကိုတစ်ဦး ဖေးမရင်း ၎င်း၏လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မစ်စတာ မီကီရို ကီနိုရှီတာသည် ၁၉၄၃ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ရထားလမ်းဖောက်လုပ်ရန် ရန်ကုန်သို့ ဂျပန်စစ်သားများနှင့်အတူ သင်္ဘောဖြင့် ဝင်ရောက်လာခဲ့ပြီး၊ ၁၉၄၄ ခုနှစ်၊ မေလပိုင်းတွင် ဂျပန်နိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

Advertisements

Leave a Reply