Advertisements

မွန်အမျိုးသားညီလာခံ မေလ ပထမပတ် တွင် ပြုလုပ်မည်

(ဓါတ်ပုံ အညွှန်း – ၂၀၁၃ခုနှစ်တွင်မွန်ပြည်နယ်ခန်းမ၌ ပြုလုပ်ခဲ့သော မွန်အမျိုးသား ညီလာခံ)

မော်လမြိုင်၊ ဖေဖော်ဝါရီ ၅ ။ ။ မွန် လူမျိုးများ သွေးစည်းညီညွတ်ရေး အတွက် ဆွေးနွေးမည့် မွန်အမျိုးသား ညီလာခံ ကို မေလ ပထမပတ်တွင် ဘုရားသုံးဆူဒေသ ဂျပန်ရေတွင်းကျေးရွာတွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း မွန်အမျိုးသားရေးရာအဖွဲ့ချုပ်မှ တွဲဖက်အတွင်းရေးမှူး (၂) နိုင်ဝဏ္ဏက ပြောကြားသည်။

(ဓါတ်ပုံ အညွှန်း – ၂၀၁၃ခုနှစ်တွင်မွန်ပြည်နယ်ခန်းမ၌ ပြုလုပ်ခဲ့သော မွန်အမျိုးသား ညီလာခံ)
(ဓါတ်ပုံ အညွှန်း – ၂၀၁၃ခုနှစ်တွင်မွန်ပြည်နယ်ခန်းမ၌ ပြုလုပ်ခဲ့သော မွန်အမျိုးသား ညီလာခံ)

အဆိုပါ ညီလာခံတွင် မွန်အမျိုးသားကွန်ကရက်ခေါ်ယူနိုင်ရန်၊ မွန်အမျိုးသား သွေးစည်းညီညွတ် ရေးတည် ဆောက်ရန်၊ ထာဝရတည်တံ့သော ငြိမ်းချမ်းရေးတည်ဆောက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် စသည့် ရည်ရွယ်လေးရပ်ဖြင့် ကျင်းပ ခြင်း ဖြစ်ကြောင်း၎င်းက ထပ်လောင်းပြောကြားသည်။

“အဓိကကတော့ မွန်အမျိုးသားသွေးစည်းညီညွတ်ရေး တည်ဆောက်နိုင်ဖို့ပဲလုပ်တာ၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲက သင်ခန်းစာရသွားတယ်၊ မွန်တွေဘာကြောင့် အရှုံးများလဲဆိုတာ ပါတီသုံးဖွဲ့ကွဲနေတဲ့အတွက်ကြောင့်ပဲ၊ မဲတွေ က တခြားပါတီရောက်သွားနိုင်တယ်၊ ပြီးတော့ မွန်လူမျိုးအတွက်လည်း နိမ့်ကျသွားတယ်”ဟု အဆိုပါ ညီလာခံ တွင်ပါဝင်သော ညီညာသော မွန်ရဟန်းပျိုအဖွဲ့မှ ဆရာတော် အရှင်ပညာက မိန့်ကြားသည်။

အဆိုပါ ညီလာခံတွင် မွန်အမျိုးသားရေးရာအဖွဲ့ချုပ် ဖွဲ့စည်းပြီး ယင်းအဖွဲ့သည် မွန်အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက်ရှေ့ဆောင်သွားမည့်အဖွဲ့ တစ်ခုဖြစ်လာရန်ရည်ရွယ်ထားကြောင်း ညီလာခံဖြစ် မြောက်ရေးကော်မတီဝင် နို်င်ဝဏ္ဏက ဆိုသည်။

Advertisements

မွန်အမျိုးသားညီလာခံ ကို ပြည်ပရောက်မွန်လူမျိုးများ၊ နယ်စပ်ဒေသ နှင့် ထိုင်းနိုင်ငံတွင်နေထိုင်သော မွန်လူမျိုးများနှင့် ပြည်တွင်းရှိ မွန်အဖွဲ့စည်းများ ပါဝင်ဆွေးနွေးကြမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

သို့သော် ယင်းညီလာခံ ကို ပြည်တွင်းအခြေစိုက်နိုင်ငံရေးပါတီများ ပူးပေါင်းပါဝင်ခြင်းအားနည်းသည်ကို တွေ့ရကြောင်း နိုင်ဝဏ္ဏ ကပြောဆိုသည်။
ယင်းသို့နိုင်ငံရေး ပါတီများ ပူးပေါင်းပါဝင်မူအားနည်းခြင်း နှင့် ပတ်သက်ပြီး ညီညာသောမွန်ရဟန်းပျိုအဖွဲ့မှ အရှင်ပညာက“ပါတီတွေက ပေါင်းရင်ပေါင်း၊ မပေါင်းရင်ကျန်ခဲ့မယ်၊ ဦးဇင်းတို့အမြင်ကျတော့ ပူးပေါင်းသင့်ပြီး၊ ပြည်သူတွေလည်း အသံတစ်သံဖြစ် နေကြတာကိုလည်း သူတို့ကြားပြီးသားပဲ” ဟု မိန့် ကြားသည်။

မွန်အမျိုးသားညီလာခံ သို့ နိုင်ငံရေး ပါတီများက အမျိုးသားနိုင်ငံရေး မူဝါဒစာတမ်းများကိုတင်ပြရမည်ဖြစ် ကြောင်း ၎င်းကဆက်လက်မိန့်ကြားသည်။

မွန်အမျိုးသားညီလာခံသို့ မွန်ပြည်သစ်ပါတီကိုယ်စားလှယ် ၂၅ ဦး၊ နယ်စပ်နှင့် ထိုင်းနိုင်ငံရောက်မွန်လူမျိုး ၂၅ ဦး၊ နိုင်ငံခြားရောက် မွန် OMCC အဖွဲ့မှ ၁ဝ ဦးနှင့် ပြည်တွင်းရှိမွန်ပါတီများမှ ၃၅ ဦးတို့အား ဖိတ်ကြား ထား ကြောင်း နိုင်ဝဏ္ဏထံမှ သိရသည်။
အဆိုပါ ညီလာခံကို ရှစ်ကြိမ်မြောက်ကျင်းပခြင်း ဖြစ်ပြီး ထိုင်းမြန်မာ နယ်စပ်နှင့် မွန်ပြည်သစ်ပါတီ အခြေစိုက် ရာအနီးပတ်ဝန််းကျင်များတွင်သာ ပြုလုပ်လေ့ရှိကာ ပြည်တွင်းတွင် ၂၀၁၃ ခုနှစ်က ပထမအကြိမ်အဖြစ် မွန်ပြည် နယ်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ညီလာခံ ဦးဆောင်သူများထံ မှ သိရသည်။

Advertisements

Leave a Reply