Advertisements

မွန်အမျိုးသားနေ့အခမ်းအနား သို့ နိုင်ငံတော်သမ္မတဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သဝဏ်လွှာ ပို့ပေးရန် တောင်းဆို

( ဓါတ်ပုံ – အညွန်း – (၆၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ ပိုစတာ တစ်ခုကို မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံအနီး တွေ့ရစဉ် )

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၀ ။ ။ မွန်အမျိုးသားနေ့ကို အသိအမှတ်ပြု သည့်အနေနှင့် နိုင်ငံတော် သမ္မတဦးသိန်းစိန် နှင့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ က သဝဏ်လွှာ များပေးပို့ ပါရန် တောင်းဆိုထားကြောင်း (၆၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုကျင်းပရေးကော်မတီဝင်များက ပြောကြား သည်။

( ဓါတ်ပုံ – အညွန်း – (၆၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ ပိုစတာ တစ်ခုကို မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံအနီး တွေ့ရစဉ် )
( ဓါတ်ပုံ – အညွန်း – (၆၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ ပိုစတာ တစ်ခုကို မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံအနီး တွေ့ရစဉ် )

ဖောဖော်ဝါရီလ ၉ ရက်နေ့က (၆၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုကျင်းပရေးကော်မတီဝင်များက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ထံ သဝဏ်လွှာပို့ပေးရန် စာပို့ တောင်းဆို ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ကော််မတီမှ တာဝန်ရှိသူများ ကဆိုသည်။

လာမည့် ဖေဖော်ဝါရီလ ၂၄ ရက်တွင် ကျရောက်မည့် (၆၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ကလော့ကျေးရွာတွင် ကျင်းပမည် ဖြစ်သည်။

“ကျွန်တော်တို့ မွန်အမျိုးသားနေ့ကို ဖဆပလ အစိုးရခေတ်ကတည်းက အသိအမှတ် မပြုခဲ့ဘူးဗျ၊ အဲဒီတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ အထွတ်အမြတ်ထားတဲ့ နေ့တစ်နေ့ကို သမ္မတကြီးဆီက အသိအမှတ်ပြုတဲ့ ပုံစံမျိုးပေါ့ဗျာ ကျွန်တော်တို့က ဒါကိုလုပ်တာဖြစ်ပါတယ်”ဟု (၆၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမင်းကြည်ဝင်းက ပြောကြားသည်။

Advertisements

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အများဆုံးအနိုင်ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံမှလည်း ဂုဏ်ပြုသဝဏ်လွှာတောင်းခံထားကြောင်း အဆိုပါ ကော်မတီ ၀င် နိုင်တလညီ ကပြောသည်။

“ဒီ (၆၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့်ပေါ့နော် နောက်ပြီးတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ရှေ့ရှုတဲ့အနေအထားနဲ့ တောင်းဆိုထားတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

မုဒုံမြို့နယ်၊ ကမာဝက်မြို့တွင် ၂၀၁၄ ခုနှစ်က ကျင်းပခဲ့သော (၆၇) ကြိမ်မြောက် မွန်အမျိုးသားနေ့တွင်လည်း နိုင်ငံတော် သမ္မတကြီးထံ ဂုဏ်ပြုသဝဏ်လွှာ တောင်းခံခဲ့သော်လည်း ပေးပို့ခြင်း မရှိကြောင်း ယင်း ကော်မတီထံမှ သိရသည်။

Advertisements

Leave a Reply