Advertisements

ကျိုက်ခမီရေလယ်ဘုရား တွင် အသစ်တပ်ဆင်ထားသော ဓါတ်လှေကာ တပေါင်လပြည့်နေ့တွင် ဖွင့်လှစ်မည်

မော်လမြိုင်၊ မတ် ၁၀ ။ ။ ကျိုက်ခမီရေလယ်ဘုရားတွင် အသစ်တပ်ဆင်ထားသော ဓါတ်လှေကား ကို တပေါင်းလပြည့်နေ့ (မတ်လ ၂၃ရက်နေ့ ) တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျိုက်ခမီရေလယ်ဘုရား ဂေါပက အတွင်းရေးမှူး ဦးအောင်မြင့်ရွှေက ဟင်္သာမီဒီယာသို့ပြောကြားသည်။

20160309_143705

“ဓါတ်လှေကားက သက်ကြီးရွယ်အိုတွေ မသန်မစွမ်းဖြစ်တဲ့လူတွေ ၊ကလေးသူငယ်တွေ ၊လှေကာအတက်အ ဆင်း မလုပ်နိုင်တဲ့လူတွေ အတွက် တပ်ဆင်ပေးတာပါ ၊ဘုရားဖူးလာတဲ့သူတွေရဲ့ အလှူငွေတွေ စုပေါင်းပြီး ဆောက် လုပ်ခဲ့တာပါ၊လူ ၁၅ဦး လိုက်ပါ စီးနင်းနိုင်တယ်”ဟု ၄င်းက ရှင်းပြသည်။

အဆိုပါ ဓါတ်လှေကား ဖွင့်ပွဲ အခန်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ်တက်ရောက်ရန် ဖိတ်ကြားထားပြီး စက်လှေကားတည်ဆောက်ရေးအတွက် အလှူငွေ ၂သိန်းအထက် လှူဒါန်းခဲ့သည့် အလှူရှင်များကို လည်း ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

Advertisements

ကျိုက်ခမီရေလယ်ဘုရားရှိ ဓါတ်လှေကားသစ်ကို ၂၀၁၅ခုနှစ် စက်တင်ဘာလတွင် စတင်တည်ဆောက်ခဲ့ပြီး ငွေကျပ် (၇၉၆၈၄၀၀၀)သိန်းကုန်ကျခဲ့ကြောင်း ကျိုက်ခမီရေလယ်ဘုရား ဂေါပက အဖွဲ့မှသိရသည်။

Advertisements

Leave a Reply