Advertisements

သံဖြူဇရပ် သွေးလှူရှင်များအသင်း ရန်ကုန်တွင် သွေးလှူမည်

မော်လမြိုင်၊ မတ် ၁၇ ။ ။ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ဇီဝိတ မြတ်ဒါန သွေးလှူရှင်များအသင်းသည် မတ်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့တော်သို့ သွေးသွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း အဆိုပါ အသင်း ဥက္ကဋ္ဌ ဦတင်ရွှေက ပြောကြားသည်။

ziwita

ရန်ကုန်မြို့တော်ရှိ သွေးလိုအပ်နေသော လူနာများကို လှူဒါန်းနိုင်ရန် ဇိဝိတ မြတ်ဒါန သွေးလှူရှင်များအသင်းနှင့် လူငယ်တံခွန် လူမှုကူညီရေးအဖွဲ့တို့ စုပေါင်း၍ စေတနာရှင် အင်အား တစ်ရာကျော်ဖြင့် ရန်ကုန်မြို့သို့ သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

“ရောဂါတစ်ခု ဖြစ်လာရင် သွေးက မရှိလို့ မဖြစ်ဘူး။ မိနစ်ပိုင်းအတွင်းမှာ သေရင်လည်း သေသွားနိုင်တယ် ။ အဲဒါကြောင့် ရန်ကုန်က လူနာတွေလည်း သွေးလိုရင် အမြန်ဆုံး ဆောင်ရွက်ပေးနိုင်အောင် ဖြည့်ဆည်းပေးတာပါ”ဟု ဥက္ကဋ္ဌ ဦတင်ရွှေက ဆိုသည်။

Advertisements

မော်လမြိုင်မြို့သို့ သွေးလှူဒါန်းမှု မကြာခဏ ပြုလုပ်ပေးနေရာမှယခုအကြိမ်တွင် ရန်ကုန်မြို့သို့ သွားရောက်လှူဒါန်းခြင်းဖြစ်ကြောင်း ဇိဝိတ မြတ်ဒါန သွေးလှူရှင်များအသင်းထံမှ သိရသည်။

ဇီဝိတ မြတ်ဒါန သွေးလှူရှင်များအသင်းသည် ၂၀၁၂ ခုနှစ်အတွင်းကလည်း ရန်ကုန်သို့ သွားရောက်သွေးလှူဒါန်းခဲ့ပြီး မော်လမြိုင်မြို့တွင်မူ တစ်လတစ်ကြိမ် ပုံမှန်လှူဒါန်းလျက်ရှိကြောင်း ၊ထို့ပြင် ဘားအံမြို့မှ လိုအပ်သည် ဆိုပါကလည်း သွားရောက်လှူဒါန်းပေးလျက်ရှိကြောင်း စက်စဲကျေးရွာ လူငယ်တံခွန် လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦကျော်ခိုင်က ဆိုသည်။

ယခု ရန်ကုန်သွေးလှူခရီးစဉ် တွင် စက်စဲ၊ ကျုံကဒတ်၊ ဝါခရူနှင့် သံဖြူဇရပ်မြို့ပေါ်ရှိ စေတနာရှင်များ သွားရောက်လှူဒါန်းကြမည်ဖြစ်ပြီး စက်စဲမှ အယောက် ၅၀ ကျော်ပါဝင်ကြောင်း စက်စဲကျေးရွာ လူငယ်တံခွန် လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

Advertisements

Leave a Reply