Friday, April 20, 2018

ဘီလူးကျွန်းတွင် မြို့နယ်အကြီးအကဲအမည်ခံကာ ဖုန်းငွေဖြည့်ကတ် တောင်းခံမှုများ ရှိနေ

ချောင်းဆုံ ၊ မတ် ဘီလူးကျွန်း၊ ချောင်းဆုံဒေသတွင် မြို့နယ်အကြီးအကဲများအမည်ခံပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ထံ ဖုန်းငွေဖြည့်ကတ် တောင်းခံနေမှုဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ရာ ယင်းသို့ တောင်းခံလာပါက ဖြည့်ပေးရန် မလိုကြောင်း ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က အသိပေးပြောကြားခဲ့သည်။ “ကျွန်တော်အပါအဝင် ဘယ်ဌာန ဘယ်အဖွဲ့အစည်းက အကြီးအကဲတွေဖြစ်ဖြစ် ဖုန်းဆက်ပြီး ငွေဖြည့်ပေးဖို့ တစ်စုံတစ်ခု တောင်းလာတာတို့ ရှိရင်...

ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်ဟု သတင်းပျံ့ခဲ့သော်လည်း အထ မမြောက်

ချောင်းဆုံ ၊ မတ် ၉ ပြီးခဲ့သည့် ဖေဖော်ဝါရီ စတုတ္ထပတ်အတွင်းက ဘီလူးကျွန်းဒေသအပါအဝင် မွန်ပြည်နယ်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်ဆိုသည့် သတင်းများ နယ်မြေအတွင်း၌ရော လူမှုကွန်ရက်စာမျက်နှာထက်တွင်ပါ ထွက်ပေါ်ပျံ့နှံံ့ခဲ့သော်လည်း ယင်းခရီးစဉ်မှာ အကောင်အထည်ပေါ်၊ အထမြောက်လာခြင်း မရှိခဲ့သည့်အပေါ် ချောင်းဆုံဒေသခံတို့ အနေဖြင့် မချင့်မရဲဖြစ်ရကြောင်း ၎င်းတို့ကိုယ်တိုင်...

ဘီလူးကျွန်းရှိ နေကြာပန်းခင်းသို့ ဝင်ကြေးပေး ဓာတ်ပုံရိုက်သူများ နေ့စဉ်စည်ကား၍ ဒေသခံအချို့ တွက်ခြေကိုက်

ချောင်းဆုံ ၊ မတ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ် ကော့မုပွန်ကျေးရွာပိုင် ကော့ပလုတ်ကွင်းနှင့် ကညှော်ကျေးရွာပိုင် သပြေချင်ကွင်းတို့ရှိ လယ်သမားများ ယခုနှစ် ပဲအစားထိုးသီးနှံအဖြစ် စိုက်ပျိုးထားသော နေကြာပန်းခင်းသို့ ဖေဖော်ဝါရီလအတွင်း၌ ဒေသပြင်ပမှ လူတစ်ဦးလျှင် ဝင်ကြေးကျပ် ၅၀၀ နှုန်းပေး၍ လာရောက်အပန်းဖြေသူများ၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးသူများဖြင့် နေ့စဉ် စည်ကားသိုက်မြိုက်လျက်ရှိရာ...

ရာသီဥတုအနေအထားအရ ယခုလအတွင်း နွားများ ရောဂါဖြစ်ပွားလာ

ချောင်းဆုံ ၊ မတ် ၂ ယခုလအတွင်း ရာသီဥတုအလွန်ုပူပြင်းခြောက်သွေ့လာ၍ ဒေသအတွင်းမှ နွားများ ရောဂါဖြစ်ပွားမှုများရှိလာပြီး သေဆုံးမှုအချို့လည်း ရှိလာကြောင်း၊ လယ်ယာသုံး ခိုင်းကျွဲ နွားများကို ဂရုတစိုက် စောင့်ရှောက်ရန် လိုအပ်လာပြီဖြစ်ကြောင်း ဘီလူးကျွန်းဒေသခံများထံမှ သိရသည်။ “ရွာတွေမှာနွားတွေရောဂါဖြစ်နေတယ်လို့ကြားတယ် ။ဆရာဝန်တွေကလယ်ကွင်းထဲထိဆင်းပြီးတိရစ္ဆာန်တွေကို ဆေးကုသပေးနေတာလည်းတွေ့ရတယ် ။ကျွဲ ၊နွားတွေကလည်းတန်ဖိုးကြီးနေတော့ ရောဂါမဖြစ်ခင်ကြိုတင်ကာ ကွယ်ဆေးတွေလည်းထိုးတယ်။...

ရာသီဥတုနှင့် ပိုးမွှားဒဏ်ကြောင့် ယခုနှစ်ဆောင်းသီးနှံပေါ်ချိန် ပဲအထွက်နှုန်း လျော့ကျနိုင်

ချောင်းဆုံ ၊  ဖေဖေါ်ဝါရီလ ယခုနှစ်တွင်ချောင်းဆုံမြို့နယ်မှ ဆောင်းသီးနှံပဲစိုက်တောင်သူများ၏စိုက်ခင်းများမှာ ရာသီဥတုဒဏ်၊ ပိုးမွှားဖျက်ဆီးမှုဒဏ်များကြောင့်ပဲအထွက်နှုန်းလျော့နည်းနိုင်သည်ဟု ဒေသခံလယ်သ မားအများစုကသုံးသပ်ခန့်မှန်းထားသည်။ ''ဒီနှစ်မှာနှင်းသိပ်မကျဘူး။အစိုဓာတ်ကလည်းနည်းတယ်။ ပဲခင်းတွေမှာပိုးကျတဲ့နေရာကကျ၊ အပင်တွေခြောက်ပြီးသေတဲ့နေရာကသေနဲ့ လောင်မီးဖြစ်တဲ့နေရာဖြစ်၊ပြန့်ပိုး ဖြစ်တဲ့နေရာဖြစ်နဲ့ အပင်တွေကမသန်ဘူးဖြစ်နေတယ် ။အထွက်နှုန်းကောင်းနိုင်မှာမဟုတ်ဘူး”ဟု ကော့မုပွန်ကျေး ရွာလယ်ကွင်းမှ ဦးထွန်းကြိုင်ကဆိုသည်။ ၂၀၁၇ နှစ်ကုန်ပိုင်းအထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုပမာဏမှာ တန်ချိန်လျော့နည်းခြင်း မရှိစေကာမူ တန်ဖိုး ဒေါ်လာ ၇၁၅...

ချောင်းဆုံမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများပြန်လည်ရွေးချယ်ရာ၌ လူဟောင်းအများစုပြန်ရွေးချယ်ခံထားရ

ချောင်းဆုံ ၊ ဖေဖေါ်ဝါရီ ချောင်းဆုံမြို့နယ်တွင် ကျေးရွာအုပ်စု ၄၆ အုပ်စုရှိသည့်အနက် ကျေးရွာအုပ်စု ၄၁ အုပ်စုတွင် ကျေးရွာအုပ်ချုပ် ရေးမှူးများ ပြန်လည်ရွေးချယ်ခဲ့ရာ၌ တာဝန်တစ်ကြိမ်ယူပြီးသား လူဟောင်းအများစုသာ ပြန်လည်ရွေးချယ်ခံထားရပြီး လူသစ် ၁၂ ဦး စတင်တာဝန်ထမ်းရန် နေရာရရှိထားကြောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ “ကျေးရွာအုပ်ချုပ်ရေးမှူးပြန်ပြီးရွေးချယ်ခဲ့ရာမှာ လူဟောင်းက ၂၉ ယောက်...

ဘီလူးကျွန်း မွန်အမျိုးသားနေ့အခမ်းအနားကို လူဦးရေ သောင်းချီဆင်နွှဲ

ချောင်းဆုံ ၊ ဖေဖေါ်ဝါရီ ၇၁ ကြိမ်မြောက်မွန်အမျိုးသားနေ့အခမ်းအနားကို ဘီလူးကျွန်းဒေသ ကိုယ်စားပြုအဖြစ် ယခုနှစ်တွင် ချောင်းဆုံမြို့နယ်၊ သက္ကောကျေးရွာ၌ ကျင်းပရာ ပါဝင်ဆင်နွှဲသူ ဦးရေ တစ်သောင်းကျော် ရှိခဲ့ပြီး ယခင်နှစ်များထက် ပိုမိုစည်ကားခဲ့သည်ဟု ဒေသခံများက တညီတညွတ်တည်း ပြောဆိုကြသည်။ သက္ကောကျေးရွာကွင်းပြင်၌ ကျင်းပသည့် ယင်းအခမ်းအနားသို့ မြေပြင်အကျယ်အဝန်းအရ တက်ရောက်သူအင်အား ၁၂၀၀...

ဆိုင်ကယ်မှောက်၍ သေဆုံးခဲ့သူ အမျိုးသမီးတစ်ဦးအတွက် အာမခံလျော်ကြေးရရှိ

ချောင်းဆုံ ၊ ဇန်နဝါရီ ဆိုင်ကယ်တိမ်းမှောက်ရာမှ သေဆုံးသွားခဲ့ရသော ချောင်းဆုံဒေသခံအမျိုးသမီးတစ်ဦးအတွက် သူတပါးထိခိုက်မှု အာမခံလျော်ကြေးရရှိငွေကို မွန်ပြည်နယ် အာမခံလုပ်ငန်းတာဝန်ခံ ဦးအောင်ဟိန်းကျော်က မိသားစုဝင်များထံ ဇန်နဝါရီလ ၂၃ ရက်တွင် မြို့နယ် ယထက ရုံးတွင် လာရောက်ထုတ်ပေးခဲ့ကြောင်း သိရသည်။ “လွန်ခဲ့တဲ့ ၇ လခန့်က ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း) ချဉ်းကပ်လမ်းပိုင်းမှာ ဆိုင်ကယ်နဲ့ဆိတ်ကို...

ကညှော်ကျေးရွာအထက်တန်းကျောင်း၌အရက်သောက်၍ အရေးယူခံခဲ့ရသော ကျောင်းသား ၁၅ ဦးကျောင်းပြန်တက်ခွင့် ရ

ချောင်းဆုံ ၊ ဇန်နဝါရီ ချောင်းဆုံမြို့နယ် ၊ကညှော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ သတ္တမတန်းနှင့် အဋ္ဌမတန်းကျောင်းသား ၁၅ ဦးတို့ ယခုလ ၁၂ ရက်က ကျောင်းသားစုံညီပွဲတော်နေ့တွင် အရက်သေစာသောက်စားမိ၍ ကျောင်းတက်ခွင့်မရှိ၊ အပြစ်ပေးထားခဲ့ရာမှ ဇန်နဝါရီ ၂၂တွင်ကျောင်းပြန်တက်ခွင့်ပြုလိုက်ကြောင်း မြို့နယ်ပညာရေးမှူး ဦးခင်လှက ဟင်္သာမီဒီယာသို့ ပြောကြားသည်။ ခရိုင်ပညာရေးမှူး ဒေါ်သန်းအေးက...

ကျေးရွာများတွင် အရွယ်မရောက်သေးသောကလေးငယ်များအားအရက်သေစာရောင်းပါကလုပ်ငန်းလိုင်စင် ပိတ်သိမ်းမည်ဟုဆို

ချောင်းဆုံ ၊ ဇန်နဝါရီ ဘီလူးကျွန်းဒေသရှိကျေးရွာများတွင် ယစ်မျိုးလုပ်ငန်းလိုင်စင်ရယူထားသူများ အရွယ်မရောက်သေးသော ကလေးငယ်များအား အရက်သေစာများရောင်းပါက လုပ်ငန်းလိုင်စင်ပိတ်သိမ်းသွားမည်ဟု ချောင်းဆုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က သတိပေးပြောကြားသည်။ “အသက်အရွယ်မပြည့်သေးတဲ့ကလေးငယ်တွေကို အရက်သေစာရောင်းတာတွေ ဆေးလိပ်ရောင်းတာတွေမ လုပ်ကြဖို့လုပ်ငန်းလိုင်စင်ရယူထားသူတွေကိုသတိပေးလိုတယ် သတိပေးထားရက်နဲ့နောက်ထပ်ဖြစ်လာရင် တော့လုပ်ငန်းလိုင်စင်ပိတ်သိမ်းသွားမှာဖြစ်တယ်”ဟု ၎င်း ကပြောသည်။ အရွယ်မရောက်သေးသောကလေးငယ်များအရက်သေစာသောက်စားနေခြင်းကိုသိရှိရ၍ယခုကဲ့သို့သတိပေးရခြင်းဖြစ်ကြောင်း ကလေးငယ်များဘဝအနာဂတ်ကောင်းမွန်ရေးအတွက် မလိုလားအပ်သောပြသနာများမဖြစ်ပွား နိုင်ရန်လည်း ရည်ရွယ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး...
- Advertisement -

Latest article

သင်္ကြန်ကာလအတွင်း မော်လမြိုင် ပြည်သူ့ ဆေးရုံတွင် ထိခိုက်ဒဏ်ရာကြောင့် လာရောက်ကုသသူ ၂၀၀ ကျော်ရှိ

မော်လမြိုင်၊ ဧပြီ ၁၉ မော်လမြိုင် ပြည်သူ့ ဆေးရုံတွင် သင်္ကြန်ကာလအတွင်း ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ ယာဉ်မတော်တဆမှု အပါအဝင် ခိုက်ရန် ဖြစ်ပွားမှုများကြောင့် လာရောက် ကုသသူ ၂၀၇ ဦးအထိ ရှိခဲ့ကြောင်း မော်လမြိုင် ပြည်သူ့ ဆေးရုံအုပ် ဒေါက်တာ...

သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ယခင်နှစ်ထက် ထက်ဝက် လျော့ကျ

မော်လမြိုင်၊ ဧပြီ ၁၈ မွန်ပြည်နယ်တွင် ယခုနှစ် သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ယခင်နှစ်ထက် ထက်ဝက်လျော့ကျလာကြောင်း မွန်ပြည်နယ် အမှတ်(၁၂) ယာဉ်ထိန်း ဒုရဲတပ်ဖွဲ့ခွဲမှူးရုံး မှတ်တမ်းများအရ သိရသည်။ ယခုနှစ် သင်္ကြန်ကာလ ဧပြီ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ ယာဉ်မတော်တဆမှု ၁၄ မှုသာ...

နှစ်သစ်ဆီသို့ အားဖြည့်ချီစို့

မကြာမီ ကုန်ဆုံးလွန်မြောက်တော့မည့် ကောဇာသက္ကရာဇ် ၁၃၇၉ ခုနှစ်သည် မိမိတို့နိုင်ငံနှင့် အစိုးရအဖို့ လှမ်းတိုင်း မရောက်ခဲ့ သလို ပြည်သူမှာလည်း ထင်တိုင်း မပေါက်ခဲ့သော နှစ်ကာလတစ်ရပ်ဟု ကောက်ချက်ချ ရပေမည်။ ပြည်သူက တင်မြှောက်ခဲ့သော “ပြောင်းလဲချိန်တန်ပြီ” ဆောင်ပုဒ်ပိုင်ရှင် အစိုးရ၏ ဒုတိယမြောက် ယင်းသက်တမ်းကာလမှာ မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့သော ရလဒ်များစွာရှိကြောင်းကို ပြည်သူ့ရှေ့မှောက်...
- Advertisement -