ရာသီဥတုဖောက်ပြန်မှုကြောင့် ထိုင်းနှင့် ဖိလစ်ပိုင်ရှိ ကမ်းခြေများ ပိတ်မည်

6

ရာသီဥတုဖောက်ပြန်ခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက်ဆီးလာခြင်းတို့ကြောင့် ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံရှိ ကမ်းခြေတော်တော်များများကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်းသိရသည်။ ထိုသို့ ပိတ်လိုက်ခြင်းကြောင့် အလုပ်အကိုင်ထောင်ပေါင်းများစွာ ဆုံးရှုံးနိုင်ပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေကျနိုင်သော်လည်း ပိတ်ပင်သွားမည်ဖြစ်ကြောင်း သိရသည်။

လီယိုနာဒို ဒီကာပရိယို သရုပ်ဆောင်ခဲ့သော် The Beach ဇာတ်ကားထဲမှ ထိုင်းနိုင်ငံ မာယာကမ်းခြေကို တစ်နှစ်လျှင် လေးလ ပိတ်သွားမည်ဖြစ်သကဲ့သို့ ဖိလစ်ပိုင်နိုင်ငံတွင်လည်း ဘိုရာကေကျွန်းကို ဧပြီလကုန်မှစတင်ကာ ခြောက်လကြာ ပိတ်သွားမည်ဖြစ်သည်။

‘ကျွန်းတွေဟာ တကယ်ကို ပျက်စီးလွယ်တဲ့ သဘာဝပတ်ဝန်းကျင်စနစ်ရှိသည်။ လူတွေအများကြီးလက်မခံနိုင်ဘူး။ လေးတွေ၊ ဟော်တယ်တွေကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းပျက်ဆီးတာမျိုးအဖြစ်မခံနိုင်ဘူး။ သန္တာကျောက်တန်းတွေကလည်း ပင်လယ်ရေးပူပြင်းလာတာရယ်၊ လူအဝင်များလွန်းတာရယ်ကြောင့် ထိခိုက်ပျက်စီးလာနေတယ်။ တစ်ခါတစ်လေကျရင် သဘာဝတရားကြီး ပြန်ကောင်းလာရေးအတွက် လုံးဝပိတ်ပစ်လိုက်ဖို့ လိုအပ်တယ်’ ဟု ပင်လယ်သမုဒ္ဒရာဆိုင်ရာ ကျွမ်းကျင်သူ သွန်သမ်ရွန်နဝါစဝပ်က ပြောသည်။

ထိုင်းနိုင်ငံ၏ သန္တာကျောက်တုံး လေးပုံသုံးပုံခန့်သည် ပင်လယ်ရေအပူချိန် မြင့်လာခြင်းနှင့် အထိန်းအကွပ်မဲ့ ခရီးသွားလုပ်ငန်းများကြောင့် ပျက်ဆီးခဲ့ရပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

ထိုင်းနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် ပင်လယ်ရေငုတ်စခန်းတော်တော်များများကို ပိတ်ပစ်ခဲ့သည်။ အရှေ့တောင်အာရှသည်သန္တာကျောက်တန်းများ ပျက်စီးလာခြင်းကြောင့် ငါးဖမ်းသမားများ၏ ဝင်ငွေများ ထိခိုက်လာသကဲ့သို့ မုန်တိုင်းဒဏ်လည်း ပိုခံလာရသည်။

ဖိလစ်ပိုင်၏ ဘိုရာကေကျွန်းသို့ ပြီးခဲ့သည့်နှစ်က လူပေါင်း ၂ သန်းခန့် လာရောက်လည်ပတ်ခဲ့သည်။ ပြီးခဲ့သည့် လအတွင်းက ထိုကမ်းခြေသို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးလာရောက်လည်ပတ်ပြီးနောက် အမှိုက်များ များပြားလွန်းသဖြင့် ‘မိလ္လာကျင်း’ နှင့် တူသည်ဟု ပြောဆိုခဲ့ကာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြရန် တိုက်တွန်းခဲ့သည်။

Source: ABSCBN

LEAVE A REPLY

Please enter your comment!
Please enter your name here