Myanmar Now

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရွာအနီးရှိ ရက္ခိုင့်တပ်တော်AA ယာယီအခြေပြုစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးက ယနေ့(အောက်တိုဘာ ၁၈ ရက်) ပြောသည်။

ယိုးတရုတ်ရွာ၏ အနောက်ဘက် မိုင်ခန့်အကွာရှိ ကျောက်ပုံတောင်ပေါ်တွင်ရှိနေသည့်အဆိုပါ AA စခန်းကို ယမန်နေ့ မွန်းတည့်ချိန်ခန့်လောက်တွင် တပ်မတော်မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ်နှစ်စီး သုံးစွဲကာ တိုက်ခိုက်ရသည်အထိ ပြင်းထန်ခဲ့ကြောင်း ၎င်းကပြောသည်။

ယနေ့မနက် ၁၁ နာရီခန့်တွင် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် AA စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဆက်လက်ပြောသည်။

စခန်းကနေ မိုင်းတွေအများကြီး သိမ်းမိတယ်။ ကျန်တဲ့အနီးတစ်ဝိုက်ကိုလည်း နယ်မြေဆက်ရှင်းနေတုန်းပဲဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

ယနေ့မနက် အစောပိုင်းမှစတင်ပြီး တပ်မတော်က လက်နက်ကြီးများနှင့် ပစ်ခတ်မှုများရှိနေခဲ့ကာ နေ့လယ်ပိုင်းတွင် မြေပြင်ထိုးစစ်ပါ ပြုလုပ်လာသည့်အတွက် တိုက်ပွဲများ ပြင်းထန်နေကြောင်းနှင့် တိုက်ပွဲအသေးစိတ်အခြေအနေကိုမူ မသိရသေးကြောင်း AA ပြောခွင့်ရအရာရှိ ခိုင်သုခက Myanmar Now ကို ပြောသည်။

ယခုလ ၁၆ ရက်နေ့ကစတင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း တပ်မတော်ဘက်မှ အကျဆုံးများကြောင်းကိုလည်း ၎င်းက ဆက်လက်ပြောသည်။

အောက်တိုဘာလ ၁၇ ရက်က ရသေ့တောင်မြို့နယ် အာကာတောင်ရွာနှင့် ရက်ခုန်တိုင်ရွာအကြားတွင် တိုက်ပွဲဖြစ်ပွားကြောင်းနှင့် အောက်တိုဘာ ၁၈ ရက်က မြောက်ဦးမြို့နယ် တိမ်ညိုရွာအနီးတွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း တပ်မတော်၏ ရိက္ခာထောက်ပို့စခန်းတစ်ခုကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာအနီးတွင် ရွာသုံးရွာခန့် ရှိနေသည့်အတွက် ရွာသားများပိတ်မိနေမည်ကို စိုးရိမ်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် အနီးဆုံးတွင်ရှိသည့် လောက်ပုတ်ရွာမှာ အိမ်ခြေ ၃၀ ခန့်ရှိပြီးအနီးအနားရွာဖြစ်သည့် အောင်မကျော်ရွာသို့ တစ်ရွာလုံးပြောင်းရွှေ့ တိမ်းရှောင်နေရသည်ဟု ၎င်းက ဆက်လက်ပြောသည်။

အရင်တိုက်ပွဲတွေတုန်းက ပြေးဖို့အချိန်ရတယ်၊ အခုက ဗြုန်းခနဲဖြစ်တာဆိုတော့ သူတို့(ရွာသားတွေ) ပြေးဖို့အချိန် မရလိုက်ဘူးဟု ဦးခင်မောင်လတ်က ဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရွာအနီးတွင် မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားလေ့ရှိပြီး ကျန်ခဲ့သည့် မတ် ရက်က ယိုးတရုတ်ရဲစခန်းကို AA က ဝင်ရောက်တိုက်ခိုက်သည့်အတွက် ရဲတပ်ဖွဲ့ဝင် ဦး ကျဆုံးခဲ့သည်။

Leave a Reply