Adidasနဲ့ လုပ်ငန်းတွဲဖက်လုပ်ကိုင်တော့မဲ့ ဘီယွန်စေး

နယူးယောက်၊ ဧပြီ ၆

နာမည်ကျော် အမေရိကန်ပေ့ါပ်အဆိုတော် ဘီယွန်ဆေးဟာ Adidasနဲ့ လုပ်ငန်းတွဲဖက်လုပ်ကိုင်တော့မယ်လို့ ကုမ္ပဏီဘက်က ဧပြီလ ၅ရက်နေ့က ထုတ်ပြန်ပါတယ်။

ဘီယွန်ဆေးဟာ ဖိနပ်နဲ့ အားကစားဝတ်စုံတွေအတွက် ကမ္ဘာကိုစျေးကွက်ဖြန့်တဲ့နေရာမှာ အဓိကထားပူးပေါင်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Adidasရဲ့ ထုတ်ပြန်ချက်အရ ဘီယွန်ဆေးဟာ သူမရဲ့ ဘဝနေထိုင်မှုပုံစံတွေမှာ အသုံးပြုပြီးစျေးကွက်ဖြန့်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဘီယွန်ဆေးဟာ ၂၀၁၆ခုနှစ်ကတည်းက သူမရဲ့ ကိုယ်ပိုင်ဖက်ရှင်ဆိုင်ဖွင့်ထားခဲ့ပြီး Adidasရဲ့ ပင်တိုင်မော်ဒယ်အဖြစ် ကမ်းလှမ်းခံရသူဖြစ်ပါတယ်။ ဒါပေမဲ့အခုပူးပေါင်းမှုမှာတော့ မော်ဒယ်လ်အဖြစ်ထက် စီးပွားရေးတွဲဖက်အဖြစ်သာ လုပ်ကိုင်မှာဖြစ်တယ်လို့ သူမက ဆိုပါတယ်။

Adidas ဟာ နိုင်ငံတကာမှာ ကျော်ကြားတဲ့ တံဆိပ်တစ်ခုဖြစ်ပါတယ်။ အဲ့တာကိုမှ ပိုမိုကျော်ကြားအောင်၊ လူမှုဘဝမှာ မရှိမဖြစ်လိုအပ်တယ်ဆိုတဲ့အကြောင်း ပိုမိုသိစေအောင်လုပ်ပြီးစျေးကွက်ကို ချဲ့ထွင်မှာပါ။ ဒီလိုလုပ်ဆောင်ဖို့အတွက် ကျမမှာအခု တာဝန်ရှိသွားပါပြီ ဟု ဘီယွန်ဆေးက မီဒီယာတွေကိုဖြေကြားခဲ့ပါသေးတယ်။

Adidas ဟာ အရင်ကလည်း နာမည်ကျော် ရက်ပ်အဆိုတော် ကိုင်ဝီဝက်စ်နဲ့လည်း ပူးပေါင်းလုပ်ဆောင်ဖူးပါတယ်။ ဒါ့အပြင် အခြားအနုပညာရှင်တွေဖြစ်တဲ့ ဆန်စမစ်နဲ့ အဆိုတော်များစွာကိုလည်း ဒီလိုပူးပေါင်းဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ သုံးနှစ်တာအတွင်းမှာ ဘီယွန်ဆေးက ပထမဆုံးပူးပေါင်းလုပ်ဆောင်တဲ့ အနုပညာရှင်ဖြစ်ပါတယ်။

နာမည်ကျော်တံဆိပ်တွေဟာ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို စျေးကွက်ချဲ့ဖို့အတွက် အနုပညာရှင်တွေနဲ့ပူးပေါင်း လုပ်ကိုင်လေ့ရှိပါတယ်။ နာမည်ကျော် Puma တံဆိပ်ဟာဆိုရင် လည်း နာမည်ကျော်အဆိုတော်နဲ့ သရုပ်ဆောင် ဆဲလ်လီနာဂိုးမက်စ်နဲ့ ပူးပေါင်းလုပ်ကိုင်နေပါတယ်။

Ref: CNBC

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.