မော်လမြိုင်၊ ဖေဖော်ဝါရီ ၅ ။ ။အသောက ပညာရေးဖောင်ဒေးရှင်းမှ ဦးဆောင်ပြီးပြုလုပ်သည့် Adobe product အားလုံးတွင် အသုံးပြုနိုင် သော အသောကမြန်မာယူနီကုဒ်ဖောင့်တွင်မွန်လက်ကွက်အသစ်ကို ထည့်သွင်းထားကြောင်း ယင်းဖောင်ဒေးရှင်း တာဝန်ခံ ဒီဇိုင်နာနဂါးက ပြောကြားသည်။

Adobe-Product-mm-keyboard-layout-a sao kha“အသောကမြန်မာယူနီကုဒ်ဖောင့် ထုတ်လုပ်တဲ့နေရာမှာ တိုင်းရင်းသား အက္ခရာတွေလဲ ထည့်သွင်းခဲ့တယ်၊ စာရိုက်ဖို့ ကီးဘုတ်တွေလေ့လာတဲ့အခါ မွန်ကီးဘုတ်လက်ကွက်ကို မြန်မာယူနီကုဒ်အဖွဲ့အစည်းက စံအဖြစ် သတ်မှတ်ပေးထားခြင်း မရှိခဲ့ဘူး၊ အရင်က အသုံးပြုခဲ့တဲ့ မွန်လက်ကွက်အသစ်နှစ်မျိုး၊ သုံးမျိုးလောက်ရှိတယ်၊ ဒါပေမဲ့ အဲဒီလက်ကွက်တွေက မွန်စာတတ်လည်း မွန်စာရိုက်ဖို့ခက်ခဲတယ်၊ အခုဆိုရင် ဗမာစာရိုက်တတ်ရင် မွန်စာရိုက်လို့ရပြီ”ဟု ၎င်းမှ ဆက်လက်ပြောဆိုသည်။

ယင်းလက်ကွက်သည် ဗမာလက်ကွက်နှင့် ဆင်တူနေသောကြောင့် မွန်လူမျိုး မဟုတ်သော်လည်း မွန်စာပေ လေ့လာလိုသူများ အနေနှင့် အသုံးပြုနိုင်ကြောင်း ၎င်းကပြောကြားသည်။
မွန်စာပေဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ချက်ဖြင့် မွန်ဘာသာ လက်ကွက်အသစ် ကို ဖန်တီးထားခြင်းဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောသည်။

အသောကဖောင်ဒေးရှင်းက အသောကမြန်မာယူနီကုဒ်ဖောင့်ကို ပရိုဂရမ်မာ ကိုဇေယျာနှင့် ဒီဇိုင်နာကိုနဂါးတို့က ဦးဆောင်ပြီးရေးသားခဲ့ကြောင်း အဆိုပါဖောင်းဒေးရှင်းမှ သိရသည်။
အဆိုပါ ယူနီကုဒ်ဖောင့် Version (1.0) ကို ASOKA Technologies ဖေ့စ်ဘုတ်စာမျက်နှာတွင် အခမဲ့ ရယူနိုင် ကြောင်းကို ယင်းဖောင်ဒေးရှင်းမှ ကြေညာထားသည်။

Leave a Reply