Advertisements

နယူးယောက်၊ သြဂုတ် ၁

ဇူလိုင်လအတွင်းမှာ Appleကုမ္ပဏီရဲ့ထုတ်ကုန်တွေဟာ ကုမ္ပဏီက ရည်မှန်းထားတဲ့ ရောင်းအားထက် သာလွန်တဲ့ ရလဒ်ကို ရခဲ့တယ်လို့ ကုမ္ပဏီဘက်က ကြေညာပါတယ်။

တစ်လတာအတွင်း ရောင်းအားတွေကို ၂၀၁၈ အကုန်ပိုင်းမှ စတင်ကာ လစဉ်ပြုလုပ်လေ့ရှိတဲ့ Apple ကုမ္ပဏီအတွက် ဇူလိုင်လရဲ့ ရောင်းအားဟာ ၂၀၁၉ခုနှစ်အတွင်း အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ထုတ်ကုန်တွေကို တစ်လတစ်ခါရောင်းအားမြှင့်တင်စစ်ဆေးပြီး သုံးလတစ်ခါ ပြန်လည်ဆန်းစစ်တဲ့လုပ်ငန်းစဉ်တွေကို လုပ်ဆောင်လျက်ရှိပါတယ်။

တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေးမပြေလည်မှု ဂယက်ကြောင့်အမေရိကန်အခြေစိုက် Apple ထုတ်ကုန်တွေဟာ တရုတ်နိုင်ငံ အပါအဝင်ဆက်စပ်အာဆီယံနိုင်ငံတွေမှာဈေးကွက်ကျဆင်းခဲ့ရပါတယ်။ ဈေးကွက်ကျဆင်းမှုနဲ့ ရှယ်ယာဈေးကျလာတာကို ပြန်လည်ပြင်ဆင်လိုတဲ့အနေနဲ့ ယခုလို အရောင်းမြှင့်တင်ရေးအရည်အသွေးထိန်းသိမ်းရေးတွေကို စနစ်တကျ ရေရှည်အစီစဉ်နဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ Apple ဘက်ကပြောပါတယ်။

ထို့ပြင် လက်ရှိ iPhone ရောင်းအား တိုးတက်မှု နှေးကွေးနေမှုကို ဝန်ဆောင်မှုကဏ္ဍ တိုးတက်မှုအားကောင်းနေခြင်းနဲ့ ကာမိ]နိုင်ခဲ့တဲ့အတွက် ခုလို ရလဒ်တွေရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရောင်းအားပြန်လည်မြင့်တက်လာတဲ့အတွက် ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးတွေကလည်း ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့ ဇွန်လမှာ ကုန်ဆုံးခဲ့တဲ့ သုံးလပတ်အတွင်းကုမ္ပဏီရဲ့အကျိုးအမြတ် ရရှိမှုကတော့ ယခင်တစ်နှစ် အလားတူကာလကနဲ့ယှဉ်ရင် ၁၃ ရာခိုင်နှုန်း ကျဆင်းပြီး ဒေါ်လာ ၁၀ ဘီလီယံရရှိနေပေမယ့် စုစုပေါင်းဝင်ငွေရရှိမှုကတော့ ၁ ရာခိုင်နှုန်းမြင့်တက်ပြီး ကန်ဒေါ်လာ ၅၃ ဒသမ ၈ ဘီလီယံအထိ ရရှိခဲ့တယ်လို့ သိရပါတယ်။

Apple ကုမ္ပဏီဟာ ဈေးကွက်မြှင့်တင်ရာမှာ ကုန်ပစ္စည်းတွေကို ဈေးလျှော့ပေးတဲ့စနစ်ထက် အရည်အသွေးထိန်းပြီ်း ဝန်ဆောင်မှုပိုပေးတဲ့စနစ်ကို အဓိကကျင့်သုံးခဲ့ခြင်းက ရောင်းအားမှာထိပ်တန်းပြန်လည်ရရှိလာစေတဲ့ လျှို့ဝှက်ချက်ဖြစ်နေတယ်လို့ စီးပွားရေးအရေး လေ့လာသူတွေက ဆိုပါတယ်။

Ref: CNN

Advertisements
<

Leave a Reply