ပေကျင်း မေ ၂၅

အမေရိကန်အခြေစိုက် Apple ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို တင်သွင်းခွင့် ပိတ်ပင်ခဲ့ပြီး တရုတ်ပြည်တွင်းမှာ ထုတ်လုပ်မှုတွေကိုလည်း ရပ်ဆိုင်းလိုက်ကြောင်း တရုတ်အစိုးရက ကြေညာခဲ့ပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဟွာဝေးထုတ်ကုန်တွေကိုလုံခြုံရေးစိတ်မချရကြောင်း ကြေညာချက်ထုတ်ပြီးနောက် Googleအပါအဝင် အမေရိကန်အခြေစိုက် ဆော့ဝဲလ်ကုမ္ပဏီတို့က သူတို့ရဲ့ osတွေကို အသုံးပြုခွင့်ပိတ်ခဲ့တာကြောင့် တရုတ်ဘက်က အမေရိကန်ထုတ်ကုန်ကို ပြန်လည်ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

တရုတ်နဲ့အမေရိကန်ကြားကုန်သွယ်ရေးတင်းမာမှုအကြားမှာ ကုမ္ပဏီတွေဟာ အသီးသီး ချောင်ပိတ်မိနေခဲ့ကြတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဒါပေမဲ့ Apple လို Globalထုတ်ကုန်အတွက်တော့ တရုတ်ဈေးကွက်မရတော့ရုံနဲ့ အထိအခိုက် အနည်းငယ်သာရှိနိုင်ပေမဲ့ ဟွာဝေးကုမ္ပဏီအတွက်တော့ အထိနာချက်ပြင်းခဲ့ပါတယ်။

အလုပ်သမားဈေးကွက်နဲ့ ကုန်ကြမ်းတွေပေါတဲ့ တရုတ်နိုင်ငံဟာ Apple ကုမ္ပဏီအတွက် စမတ်ဖုန်းထုတ်တဲ့ တတိယအကြီးဆုံး နေရာဖြစ်ခဲ့ပါတယ်။

နာမည်ကျော် စီးပွားရေးပညာရှင် ဂိုလ်းမန်းစကန့်ချ်ရဲ့ သုံးသပ်ချက်အရ တရုတ်ရဲ့ပိတ်ပင်မှုဟာ Apple ကုမ္ပဏီကို ၁၇ရာခိုင်နှုန်းလောက်သာနစ်နာစေနိုင်ပေမဲ့ ဟွာဝေးကုမ္ပဏီကတော့ သုံးဆမက နစ်နာဆုံးရှုံးနိုင်တယ်လို့ ဆိုပါတယ်။
၂၀၁၈ခုနှစ်ကုန်လောက်ကလည်း တရုတ်တစ်နိုင်ငံလုံးနီးပါး Appleဖုန်းတွေကို မသုံးတော့ဖို့ လှုပ်ရှားမှုတွေကို လုပ်ခဲ့ဖူးတာကြောင့် ယခုပိတ်ပင်မှုဟာ Appleအတွက် ဖုန်းထုတ်လုပ်တဲ့နေရာတစ်ခု ဆုံးရှုံးရုံအပြင် သိပ်မရှိဘူး လို့ ဂိုလ်းမန်းကပြောပါတယ်။

လက်ရှိမှာတော့ Appleကုမ္ပဏီဟာ တရုတ်နိုင်ငံအစား ဖုန်းထုတ်လုပ်မယ့် နေရာအဖြစ် အိန္ဒိယနိုင်ငံကို ပြောင်းရွှေ့ဖို့ လုပ်ဆောင်နေတာကြောင့် တရုတ်နိုင်ငံအနေနဲ့ လုပ်သားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးဖွယ်ရှိနေပါတယ်။

Ref: CNBC

Leave a Reply