Advertisements

ဒီတစ်ပတ်မှာတော့ ဟင်္သာ ပရိသတ်တွေအတွက် Nivea က အသစ်ထုတ်လိုက်တဲ့ နေရောင်ခြည်ခံ အသားလှဆီ နှစ်မျိူးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ရာသီဥတုကလည်း ပူလာပြီဆိုတော့ အပြင်သွားတဲ့အခါမှာ အသားရေ ပျက်စီးမှုကို ထိန်းသိမ်းနိုင်ဖို့အတွက် အသားလှဆီလေးတွကို ဖော်ပြပေးလိုက်ပါတယ်။

Nivea ကထုတ်လုပ်လိုက်တဲ့ Oil infused Ultra light weight lotion လေးတွေကတော့ အာရှနိုင်ငံရဲ့ အသားအရည်အတွက် အဓိက ဦးစားပေး ထုတ်လုပ်ထားတာဖြစ်ပါတယ်။

လိမ်းထားပြီးရင်(၂၄)နာရီလုံး နေရောင်ကာကွယ်မှုပေးသလို အသားရေမှာ စေးကပ်နေတာတွေ၊ အစိုပြန်နေတာတွေ မဖြစ်ပါဘူးလို့ အာမခံမှုပေးထားပါတယ်။

အနံ့လေးတွေကလည်း သင်းပျံ့တဲ့ ပန်းရနံ့တွေမို့ စိတ်ကို ကြည်လင်စေနိုင်ပါတယ်။ ပုံစံကတော့ အရင်တုန်းက Nivea lotion ဘူးပုံစံ ဆိုပေမယ့် အနံ့ကတော့ နှင်းဆီရနံ့နဲ့ နှင်းချယ်ရီပန်းရနံ့ဆိုပြီး နှစ်မျိုး ထုတ်လုပ်ထားတာဖြစ်ပါတယ်။

အမျိုးသား၊ အမျိူးသမီးနှစ်ဦးလုံး အသုံးပြုလို့ရပါတယ်။ နေအရမ်းပူတဲ့နေ့ တွေဆိုရင်တော့ တစ်နေ့ကို နှစ်ကြိမ်၊ သုံးကြိမ်လိမ်းသင့်တယ်လို့ အကြံပြုပြောထားပါတယ်။

Rose & Argan oil lotion 200mls ကတော့ တစ်ဘူးကို ၁၁,ဝဝဝ ကျပ် ဖြစ်ပါတယ်။ နှင်းဆီရနံ့ကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမယ့်Lotionလေးဖြစ်ပါတယ်။ ဈေးနှုန်းကလည်း သင့်တင့်တဲ့အတွက် ဝယ်ယူသုံးစွဲရတာအဆင်ပြေနိုင်ပါတယ်။ ဘူးလည်းကြီးတဲ့အတွက် တစ်ယောက်တည်း သုံးမယ်ဆိုရင်
နှစ်လ၊ သုံးလအထိ သုံးစွဲနိုင်တယ်လို့ သိရပါတယ်။Cherry blossom & Jojoba oil lotion 400mls ကတော့ ၁၅,ဝဝဝ ကျပ်ဖြစ်ပါတယ်။ အနံ့သင်းသင်းလေး တွေကို သဘောကျတဲ့သူတွေကတော့ ကြိုက်နှစ်သက်ပါလိမ့်မယ်။

Nivea အလှကုန်ပစ္စည်းလေးတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်ကတော့ အသုံးပြုလို့ အသင့်တော်ဆုံး
အလှကုန်ပစ္စည်းအမျိုးအစား အသစ်လေးတွေပဲဖြစ်ပါတယ်။ ဝယ်ယူချင်တယ်ဆိုရင်တော့ သီရိမင်္ဂလာရပ်ကွက်၊ သီရိမင်္ဂလာအိမ်ရာအနီး ဇိဋိလစတိုးဆိုင် အပြင် Niveaအလှကုန်ဆိုင်ကြီးတွေမှာ ဝယ်ယူနိုင်ပါတယ်။

Written by ထိုက်ထိုက်

Advertisements
<

Leave a Reply