လူငယ်ကြိုက် နာမည်ကြီး အဆိုတော်များဖြစ်သော Big Bag ၊ ဝေလ ၊ ဖြူဖြူကျော်သိန်းနှင့် နီနီခင်ဇော်တို့ မော်လမြိုင်မြို့ တွင် ဖျော်ဖြေမည်ဖြစ်ကြောင်း Myanmar Media Managementမှ ဦးစည်သူက ဟင်္သာ မီဒီယာသို့ပြောကြား သည်။b&w

အဆိုပါ ဖျော်ဖြေပွဲကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရာမညအားကစားကွင်းတွင် အောက်တိုဘာလ ၁ရက်နေ့ညနေ ၆နာရီမှ ၁၁နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း Myanmar Media Managementမှ ဦးစည်သူက ဟင်္သာမီဒီယာ သို့ပြောကြားသည်။

ယင်း ဖျော်ဖြေပွဲ လက်မှတ်များကို ရိုးရိုးတန်း ၈၀ဝ၀ကျပ်နှင့် အထူးတန်း ၁၂၀ဝ၀ကျပ်ဖြင့် ရောင်းချသွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါဖျော်ဖြေရေးပွဲကို Myanmar media managementမှ စီစဉ်ပေးခြင်းဖြစ်ပြီး ယင်းအဖွဲ့နေဖြင့် ပထမဦးဆုံးအကြိမ် ဖျော်ဖြေရေးပွဲစီစဉ်ခြင်းဖြစ်ကြောင်းနှင့် ယခင်က လက်ဝှေ့ပွဲများကိုသာ စီစဉ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းဖျော်ဖြေရေးအဖွဲ့သည် စက်တင်ဘာလ ၁၀ရက်နေ့တွင် တောင်ငူမြို့မှ စတင်၍ မော်လမြိုင်၊ မကွေး၊ ပုသိမ်၊ မြိတ်မြို့များသို့ လှည့်လည်ဖျော်ဖြေပေးသွား မည်ဖြစ်ကြောင်းသိရသည်။

Leave a Reply