Buying Guide

ဒီတစ်ပတ်အတွက်တော့ ဟင်္သာစာဖတ်ပရိတ်သတ်တွေကို ချစ်စရာကောင်းပြီးသန့်ရှင်းသပ်ရပ်တဲ့ Pizza ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မော်လမြိုင်မြို့၊ မြိုင်သာယာပန်းခြံအရှေ့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာ ဖွင့်လှစ်ထားတဲ့ Hello Kitty ဆိုင်လေးပဲဖြစ်ပါတယ်။

Pizza အဝိုင်းလိုက်အနေနဲ့လည်း အမျိုးအစားပေါင်း (၁၉)မျိုးကို အော်ဒါမှာယူနိုင်ပါတယ်။ Pizza အဝိုင်းလိုက်တွေကို မိမိစိတ်ကြိုက်ပုံစံမျိုးလည်း မှာယူလိုရပါတယ်။ အော်ဒါ မှာယူချင်ရင်တော့ အချိန်တစ်ရက် ကြိုတင်မှာယူထားရမှာဖြစ်ပါတယ်။ အော်ဒါမှာယူချင်တယ်ဆိုရင်တော့ Pizza အဝိုင်းလိုက်တစ်ခုကို ၅,၆ဝဝ ကျပ်ကနေ ၁၆,ဝဝဝကျပ်အထိ မိမိကြိုက်နှှစ်သက်တဲ့ Pizza အမျိုးအစားကို စိတ်ကြိုက်ရွေးချယ်ပြီး မှာယူနိုင်ပါတယ်။

Pizza နဲ့ မွေးနေ့ပွဲကျင်းပချင်သူများအတွက်လည်း ဆိုင်အပေါ်ထပ်မှာ သီးသန့်ခန်းလေး ပြင်ဆင်ပေး ထားပါတယ်။ မွေးနေ့ပွဲပြုလုပ်ချင်သူတွေအနေနဲ့ ကြိုတင်စာရင်းပေးသွင်းရမှာ ဖြစ်ပြီး ကျသင့်ငွေကိုလည်း အဆင်ပြေစေရန် ညှိနှိုင်းပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

ဈေးနှုန်းလည်း သက်သာသလို Pizza တွေကို အစိတ်လိုက်လည်း ရောင်းတဲ့အတွက် ဝယ်ယူလို့ ပိုပြီးအဆင်ပြေစေနိုင်ပါတယ်။

ဘာဂါချစ်သူတွေအတွက်လည်း ဘာဂါ တစ်ခုကို ၇ဝဝ ကျပ်ကနေ ၂,၅ဝဝ ကျပ်အထိ မိမိကြိုက်နှစ်သက်တဲ့ အမျိုးအစားကို ဝယ်ယူစားသောက်နိုင်ပါတယ်။ Special buger ဆိုပြီးတော့ ဆန်းသစ်တဲ့ ဘာဂါပုံစံသစ်လေးတွေကိုလည်း မှာယူနိုင်ပါတယ်။ ထုတ်ပိုးမှုပုံစံလှလှလေးနဲ့ သပ်ရပ်တဲ့ဘာဂါလေးတွေက စားသုံးသူတွေ စိတ်တိုင်းကျစေမှာပါ။

Pizza၊ ဘာဂါ၊ ဟော့ဒေါ့၊ အာလူးချောင်းကြော်နဲ့ အခြား Snack တွေအပြင် Coffee, Frappucino,Fresh Juice, Soda, Freeze, ice cream, Cocktail ၊ အခြားအအေးအမျိုးအစားပေါင်း စုံလင်စွာ ရရှိနိုင်ပါတယ်။
ဆိုင်ဖွင့်ချိန်ကတော့ မနက် (၁ဝ)နာရီကနေ ည (၉) နာရီထိ ဖြစ်ပါတယ်။

Written by ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်