fbpx
24 C
Mawlamyine, MM
Monday, July 16, 2018

မော်လမြိုင်အိမ်ဆိုင်များရှေ့ ဖြတ်လျှောက်ခြင်း

အိမ်ဆိုင်..... ဘာမှတော့မထူးဆန်း။ မြို့ပြနှင့် ကျေးလက်၏ လူနေစု ရပ်ကွက်တကာ၌ လမ်းကြိုလမ်းကြားပါမကျန် ဟိုဟိုသည်သည် နေ့စဉ်မြင်တွေ့နေကျ မြင်ကွင်းများထဲမှ မထူးထွေမဆန်းပြားသည့် ပုံရိပ်။ လူသုံးကုန်ပစ္စည်းဈေးကွက်ယန္တရား၏ အသေးငယ်ဆုံးအစိတ်အပိုင်း၊ အောက်ခြေလူတန်းစားအစ လူလတ်တန်းစား၊ အစိုးရဝန်ထမ်းအပါအဝင် သူသူငါငါအလွှာစုံ နေ့ညအစဉ် ထိတွေ့ဆက်ဆံပတ်သက်နေရသည့် ကုန်စည်ရပ်ဝန်းငယ်။ ရင်းနှီးကျွမ်းဝင်လွန်း၍ ရိုးအီနေပြီဖြစ်သည့် လူမှုဘဝရှုခင်းမှ ပုံရိပ်တစ်စွန်းတစ်စဟု ဆိုနိုင်သည်။ အိမ်ဆိုင်တစ်ဆိုင်၊...

ရွှေ့ပြောင်းသူများရဲ့ အခြေချရာဒေသ

လယ်ကွင်းပြင် တစ်ခုလုံး တံလျက်ထနေချိန် ထန်းပင်ပုလေးတစ်ပင်ရဲ့ ထိုးထွက်နေသော အကိုင်းအခက် အောက်မှာနေ့လည်စာအတွက် အိမ်မှ ပါလာသည့် ထမင်းချိုင့်ကို ရှောက်သီးသုပ်ဖြင့် စားလိုက်ပြီး လုပ်လက်စဖြစ်သည့် စပါးရေသွင်းခြင်းကို လက်စသတ်ရန် ထန်းပင်အောက်မှ တစ်ခေါ်စာဝေးသည့် စပါးကြဲခင်းအတွင်းသို့ ဦးမောင်ခင် တစ်ယောက် ခပ်သုတ်သုတ်ပြန်လျှောက်လာခဲ့သည်။ မိုးစပါးရိတ်သိမ်းအပြီး၌ ချက်ခြင်းဆိုသလို မျိုးကြဲပြီး စိုက်ပျိုးထားသည့်...

ယုံကြည်မှုနှင့် အသက်ဆက်နေသည်

ချမ်းအေးလှသည့် ဆောင်းရာသီ၏ နေဝင်ပျိုးစ အချိန်တစ်ခု၌ မော်လမြိုင်မြို့ပေါ် လူသူအများစုမှာ အနားယူနေကြပြီ ဖြစ်သော်လည်း သံလွင်မြစ်ကမ်းနံဘေးရှိ ငါးဖမ်းလှေတစ်စီးအပေါ်မှ တံငါသည် ခြောက်ဦးမှာကား အအေးဒဏ်ကို မမှုပဲ ကိုယ်စီ အလုပ်ရှုပ်လျက်ရှိနေသည်။ ပင်လယ်ပြင်သို့ ထွက်ပြီး ငါးဖမ်းရသည့် ငါးဖမ်းလုပ်သားများ၏ အရေးကြီးသည့် အလုပ်များထဲမှ အသက်တမျှ အရေးအကြီးဆုံး အလုပ်ဟု...

ရော်ဘာကိုဘယ်သူကယ်ပါ့မယ်

တစ်ချိန်ကသူတို့မိသားစုဝမ်းရေးအပြင် အနာဂတ် စိတ်ကူးအိပ်မက်တွေကိုပါ ဖြည့်ဆည်းပေးခဲ့သည့် ရော်ဘာပင်များကို ဦးတင့်လွင် အမြတ်တနိုးတန်ဖိုးထားခဲ့သော်လည်းယခုအခါမှာတော့ မတည်ငြိမ်သည့် ရော်ဘာဈေးကြောင့် သူ၏ရော်ဘာခြံကိုရောင်းချရန် ကြေညာထားပြီး ဖြစ်သည်။ “ဟိုတုန်းကရော်ဘာဈေးကောင်းတယ်။ ရော်ဘာဈေးတွေကျနေတာ ကြာပြီ။ အလုပ်သမားပေးရတာနဲ့ မြေဆီဖိုးနဲ့ နောက် ပေါင်းရှင်းရတာနဲ့ ကိုယ့်အတွက် ဘာမှမကျန်တာကြာပြီ။ ဒီနှစ်တော့ နည်းနည်းလေးဈေးပြန်ရလာတယ်။ ဒါပေမယ့် ကျွန်တော်တော့...

အဖွားအိုအပြုံးနဲ့ အဖိုးအိုသောက

တစ်ထပ်ပျဉ်ထောင်အိမ်ရှေ့ထိုးထားသည့် တာလပတ်မိုးမဏ္ဍပ်အောက်မှာတည်ခင်းထားသောစတုဒိသာ ထမင်းဟင်းဝိုင်းကလူစည်ကားနေသည်။ စတုဒိ ထမင်းဝိုင်းကိုအရွယ်သုံးပါးမရွေး တပျော်တစ်ပါးစားသောက်နေကြသည်ဟူသောအသိကြောင့် ပါးရိုးအောက်ကချိုင့်နေပြီးဖြစ်တဲ့ မွေးနေ့ရှင် ဒေါ်သောင်းညွှန့်သည် ပီတိဖြာနေလေ၏။ ဇရာ၏ဒဏ်ကြောင့် အကြားနှင့် အမြင်အာရုံချို့ယွင်းခဲ့သော်လည်းမိခင်ဝမ်းကကျွတ်ပြီးသည့်အချိန်မှစ၍ ဘဝကိုသက်သောင့်သက်သာဖြင့်ဖြတ်သန်းခဲ့ရသောဒေါ်သောင်းညွှန့်မှာတန်ဆောင်မုန်းလပြည့်နေ့ကအသက်၁ဝ၄နှစ်ပြည့်ခဲ့ပြီးဖြစ်သည်။ “အသက် တစ်ရာပြည့်တဲ့အချိန်ကစပြီးအလှူလုပ်လာခဲ့တာ ဒီတန်ဆောင်းမုန်းလပြည့်နေ့ဆိုရင် လေးနှစ် ရှိသွားပြီ၊ နေရထိုင်ရတာဘာအခက်အခဲမှမရှိဘူး၊ အားလုံးအဆင်ပြေတယ်”ဟုအမယ်ကြီးဒေါ်သောင်းညွှန့်က ကွမ်းမြုံ့ရင်းဆိုသည်။ ဒေါ်သောင်းညွှန့်လိုအသက်ရှည်ရှည်နှင့် စိတ်ချမ်းချမ်းသာသာနေထိုင်နိုင်သောသက်ကြီးရွယ်အိုများကရှားပါးလှပါသည်။ အသက်အရွယ် ကြီးရင့်ချိန်တွင် မိသားစု၏ ထောက်ပံ့မှုများမပေးနိုင်မှုကြောင့် မိမိဝမ်းရေးအတွက်...

နိုင်ငံ၏ ကျက်သရေခန်း (သို့မဟုတ်) တက္ကသိုလ်များ

နိုင်ငံတစ်ခုရဲ့ယဉ်ကျေးမှုဘယ်လောက် မြင့်မားသလဲဆိုတာကြည့်ချင်ရင် အဲဒီနိုင်ငံရဲ့တက္ကသိုလ် တွေကိုကြည့် ပါလို့ဆိုတယ်။ တက္ကသိုလ်တွေဟာ အမျိုးသားနိုင်ငံတွေထက် စောပြီးပေါ်ပေါက်ခဲ့တယ်။ အချို့ဆိုရင် နှစ်ပေါင်း ၁၅၀ဝ လောက်ရှိပြီ။ ဥရောပနဲ့အမေရိကကနာမည်ကျော်တက္ကသိုလ် များစွာ ဟာလွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀ ကျော်က ပေါ်ပေါက်ခဲ့တာဖြစ်တယ်။ ချူလာလောင်ကောင်းတက္ကသိုလ် ကို ထိုင်းပါလီမန်အစိုးရမပေါ်ခင် ၁၉၁၇မှာ တည်ထောင်တယ်။ အောက်စဖို့ တက္ကသိုလ်က...

မွန်ပြည်နယ်လွှတ်တော်၏ အနီးမြင်ကွင်း

အစိုးရသစ်၏(၆) လတာကာလအတွင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အတွင်းတွင်ရော၊ ပြည်နယ်/ တိုင်းဒေသကြီးများတွင်လုပ်သည့် လွှတ်တော်များတွင်ပါ အစိုးရနှင့် လွှတ်တော်တို့၏ ပွန်းတိုက်မှုတချို့ကို တွေ့ရှိခဲ့ရပေသည်။ ထိုထဲတွင် မွန်ပြည်နယ်လွှတ်တော်နှင့် မွန်ပြည်နယ်အစိုးရတို့၏ ပွန်းတိုက်မှုကား ပြည်ထောင်စုအဆင့် လွှတ်တော်များနှင့် အခြားပြည်နယ်တိုင်းဒေသကြီးတို့တွင် ဖြစ်သွားသည့် ပွန်းတိုက်မှုတို့ထက်မလျော့၊ ပို၍သာနာမည်ကျော်ကြားလှသဖြင့် ၂၀၁၆ အောက်တိုဘာ ၃ရက်နေ့မှ...

ငါးဖမ်းလုပ်ငန်း လွန်ဆွဲပွဲ

မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် သောင်ဆွဲပိုက် လုပ်သားများနှင့် ကျားဓမင်းပိုက် လုပ်သားများက သောင်ဆွဲ ငါးဖမ်းလုပ်ကွက်နှင့် ပတ်သက်၍ ညှိနိုင်းနေကြစဉ် အော်ဟစ်ပြောဆိုသံတစ်ခု ထွက်ပေါ်လာသည်မှာ “ဒီမှာရှိတဲ့ လူတွေအားလုံးဟာ ဆင်းရဲသား မဟုတ်ပါဘူး၊ အားလုံးသူဌေးကြီးပဲ”ဟု မောင်ငံတွင် နေထိုင်သော သောင်ဆွဲပိုက်လုပ်ကိုင်သူ ဒေါ်မမိချိုက ပြောဆိုလိုက်သည်။ ငါးအထိအမိကောင်းသော နေရာများတွင် သောင်ဆွဲပိုက်...

ကျိုက်ထီးရိုး လွတ်မြောက်ချိန် ရောက်ပြီလော

နာမည်ကျော် ကျိုက်ထီးရိုးဘုရားသည်ကား စီးပွားရေးလုပ်ငန်းရှင်အချို့၏ စီးပွားရှာရေးအကွက်အကွင်းထဲ လွန်ခဲ့သည့်နှစ်များအတွင်း မသိမသာကျရောက် ခဲ့ ရသည်။ အချို့သော ကျိုက်ထီးရိုးဘုရားအမီပြု စီးပွားရေးလုပ်ငန်းများကြောင့် ဘုရားဖူးလာသူများ၏ ဝေဖန်မှုဆက်တိုက်ခံ ခဲ့ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရသစ် တက်လာပြီးနောက်ပိုင်းတွင် ကမ္ဘာလည့်ခရီးသည်များ မျက်စိကျကာ အများဆုံး လာရောက်ဖူးမျှော်ကြသည့် ကျိုက်ထီးရိုးစေတီ ရင်ပြင်ပေါ်ကအရှုပ်တော်ပုံ များကို...

ကလေးငယ်များ လုံခြုံရဲ့လား

ကလေးများ သည်နိုင်ငံ ၏ အနာဂတ် ဟုပြောဆို ကြလျှင် ။ကလေးသူငယ် များ ၏ လုံခြုံရေး ခြိမ်းခြောက် ခံနေရ ခြင်း သည် နိုင်ငံ အနာဂတ်ကိုခြိမ်းခြောက်ခြင်း ဟုဆိုနိုင်မည် ။ ကလေးသူ ငယ်များ လုံခြုံရေး နှင့် ပတ်သက် ပြီး ခြိမ်းခြောက်...
- Advertisement -

Latest article

မွန်ပါတီ ပေါင်းစည်းရေး အထူးသတိပြုစရာ

မွန်နိုင်ငံရေး ပါတီ နှစ်ခု ဖြစ်သော မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီတို့ မကြာခင် ပေါင်းစည်းတော့မည်ဟု နှစ်ဖက်ပါတီ တာဝန်ရှိသူက ထုတ်ဖော် ပြောဆိုမှုများ ရှိလာခဲ့ပြီ။ တစ်ဖက်တွင်လည်း မွန်အမျိုးသား ကိုယ်စားပြု ပါတီ တည်ထောင်လိုသူများကလည်း ရွေးကောက်ပွဲ ကော်မရှင်၌ တရားဝင် မှတ်ပုံတင်မည့် အရေးကို...

မော်လမြိုင်ဆေးရုံကြီးမှာ….အခမဲ့ရနိုင်တဲ့-မရနိုင်မယ့် အရာတွေ

မွန်ပြည်နယ်၊ မော်လမြိုင်ဆေးရုံကြီးဝင်းအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ဆိုင်ကယ်ရပ်နားရန် ယာဉ်အပ်နှံခအဖြစ် ငွေကျပ် ၂၀၀ ကုန်ကျနိုင်သည့် ဆေးရုံတွင် အခမဲ့ ရယူနိုင်သော ဆေးနှင့် ဆေးပစ္စည်းအချို့ကလည်း အသေအချာ ရှိနေပါသည်။   အခမဲ့ရနိုင်တာ/မရနိုင်တာ “နိုင်ငံတော်က ပေးတဲ့ ဆေးတွေနဲ့ ဆေးကုမ္ပဏီတွေက ကျွန်တော်တို့ တင်ဒါခေါ် ဝယ်ယူထားတဲ့ ဆေးတွေကို အခမဲ့ပေးတယ်။ မရှိတဲ့...

တက္ကသိုလ်ဝင်တန်း အောင်ချက် မြင့်မားစေရန် မိဘများ ကူညီရန် လို

မော်လမြိုင်၊ ဇူလိုင် မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားစေရန်အတွက် ဆရာ၊ဆရာမများသာမက မိဘများ၏ အကူအညီ ပါဝင်ရန် များစွာလိုအပ်လျှက်ရှိကြောင်း ကျိုက်မရောမြို့နယ်ပညာရေးမှူး၊ ဦးငွေဝင်းက ပြောကြားသည်။ ကျိုက်မရောမြို့နယ်၊ ကော့ပနာကျေးရွာ၊ အခြေခံအထက်တန်းကျောင်း(ခွဲ) အတွင်း ဟင်္သာခန်းမဆောင်တွင် ဇူလိုင်လ ၄ရက်က ကျင်းပသော တက္ကသိုလ်ဝင်တန်း အောက်ချက်မြင့်မားရေးဟောပြောပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ “အောင်ချက်မြင့်တက်လာဖို့ဆိုတာက ကျောင်းသားတွေ၊ ဆရာ၊ဆရာမတွေမှာပဲ တာဝန်ရှိတာမဟုတ်ပါဘူး၊...
- Advertisement -