26.5 C
Mawlamyine
Thursday, January 24, 2019

ဘဝအလှများဖန်တီးနိုင်ကြပါစေ

အလှဆိုသည်မှာ လူသားတိုင်းနှစ်သက်မြတ်နိုးကြသောအရာဖြစ်ပါသည်။မိမိကိုယ်ကိုလှပအောင်အလှပြင်ကြပါ သည်။မိမိပတ်ဝန်းကျင်လှပစေရန် ပန်းပင်များ၊သစ်ပင်များစိုက်ပျိုးကြပါသည်။တစ်ဦးနှင့်တစ်ဦးအလှဆင်ပုံခြင်း မတူညီကြပါပေ။အချို့ကား ရုပ်အလှဆင်ကြသကဲ့သို့အချို့ကားစိတ်အလှဆင်ကြပါသည်။ရုပ်အလှနှင့်စိတ်အ လှနှစ်မျိုးုလုံးဆင်ကြသူများလည်းရှိကြပါ၏။အလှနှစ်မျိုးလုံးဖန်တီးနိုင်သူများသည် ပျောရွှင်အောင်မြင်သူများ ဖြစ်ကြပါသည်။ မည်သည့်အလှပဲဆင်ဆင် အလှဟူသည် မြင်သူတိုင်း၊ခံစားသူတိုင်း၏ရင်ကိုအေးမြစေပါသည်။အလှတွင်ဆွဲအား ရှိသည်။လှပသောမိန်းကလေးတစ်ယောက်လမ်းလျှောက်လာသည်ကိုမြင်လျှင် အများစုကငေးကြည့်ကြသည်။ ထိုသို့ငေးကြည့်မိခြင်းသည် အလှ၏ဆွဲဆောင်မှုကြောင့်ပင်ဖြစ်ပါသည်။ထို့အတူပန်းလေးတစ်ပွင့်စွင့်စွင့်ငွားငွား ပွင့်နေသည်ကို မြင်မိသူတိုင်း “ပန်းလေးကလှလိုက်တာ …မွှေးလိုက်တာ ”ဟူသောချီးမွမ်းစကားများပြောလေ့ ရှိကြပါသည်။ အလှတွင်နှစ်မျိုးရှိပါသည်။ထိုအလှနှစ်မျိုးမှာရုပ်အလှနှင့်စိတ်အလှတို့ဖြစ်ပါသည်။ရုပ်အလှကိုပြင်ဆင်သူခြယ်သသူတွေများသလောက် စိတ်အလှကိုပြင်ဆင်ခြယ်သဖို့မေ့နေကြပါသည်။ဘဝ၏အလှစစ်သည်စိတ်အလှပင်ဖြစ် ပါသည်။ရုပ်အလှသည် ပျက်စီးယိုယွင်းသောသဘောရှိသည်။ပျက်စီးယိုယွင်းသောသဘောရှိသည့်ရုပ်အလှကို...

မမှားသေးခင် သိစေချင်

ကြက်ဆူတောသားများကား ခေတ်အမျိုးမျိုး စနစ်အမျိုးမျိုးနှင့် အကျွမ်းတဝင်ရှိခဲ့ဖူး၏။ အားလုံး သည်ဟုတ်မလိုလိုနှင့် နွားချေးများသာတည်း။ ထိုစနစ်အမျိုးမျိုးကို ကိုယ်တိုင်ကြုံဖူးကြသဖြင့် သူတို့ခမျာ ရှင်ကြီးဝမ်းထဲသို့သော်လည်းကောင်း၊ ရှင်ငယ်ဝမ်းထဲသို့သော်လည်းကောင်း ဝင်ခဲ့ဘူးသော မအူမလည် သူငယ်၏အဖြစ်ကဲ့သို့ နံစော်ခဲ့ဖူး၏။ ပူလောင်ခဲ့ဖူး၏။ လင်ယူမှားသော လင်ဆိုးမယားကဲ့သို့လည်း တဖားဖား ဖြစ်ခဲ့ရဖူး၏။ အဓမ္မအကျင့်ခံခဲ့ရသော လုံမပျိုကဲ့သို့ နာလည်းနာ နံလည်းနံ ခံစားရလည်းခက်ဆို သကဲ့သို့ အတိဒုက္ခလည်းရောက်ခဲ့ရပေ၏။ အကယ်စင်စစ်သူတို့ဘဝကား လွန်စွာသနားစရာကောင်းလွန်းလှချေ၏။ သို့သော်လည်း သူတို့ကား ဘာကိုမှ...

ဒေဝါသိကြား မစပါ

  ဆရာချွန် ကြက်ဆူတောသားများကား ရှေးဘေးလောင်းတော် ဘိုးလောင်းတော်များလက်ထက်ကပင် တစ်ခုခုကို လုပ်ကြကိုင်ကြတော့မည်ဟေ့ဆိုလျှင် ကြီးကြီးမားမားကြုံးဝါးပြီး ခန့်ခန့်ညားညား လုပ်တတ် ကိုင်တတ်သူများဖြစ် ချေတော့သည်။ ရှေးယခင်က ကြက်ဆူတော၏ လျော့ရဲနိမ့်ကျနေသော ယိုယွင်းလာသည့် အားကစားလောကကို ပြန် လည်ထူမတ်ရန်အတွက်ဆောင်ပုဒ်တစ်ခုထုတ်၍ ကြုံးဝါးကာ ဝင်ရောက်ယှဉ်ပြိုင်စေ၏။ ဟုတ်ကဲ့ ၊အားကစား လောကပြန်လည်ဖွံ့ဖြိုးမလာခဲ့ပါ။ အထူးသဖြင့် အရင်က ကိုယ်ထင်သလိုခြယ်လှယ်နိုင်ခဲ့သော ဘောလုံးအားက စား ချီးကျူးမခံနိုင်လောက်အောင် အခြေအနေဆိုးခဲ့ပါသည်ခင်ဗျာ။ အခြားအားကစားများသည်လည်း ထူးမခြား နားပင်ဖြစ်ပါသတည်း။ ဟုတ်ကဲ့...

ရှေ့ကဆိုသလိုပဲ

ကြက်ဆူတောရွာသားများကြား ၂၀၁၈ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ပြောစရာဆိုစရာများ အလွန်များပြားသွားလေ၏။ ကြက်ဆူတောရွာသားတို့၏ ထုံးစံကား တစ်ခုခုဖြစ်ပြီးလျှင် ခွဲခြမ်းစိပ်ဖြာ၏။ စိတ်သန်သလိုကောက်ချက်ချ၏။ ထိုအခါ ထွက်လာသောအဖြေများကား တစ်ဝက်လွဲ၍ ကျန်တစ်ဝက်ကား မှား၏။ ယခုလည်းကြက်ဆူတော၏ Google စားသောက်ဆိုင်တွင် သူတို့တစ်ဖွဲ့ လေသေနတ်ပစ်ရန် စုရုံး ရောက်ရှိလာကြကုန်၏။ ပထမဆုံးကြက်ဆူတောရွာ၏ အငယ်ဆုံးသော ပညာရှင်ဖြစ်သည့် သစ္စာလေးပါး မောင်လွမ်းမိုးလေးက သူ့အမြင်ကိုစတင်ပြောကြားလေ၏။ "မောင်ရင်တို့သတိထားမိလေသလား၊ ၂၀၁၅ ရွေးကောက်ပွဲမှာ အနီပါတီက သောင်ပြိုကမ်းညွတ် အနိုင်ရခဲ့ပေမယ့်...

မြတ်ဆရာနှင့် သူတော်ဥစ္စာ ၇ ပါး

ကမ္ဘာပေါ်တွင်သက်ရှိသတ္တဝါပေါင်း မြောက်မြားစွာ ရှင်သန်နေထိုင်လျက်ရှိရာ အခြားသက်ရှိများထက် လူတို့၏ဘဝယဉ်ကျေးမှုမြင့်မားလာခြင်း၊ လူနေမှုဘဝတိုးတက်လာခြင်း၊ ဉာဏ်ပညာအဆင့်ဆင့်မြင့်မားတိုးတက် လာခြင်းတို့၏ အဓိကအကြောင်းရင်းမှာ လူသားမျိုးနွယ်စုတို့ကို ဆင့်ကဲဆင့်ကဲ သင်ကြားပေးသော ဆရာများကြောင့် ဖြစ်သည်ဟု ထင်မြင်ယူဆမိပါသည်။ အနာဂတ်နိုင်ငံတော်အတွက် ခေါင်းဆောင်လောင်းများ၊ နောက်လိုက်ကောင်းများ၊ ပညာရှင်လောင်း များ မွေးထုတ်ပေးနေသူများဖြစ်ပါသည်။ ပညာရေးစနစ်၏ ရလဒ်ကောင်းများထွက်ပေါ်လာအောင် အဓိကကြိုး စားရမည့်သူများဖြစ်သည့်...

မရလို့ပါခင်ဗျာ

ကြက်ဆူတောရွာသားအများစုတို့တွင် လက်သုံးစကားတစ်ခုရှိ၏။ ထိုစကားသည်ကား "မရလို့ပါခင်ဗျာ ရရင်လုပ်ပေးပါတယ် " ဟူ၏။ ထိုစကားတွင်ကျယ်လိုက်ပုံများ၊ ဈေးအရောင်းအဝယ်တွင်ဖြစ်စေ။ ဌာန ဆိုင်ရာ လုပ်ငန်းတို့နှင့်ပတ်သက်၍ဖြစ်စေ တစ်နည်းနည်းအကျုံးဝင်နေတတ်သော စကားပင်ဖြစ်သတည်း။ ထိုစကားနှင့်နွှယ်၍ ခုတစ်လော စိနတိုင်းသားများနှင့် အမေရိကန်တိုင်းသားများကြား ကုန်သွယ်မှုကို အကြောင်းပြု၍ ငွေကြေးစစ်ပွဲဖြစ်ပွား၏။ ကမ္ဘာဟုခေါ်သော ဤရွာကြီးထဲတွင် စိနတိုင်းသားတို့လက်ခံသုံးစွဲ သောငွေကြေးကား ယွမ်ဟူ၏။ အမေရိကန်တိုင်းသားများကြားသာမကဘဲ ကမ္ဘာဟုခေါ်သော ဤရွာကြီးထဲ တွင် အားလုံးစံပြုသုံးစွဲကြသော ငွေကြေးကား ဒေါ်လာ...

စတုတ္ထမဏ္ဍိုင်အတွင်းမှ သတင်းနှင့် သတင်းထောက်များ

ခေတ်အဆက်ဆက်တိုင်း၌ ထူးခြားသောဖြစ်စဉ်၊ဖြစ်ရပ်များကိုသတင်းထူးများအဖြစ် သတင်းဦးမှုရရှိစေရန် သတင်းထောက်များမှ သူ့ထက်ငါ အပြိုင်အဆိုင်ရယူဖော်ပြနေကြသည်။ အချို့သောသတင်းထောက်များမှာ သတင်းအခြေခံစတင်ဖြစ်ပေါ်ရာ အခင်းဖြစ်ရပ်များသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ကာတိကျမှန်ကန်သော သတင်းကောင်းတစ်ပုဒ်ဖြစ်စေရန် ကြိုးစားအားထုတ်၍ ဖော်ပြလျက်ရှိကြသော်လည်းအချို့သောသတင်းသမားတို့မှာ တစ်ဆင့်ကြားသိရသော သတင်းပြီးပြည့်စုံမှုမရှိသေးသော သတင်းအကျဉ်းများကို အကျယ်ချဲ့ကာရေးသားဖော်ပြတတ်ကြသည်။ သတင်းဟု ဆိုလိုက်သည်နှင့် မှန်ကန်မှုတိကျမှုရှိရမည်။ သတင်းသမားများသည် စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေးနှင့်ပတ်သက်သော ပြည်သူတို့၏ အကျိုးစီးပွားတိုးတက်ရာတိုးတက်ကြောင်းများကို နည်းမှန်လမ်းမှန်...

ကပ်သင့်နေသော ရွာသားများ

ကြက်ဆူတောရွာသားများကား ကပ်ကြီးသုံးပါးဖြစ်သော ဒု ဗ္ဘိက္ခန္တရကပ်၊(အစာရေစာငတ်မွတ် ခေါင်းပါးခြင်းဘေး)၊ သတ္ထန္တရကပ်(တိုက်ခိုက်သတ်ဖြတ်စစ်မက်ဖြစ်ပွားခြင်းဘေး)၊ ရောဂါန္တရကပ်( အနာ ရောဂါကျရောက်သေကြေပျက်စီးခြင်း) တည်းဟူသော ကပ်ကြီးသုံးပါးအပြင်၊ နောက်တိုး ဘေးအန္တရာယ်များဖြစ်သော၊ MPT, TELENOR, OREDOO,MY TEL စသောကတ်ကြီးလေးပါး၏ မတရားနှိပ်စက်ခြင်း ကိုလည်း ခံရရှာသေးချေ၏။ ကြက်ဆူတော ဘိုးဘေးဘီဘင်တို့လက်ထက်က ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊...

သေချာသူများ

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထွက်တာ သိလိုက်ရချိန်မှာ ငယ်ဘ၀ ပဉ္စမတန်းတုန်းကအဖြစ်တွေကို ကျွန်တော်သွားသတိရတယ်။ အောင်စာရင်းထွက်တဲ့နေ့မှာ မိမိကိုယ်မိမိ သိပ်သေချာနေလို့ အောင်စာရင်းတောင် သွားမကြည့်ခဲ့ပါဘူး။ အောင်စာရင်းကြည့်ပြီးပြန်လာတဲ့ သူငယ်ချင်းက ``ဟေ့ကောင် - နင်အောင်တယ်´´ ဆိုပြီး ကျွန်တော့ကို လာပြောတယ်။ ကျွန်တော်က ခေါင်းညိတ်ပြီး ပြုံးပြလိုက်တယ်။ ဒီသတင်းကြောင့် ဝမ်းမသာမိသလို အံ့လည်း...

အစရိုးသော ရွာသားများ

လွန်ခဲ့သော နှစ်တစ်ရာခန့်က ကြက်တောရွာသားများ ရိုးသားခဲ့ကြသည်။ ထိုအချိန်က ရွှေမှန်ကင်း အစစ် ထင်းဖြစ်ခဲ့ရလေသောကြောင့် တခြားရွာသားများ လာရောက်ဗိုလ်ကျစိုးမိုးမှုကို စည်းလုံးခြင်းသည် အင်အားဆိုသောစကားနှင့်အညီ စုပေါင်းတွန်းလှန် ရွာကိုပြန်ယူရင်း ပြောင်းလဲနေသော ခေတ်စနစ်နှင့်အညီ ရွာအကျိုးအတွက် အားကျိုးမာန်တက် ဆောင်ရွက်ခဲ့ကြပေသည်။ ရွာတစ်ရွာတည်လျှင် ကောင်းသူများချည်း ဖွဲ့စည်းထားသည်မဟုတ်။ ဆိုးသွမ်းသူ ကိုယ်ကျိုးရှာသူများရှိတတ်သကဲ့သို့ အလွန်သနားစရာကောင်း...
- Advertisement -

Latest article

ဒဏ်ကြေးကို တရားရုံးတွင် မဆောင်ခိုင်းဘဲ ပြင်ပတွင် တောင်းခံပါက တိုင်ကြားနိုင်ဟု ပြည်နယ်ဝန်ကြီးပြော

မော်လမြိုင် ဇန်နဝါရီ ၂၂ မွန်ပြည်နယ်ရှိ မြို့နယ်များတွင် ရက် ၁၀၀ လင်းယုန်စီမံချက်ဖြင့် စည်းကမ်းပျက်ယာဉ်များကို ဖမ်းဆီး အရေးယူလျက်ရှိရာ ဝန်ထမ်းများက ဒဏ်ကြေးငွေကို တရားရုံးသို့ မဆောင်ခိုင်းဘဲ ပြင်ပတွင် တောင်းခံပါက တိုင်ကြားနိုင်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောကြားသည်။ လင်းယုန်စီမံချက်နှင့် ပတ်သက်သည့်...

နတ်ရုပ် အသစ်လဲ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ခုနစ်ဦး အတိုင်ခံရ

ထားဝယ် ဇန်နဝါရီ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ရပ်ကွက်မှ နတ်ကွန်းတစ်ခုရှိ ရွာပိုင်ဘိုးဘိုးရုပ်တုကို ဖယ်ရှားပြီး ရုပ်တုသစ် အစားထိုးလဲလှယ်ခြင်းကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဇော်အောင် အပါအဝင် ခုနစ်ဦးအား အမှုဖွင့်ပေးရန် မူလရုပ်တုအလှူရှင်ဆိုသူက သရက်ချောင်းမြို့မရဲစခန်းတွင် ဇန်နဝါရီ ၁၅ ရက်က တိုင်ကြားခဲ့ကြောင်း သိရသည်။ မူလရုပ်တုကို ဇန်နဝါရီ ၁၃ ရက်တွင်...

အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး

မော်လမြိုင် ဇန်နဝါရီ ၂၃ မော်လမြိုင်မြို့ သာယာအေးရပ်ကွက် လှိုင်ရွှေဝါလမ်းတွင် လူမနေသည့် အိမ်တစ်အိမ်အတွင်း၌ အမျိုးသားတစ်ဦး အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဇန်နဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဖော်ပြပါအိမ်ရှေ့ ဝရံတာထုတ်တန်းနှင့် နှစ်ပေခန့်အကွာတွင် နိုင်လွန်ကြိုးအရှည် ၃ ပေကျော်ခန့်ဖြင့် အမျိုးသားတစ်ဦး ကြိုးဆွဲချ...
- Advertisement -