မိန့်မိန့်ကြီးပဲ ပြုံးချင်တယ်

ကြက်ဆူတောရွာသားများကား အစစအရာရာတွင် သိပ်တော့ညံ့လေ့မရှိကြ။ တင်္ခဏုပ္ပတ္တိဉာဏ် ကောင်းလိုက်ပုံများကလည်းခုံတော်မောင်ကျဘမ်းနှင့်ဦးပေါ်ဦးများ စပ်ကျလေသလားထင်ရလောက်ပေသည်။ဘာလာလာရှင်းနိုင်သည့်ရွာသားများဖြစ်ပေသည်။ ဘယ်နေရာသုံးသုံးလိုရာသုံးလို့ရနိုင်သည့် ဂျိုကာ တနှုန်း စံပြုထားရမည့်သူများဖြစ်သတည်း။ တစ်နေ့သား ကြက်ဆူတောရွာ၏ ကြာတိုင်းမစွံ( အချိန်ကြာလာတိုင်းမစွံသည်ကိုရည်ညွှန်း၏) အပျိုကြီးမလှမြင့်တစ်ယောက် ဝါဝင်၊ ဝါထွက်ပြီးတိုင်းသူမအိမ်တွင်ဆွမ်းကပ်၏။ သူမစိတ်ထဲတော့ ထိုဆွမ်း သည် သူမ၏ မင်္ဂလာဦးဆွမ်းဟူ၍သတ်မှတ်၏။ ထိုနေ့ကတိုက်တိုက်ဆိုင် သူမအိမ်ရှေ့သို့ နိုင်ငံခြားသားတစ်စု(မိန်းကလေးများအပါအဝင်)စက်ဘီးကိုယ်စီနှင့်ရောက်လာ၏။မျက်စိမျက်နှာလည်းပျက်နေကြသည်။ထို...

စိန်ခေါ်မှုများနှင့် ပုံနှိပ်မီဒီယာ

သုံးနှစ်ရှိခဲ့ပါပြီ။ ၁၉၆၂ ခုနှစ်နောက်ပိုင်းကစတင်ကင်းကွာခဲ့ရသည့် ပုဂ္ဂလိကသတင်းစာထုတ်ဝေခွင့်များ ပြန်လည်ရရှိခဲ့ခြင်းမှာ ဧပြီ ၁ ရက်က သုံးနှစ်တင်းတင်းပြည့်သည့်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ထိုသို့သော သုံးနှစ်တာကာလအတွင်း ဆက်လက်ရပ်တည်နိုင်ခြင်းမရှိတော့ဘဲ ရပ်နားသွားခဲ့ရသည့်သတင်းစာများလည်း ရှိနေသည်။ ပြီးခဲ့သည့်ရက်ပိုင်းကပင် မန္တလေးအခြေစိုက်ထုတ်ဝေနေသည့် မန္တလေးအလင်းနေ့စဉ်သတင်းစာ ရပ်နားတော့ မည်ဆိုသည့် သတင်းကို ကြားသိလိုက်ရသည်။ ပြည်သူတို့အတွက် နား၊ မျက်စိ...

တက္ကသိုလ်အစစ်၊ တက္ကသိုလ်ကျောင်းသားအစစ်

သားရဲဝဏ္ဏသို့ပေးစာ (၁၁)  ချစ်သောသားလေးရဲဝဏ္ဏ သားတို့ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတွေ တင်ကြပြီးပေါ့နော်။ သြဂုတ် ၂၅ နောက်ဆုံးလေ။ ဖေဖေကတော့ သားနှစ်သက်တဲ့ စိတ်ဝင်စားတဲ့ တက္ကသိုလ်၊ ဘာသာရပ်ကို လျှောက်ဖို့တိုက်တွန်းပြီးသား။ ဒါကြောင့် ဖေဖေဝင်မစွက်ဘူးနော်။ သားလေးရေ..... တက္ကသိုလ်ရောက်ပြီ ဆိုတာနဲ့ လောကအမြင်တွေလည်း ပိုမိုကျယ်ပြန့်လာမှာကွဲ့။ အသင်းအဖွဲ့မျိုးစုံမှာ ကျင်လည်ပါဝင်ခွင့်ရတော့မယ်။ ဖေဖေတို့...

တခေတ်တခါက မော်လမြိုင်ထောင် ( ၁ )

ထောင်နဲ့ပတ်သက်သည့် အမှတ်ရသည့်အကြောင်းများ အများအပြားရေးနေကြပေရာ ယခုဆောင်းပါး သည်လည်း ယင်းတို့အနက်မှ တစ်ပုဒ်ဖြစ်ပေလိမ့်မည်။ သို့သော် မွန်ပြည်နယ်ရှိ မော်လမြိုင်ထောင်နှင့် ပတ်သက်သည့် ထောင်အမှတ်ရရေးသားမှုများတော့ အတွေ့ရ နည်းသေးသည်ဟု ထင်ပါသည်။ ယခုကျွန်တော်ရေးသားမည့် ထောင်ပြန်အမှတ်ရမှုသည် တခေတ်တခါက ထောင်အကြောင်းလည်း ဖြစ်သကဲ့သို့ မော်လမြိုင်ထောင်တွင် ထိုစဉ်က ဘယ်လိုအုပ်ချုပ်ခဲ့သလဲဆိုသည်ကိုလည်း ဖတ်ရှုခြင်းအားဖြင့်...

ကိုလိုနီခေတ် မော်လမြိုင်စီးပွားရေး-၃ ကိုလိုနီခေတ် မော်လမြိုင်စီးပွားရေး-၃ 

၁၈၆၉ - ခုတွင် မြေထဲပင်လယ်နှင့် ပင်လယ်နီကို ဆက်သွယ်ပေးသည့် စူးအက်တူးမြောင်း ဖောက်လုပ်ပြီးစီးသည်။ ရှေးအခါက အိန္ဒိယပြည်မြန်မာပြည်အစရှိသော အရှေ့တောင်အာရှနိုင်ငံများသို့၊ သင်္ဘောလမ်းခရီးဖြင့် အာဖရိကတိုက်ကို ရှည်လျားစွာတွေ့၍  သွားလာရသော်လည်း တူးမြောင်းဖောက်လုပ်ပြီးချိန်တွင် လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်လာသည်။ မြန်မာပြည်မှ ဆန်စပါးများကို ဥရောပတိုင်းပြည်အသီးသီးသို့ အချိန်တိုတိုဖြင့် အလွယ်တကူတင်ပို့ရောင်းချနိုင်သည်။  ထို့ပြင် တစ်နှစ်ထက်တစ်နှစ်...

မော်လမြိုင်မြို့တွင်းလမ်းများ

မေ ၁၈၂၉ တွင် မော်လမြိုင်သည် တနင်္သာရီတိုင်း၏ မြို့တော်ဖြစ်လာချိန်မှစ၍ ဗြိတိသျှအစိုးရသည် မြို့တွင်းလမ်းများကို စတင်ဖောက်လုပ်သည်။ အရှေ့တပ်မြို့လမ်း (ယခုထောင်ကြီးရှေ့လမ်း)နှင့် အနောက်တပ်မြို့လမ်း (ယခုလေးထပ်ဈေးအနောက်ဘက်လမ်း၊ လမ်းနှစ်လမ်းသာ ကျယ်ကျယ်ဝန်းဝန်းရှိပြီး၊ မြို့တွင်းရှိ အခြားလမ်းများမှာ အလွန်ကျဉ်းမြောင်းသည်။ ၁၈၄၄ ခုတွင် အထက်လမ်းမကြီးနှင့် အောက်လမ်းမကြီးတို့ကို ဖောက်လုပ်သည်။ မုပွန်မှ...

ဒေဝါသိကြား မစပါ

  ဆရာချွန် ကြက်ဆူတောသားများကား ရှေးဘေးလောင်းတော် ဘိုးလောင်းတော်များလက်ထက်ကပင် တစ်ခုခုကို လုပ်ကြကိုင်ကြတော့မည်ဟေ့ဆိုလျှင် ကြီးကြီးမားမားကြုံးဝါးပြီး ခန့်ခန့်ညားညား လုပ်တတ် ကိုင်တတ်သူများဖြစ် ချေတော့သည်။ ရှေးယခင်က ကြက်ဆူတော၏ လျော့ရဲနိမ့်ကျနေသော ယိုယွင်းလာသည့် အားကစားလောကကို ပြန် လည်ထူမတ်ရန်အတွက်ဆောင်ပုဒ်တစ်ခုထုတ်၍ ကြုံးဝါးကာ ဝင်ရောက်ယှဉ်ပြိုင်စေ၏။ ဟုတ်ကဲ့ ၊အားကစား လောကပြန်လည်ဖွံ့ဖြိုးမလာခဲ့ပါ။ အထူးသဖြင့် အရင်က ကိုယ်ထင်သလိုခြယ်လှယ်နိုင်ခဲ့သော ဘောလုံးအားက စား ချီးကျူးမခံနိုင်လောက်အောင် အခြေအနေဆိုးခဲ့ပါသည်ခင်ဗျာ။ အခြားအားကစားများသည်လည်း ထူးမခြား နားပင်ဖြစ်ပါသတည်း။ ဟုတ်ကဲ့...

ကိုယ့်လူများနှင့် အဆဲပြိုင်ပွဲ

ကြက်ဆူတောရွာသားများကြား အရှင်သန်ဆုံး အတိုးတက်ဆုံး အဖွံ့ဖြိုးဆုံးအခြေအနေကို ပြပါဆို လျင် ဂန္တဝင်မြောက် ရသမြောက်ဆဲဆိုတတ်ခြင်းကို ဖော်ပြရပေလိမ့်မည်။ ကြက်ဆူတောရွာသားများကား ခေသူများမဟုတ်ကြချေ။ တစ်ယောက်ထဲနေလျင် ဖေ့စဘုတ်ကြည့်၍ အဆဲကျင့်ကြသည်။တစ်မျိုးတည်းကို မရိုးရအောင် အသံကွဲ အဆင်တူဖြစ်အောင် ဆဲဆိုကြသည်။ ကြက်ဆူတောသားနှစ်ယောက်ဖြစ်လာလျင် ပြ ဿနာကို ဘက်ထရီမီးထွန်း၍ လိုုက်ရှာတတ်ကြသည်။ အဲ...

“ဗိုလ်ချုပ်အောင်ဆန်းနှင့် မော်လမြိုင်“

ဗိုလ်ချုပ်အောင်ဆန်းသည် မော်လမြိုင်သို့ (၄) ကြိမ် (၄) ခါရောက်ရှိခဲ့ဖူးသည်။ သခင်အောင်ဆန်းဘဝတွင် (၁) ကြိမ်၊ ဘီအိုင်အေ=ဗမာ့လွတ်လပ်ရေးတပ်မတော် (B.I.A= Burma Independence Army) ဗိုလ်ချုပ်ကလေး (တေဇ) ဘဝတွင် (၁) ကြိမ်နှင့် ဗိုလ်ချုပ်ဘဝတွင် (၂) ကြိမ်စုစုပေါင်း (၄) ကြိမ်ဖြစ်သည်။ ပထမအကြိမ်။ ၈ သြဂုတ်လ...

မော်လမြိုင်မြို့တွင်းလမ်းများနှင့် သံလွင်ဥယျာဉ်

အထက်ဖော်ပြပါ လမ်း (၁၀၈) လမ်း၏ အမည်များကို လေ့လာကြည့်ရာ တိုင်းရင်းသားပုဂ္ဂိုလ်သုံးဦး၏ အမည်ရှိသော လမ်း(၃)လမ်းကိုသာ တွေ့ရသည်။ မောင်ကလေးလမ်း၊ မောင်ငံလမ်းနှင့် ကိုတောင်ကြီးလမ်းတို့ ဖြစ်ကြသည်။ လမ်းအမည်အများစုမှာ မော်လမြိုင်တွင် နေထိုင်ခဲ့ကြသော မျက်နှာဖြူဝန်ရှင်တော်မင်းကြီးများ၊ အရေးပိုင်များ၊ ဗိုလ်ချုပ်ဗိုလ်မှူးများ၊ အင်ဂျင်နီယာများ၊ တရားသူကြီးများ၊ သင်္ဘောတည်ဆောက်သူများ၊ သင်္ဘောကပ္ပတိန်များ၊ အရက်ချက်သူများ၊...

Latest article

ဖားကန့်တွင် နွံနစ်သဖြင့် အလုပ်သမား ၅ဝ ကျော် ပျောက်နေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယမန့်နေ့ညက နွံအိုင်တစ်ခု ပြိုကျသဖြင့် နွံဖုံးလွှမ်းသွားသော ကျောက်စိမ်းတူးနေသည့်နေရာတွင်  လုပ်ကိုင်နေသူ ၅ဝ ထက် မနည်းကို ကယ်ဆယ်နိုင်ရန် လုပ်ဆောင်နေကြောင်း၊  ရုပ်အလောင်း ၁ ခု ဆယ်ယူ ရရှိထားကြောင်း ရဲတပ်ဖွဲ့က ယနေ့ ပြောသည်။ လုပ်ကွက်ဟောင်းတစ်ခုမှ အဆိုပါ နွံအိုင်သည် မြို့အနောက်ဘက်...

မွန်တွင် ယခုနှစ် သကြံန်ရက်အတွင်း မှုခင်း ၆၀ နီးပါး ဖြစ်ပွားခဲ့

မော်လမြိုင် ဧပြီ ယခုနှစ် မဟာသင်္ကြန်ကာလအတွင်း မွန်ပြည်နယ်၌ မှုခင်း ၅၉ မှု ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဧပြီ ၁၃ ရက်မှ ၁၆ ရက်အတွင်း လူသတ်မှု ၁ မှု၊ ခိုးမှု (ရိုးရိုး) ၂ မှု၊ ယာဉ်တိုက်မှု ၁၆မှု၊ နာကျင်စေမှု...

ကာလုံ ဖျက်သိမ်းရန် ရခိုင်အမျိုးသားပါတီ ဆွေးနွေး

တစ်လကြာ ရပ်နားထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီ အစည်းအဝေးကို နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အဆောက်အဦတွင် ယနေ့ နေ့လယ်ပိုင်းက ပြန်လည်စတင်ခဲ့ပြီး အုပ်ချုပ်ရေးကဏ္ဍ အခန်း(၅)ကို ဆွေးနွေးခဲ့ကြသည်။ ယနေ့ ဆွေးနွေးပွဲတွင် ရခိုင်အမျိုးသားပါတီကိုယ်စားပြုပြီး အစည်းအဝေး တက်ရောက်သည့်  ဦးအောင်ကျော်ဇံက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ...