24.9 C
Mawlamyine
Tuesday, October 15, 2019

အဝေမတည့် လွှတ်တော် ဘတ်ဂျက်သိန်းတစ်ထောင်

မွန်ပြည်နယ် ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မဲဆန္ဒနယ်(၁၀)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် တစ်မြို့နယ်လျှင် သိန်းတစ်ထောင်ခန့်သုံးစွဲရမည်ဖြစ်သည်။အဆိုပါ ရန်ပုံငွေ သိန်းတစ်ထောင်သည် လွှတ်တော်ကိုယ်စားလှယ်များအတွက်မဟုတ်ဘဲ ပြည်သူလူထုအတွက် သာဖြစ်သည်။ မွန်ပြည်နယ်အစိုးရ ဟန်းနီးမွန်း ရက်၁၀ဝ အတွင်းစီမံချက်များကို မူ လွှတ်တော်အနေဖြင့် အားနည်းချက်များကို စောင့်ကြည့် ထောက်ပြမှုများပြုလုပ်ခဲ့သည်။ ထိုသို့ထောက်ပြခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း မိမိတို့အသုံပြုရမည့် ရန်ပုံငွေ သိန်းတစ် ထောင်သည်လည်း...

စစ်ဆေးအဖြေရှာ ဆေးဝါးပုစ္ဆာ

မေလကုန်ပိုင်းက ဖမ်းဆီးခဲ့သော မော်လမြိုင်မြို့ရှိ ဆေးဝါးအရောင်းဆိုင် ၁၀ ဆိုင်ကျော်ကို တရားမဝင်ဆေးဝါး ရောင်းချမှုနှင့် ပတ်သက်၍ တရားစွဲဆိုတော့မည်ဖြစ်သည်။ "တရားမဝင်ဆေးတွေရှိတဲ့ ဆေးဆိုင် ၁၃ ဆိုင်ကို အမျိုးသားဆေးဝါး ဥပဒေနဲ့ စွဲချက်တင်ခဲ့တာပါ ။ ကျန်းမာရေး ဝန်ကြီးဌာနကလည်း တရားစွဲဆိုခွင့် ပြုလိုက်တယ်" ဟု...

စလုံးရေ စ ကျိုက်ထီးရိုးပြောင်းလဲရေး

ဗုဒ္ဓ ဘာသာများကတန်ခိုးကြီးဆုတောင်းပြည့်သည်ဟု ယုံကြည်သော ကျိုက်ထီးရိုး ဘုရားမှာ ခေတ်ဆက်ဆက် ကြီးစိုးထားသူတို့ကြောင့် ပြဿနာ များစွာ ရှိနေသည် ။ ဘုရား ဖူးများ သွား ရောက် ချိန်တွင် အဆင်မပြေမှု စိတ်မချမ်း မြေ့မှုများ နှင့် ကြုံရသည် မှာ နှစ်ပေါင်းများစွာ...

အမြစ်ဖြတ်ရမည့် ကျူရှင်ယဉ်ကျေးမှု

ယခုနှစ် ကျောင်းဖွင့်ရာသီတွင် ဆရာ၊ဆရာမများ ကျူရှင်မသင်ကြားရန် ပြည်နယ်ပညာရေးမှူးရုံးက ခေါ်ယူ သတိ ပေးမှုများပြုလုပ်ထားသည်။ ယင်းမှာ အစိုးရသစ်၏ ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးတွင် ကျူရှင် စနစ်ပပျောက်ရေးအတွက် စတင်ပြင်ဆင်လာသော ခြေလှမ်း တစ်ရပ်ဖြစ်သည်။ ယခုအစိုးရလက်ထက်တွင် ကျူရှင်စနစ် ပပျောက်ရေးကို လုပ်ဆောင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောဆိုထားပြီး ထိုသို့လုပ်ဆောင်မည်မှာကောင်းမွန်ကြောင်း ပညာရေးသုတေသီတို့က ထောက်ခံ...

ဘယ်တက္ကသိုလ် ရွေးချယ်မလဲ …..

၂၀၁၆ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ကျောင်းသားများအတွက် အမှတ်စာရင်းများကို စတင်ထုတ် ပေးနေပြီဖြစ်သည်။ အောင်စာရင်း၏ ရလဒ်ဖြစ်သော အမှတ်စာရင်းများကို ရရှိပြီးသည့်နောက် မကြာခင်လများအတွင်း တက္ကသိုလ်ပညာရေးစနစ်သို့ စတင်တက်လှမ်းကြတော့မည်ဖြစ်သည်။ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ နိုင်ငံခြားဘာသာ တက္ကသိုလ်၊ အဝေးသင် တက္ကသိုလ်နှင့် ဝန်ကြီးဌာနလက်အောက် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များသို့ တက်လှမ်းကြရာတွင် လက်ရှိအချိန်အထိ အမှတ်ကိုအခြေခံ၍ ကျောင်းတက်ရောက်ခွင့်ရရှိမည့်...

မွန်ပြည်နယ် လွှတ်တော်ကိုလွှမ်းမိုးရန် ဦးဝင်းမြင့် ကြိုးပမ်းခဲ့သလော

မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တို့တွေ့ဆုံစဉ်လွှတ်တော်ကိုယ်စားများအနေနှင့် အစိုးရအဖွဲ့၏ လုပ်ငန်းစဉ်များကိုဝင်ရောက်စွက်ဖက်ခြင်းမပြုရန်နှင့် အကျိုးရှိသည့် မေးခွန်းများမေးမြန်းရန် ပြောဆိုခဲ့သည်။ ထိုသို့ ပြောဆိုမှု ကိုမွန်ပြည်နယ် လွှတ်တော် အသိုင်းအဝိုင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ မွန်ပြည်နယ် လွှတ်တော် ကိုလွှမ်းမိုးရန်ကြိုးပမ်းနေသလောဟုမေးခွန်းများလည်းထွက်ပေါ် လာခဲ့သည်။ ဦးဝင်းမြင့် မည်သည့်...

သုံးဘာသာဂုဏ်ထူးရှင်ပြောတဲ့ မူးယစ်ဆေးဝါးပုံပြင်

သူငယ်ချင်း တစ်ဦးဖုန်းဆက် လာပြီး သုံးဘာသာ ဂုဏ်ထူးရှင် မောင်ရဲဇော်နိုင် တစ်ယောက် အိမ်မှထွက် သွားသည်။ မနက်မိုးလင်း ထိ ပြန်မလာ၍ ဖခင် ဖြစ်သူ ဦးမောင်မောင်အေး မှာ မောင်ရဲဇော်နိုင် သွားလာတတ်ရာမော်လမြိုင် မြို့နယ်အတွင်း လိုက်လံ ရှာဖွေ နေခဲ့ သည်။ တစ်မနက်  လုံးလိုက်ရှာပြီးမောင်ရဲဇော်နိုင်ကို...

၂၀၁၆ မှာ ဘယ်ဆိုင်ကယ်စီးကြမလဲ

မိုးရာသီရောက်ရှိ၍ ဈေးကွက်အေးစက်လာသော်လည်း ၂၀၁၆ ခုနှစ်ထုတ် မော်ဒယ်လ် ဆိုင်ကယ်များက မွန်ပြည်နယ်အတွင်းစတင်ဝင်ရောက်နေပြီဖြစ်သည်။ မော်လမြိုင်မြို့ရှိဆိုင်ကယ်ဈေးကွက်အတွင်း ဟွန်ဒါ (Honda) အမှတ်တံဆိပ်များထဲမှ Wave 125 I ၊ Wave Alpha ၊ Dream 125 နှင့် CBR အမျိုးအစားတွင် ယခုနှစ်မော်ဒယ်လ်များ...

မွန်ဘာသာဖြင့် သင်မည့် “မိ” မူကြိုကျောင်း

ကလေးငယ်မှာ မွန်ဘာသာစကားသာ ပြောတတ်၍ မူကြိုကျောင်းထားရန် အခက်အခဲဖြစ်နေသော မိဘများအတွက် " မိ" အမည်ရမူကြိုကျောင်းကို ဇွန်လ ၁၆ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်သည်။ ကျောင်း၏ တည်နေရာကား မော်လမြိုင်မြို့၊မြိုင်သာယာရပ်ကွက်၊ ၄ လမ်း၊ အမှတ်(၃၄၈)တွင်ဖြစ်ပြီး မွန်ကလေးငယ်များ ဘာသာစကားအခက်အခဲမရှိဘဲ ပညာသင်ကြားနိုင်ရေးအတွက် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ " မိ"...

ဘုရားသုံးဆူနယ်စပ်ဂိတ် ဖွင့်လှစ်ရေး ပုစ္ဆာ

နှစ်နိုင်ငံ ချစ်ကြည်ရေး နှင့် ကုန်သွယ်မှု တိုးမြင့်ရေးတို့ အတွက် ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို တရားဝင် ပြန်လည် ဖွင့်လှစ်ရန် ကြိုးပမ်းခဲ့သည်မှာ ဆယ်စုနှစ် တစ်ခု နီးပါးရှိ ပြီဖြစ်သည်။ ထိုနယ်စပ်ဂိတ်ဖွင့်လှစ်ရန် မြန်မာ နှင့် ထိုင်း တာဝန်ရှိသူအချို့ အကြိမ် အကြိမ်ဆွေးနွေးခဲ့သည်။ သို့သော် အစိုးရ...
x