27.4 C
Mawlamyine
Friday, April 23, 2021

ဘားအံဒေသတစ်ဝိုက် ရေမည်းရခြင်းပဟေဠိနှင့် ကျောက်မီးသွေးသံသယ

တွင်းရေ အမည်းရောင်ပြောင်းရသည့် အကြောင်းအရင်းကို မသိရသည်မှာ သုံးလကျော် ကြာမြင့်နေချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ကျေးရွာဒေသခံများသည် ၎င်းတို့ ရွာများအနီးရှိ ဘိလပ်မြေစက်ရုံမှ ကျောက်မီးသွေးလောင်စာပုံများ၏ ဘေးထွက်ဆိုးကျိုးကိုလည်း စိုးရိမ်ပူပန်နေရသည်။ ဟေမာန်ပြည့်  Myanmar Now ဘားအံ၊ ကရင်ပြည်နယ် – ရေတွင်းကုန်းကျေးရွာရှိ အိမ်တိုင်းနီးပါးရှေ့တွင် အပြာရောင်၊ အဝါရောင် ပလပ်စတစ် ရေတိုင်ကီများနှင့်...

အလုပ်လုပ်ရင်း ကိုယ်ဝန်ပျက်ကျခြင်းနှင့် ဥပဒေပါနားရက်

ကိုယ်ဝန်ပျက်ကျသည့် စက်ရုံအလုပ်သမများသည် ဥပဒေအရ အများဆုံး ခြောက်ပတ်အထိ ခွင့်ခံစားခွင့် ရှိသော်လည်း စက်ရုံအချို့က ခွင့်ရက်အပြည့်မပေးသည့်အတွက် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများကို ရင်ဆိုင်ရင်း လုပ်ငန်းခွင်သို့ ပြန်ဝင်နေကြရသည်။ အိမ်အပြန်လမ်းတွင် မဖြိုးအိအိခိုင်၏ ခါးအောက်ပိုင်းတစ်ခုလုံး နာကျင်လေးလံနေခဲ့သည်။ သူ အလုပ်လုပ်နေသည့် အထည်ချုပ်စက်ရုံတွင် တစ်နေကုန် အပ်ချုပ်စက် နင်းရသည်က...

ဂုဏ်ပြုဆုပေးပွဲများကျင်းပရခြင်း၏ အနှစ်သာရကို စဉ်းစားကြည့်ခြင်း

ဝေယံဘုန်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ ကတည်းက ရေးချင်ခဲ့ပေမဲ့ အခုမှ ရေးဖြစ်ပါတယ်။ အစကတော့ မရေးတော့ဘူးလို့ပါပဲ။ ကိုယ်က ကာယကံရှင်ဖြစ်နေတော့ ရေးလို့မကောင်းဘူး ထင်လို့ပါ။ ဖြစ်နိုင်ရင် တခြားလူတစ်ယောက်ယောက်ကို ရေးစေချင်ပါတယ်။ ဒါပေမဲ့ မိတ်ဆွေအချို့က ရေးဖို့တိုက်တွန်းတာကြောင့်ရော၊ ကိုယ့်ကိုယ်ကိုယ်လည်း တတိယလူနေရာက နေပြီး ရေးနိုင်မယ်ထင်တာကြောင့်ရော...

ငွေမျောငွေနဲ့လိုက်ကြ၊ အသေးစားချေးငွေလုပ်ငန်း ပြည်သူကို တကယ်အကျိုးပြုရဲ့လား

အတိုးနှုန်းအလွန်သက်သာသည့် ပြည်တွင်းပြည်ပအသေးစားငွေချေးလုပ်ငန်းကုမ္ပဏီများမှာ ၂၀၀နီးပါးအထိ ရှိလာခဲ့သော်လည်း ငွေချေးယူသည့် ပြည်သူအများအပြားမှာ ကံမကောင်းမှုနှင့် စီမံခန့်ခွဲမှုအလွဲများကြောင့် အကြွေးပြန်ဆပ်ဖို့အတွက် အရပ်ထဲမှ အတိုးကြီးကြီးဖြင့် ပြန်ချေးယူနေကြရသည်။ ချမ်းသာ Myanmar Now အရပ်ငွေတိုးထက် များစွာသက်သာသည့် အသေးစားငွေချေးလုပ်ငန်းများ ဒေါ်ဂျူလီတို့ နေထိုင်ရာ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ဝါးချောင်းရွာသို့ ၂၀၁၇ ခုနှစ်တွင် ရောက်လာခဲ့စဉ်...

ပင်လယ်ပြင်ငရဲခန်းမှာ တစ်လတာခံခဲ့ရသည့် ‘ဂေါ်ဇီလာ’

ကိုကျော်ဇင်မြတ်သည် ဖျာပုံကမ်းလွန် ကျားဖောင်ပေါ်၌ ဖောင်ဦးစီးနှင့် ကျန်ဖောင်လုပ်သားများက ဝမ်းဗိုက်ကို အဓိကထားကာ ရိုက်နှက်ကန်ကျောက်ခဲ့ခြင်းများကို ခံခဲ့ရသဖြင့် အူမကြီးထိခိုက်ဒဏ်ရာရကာ ရန်ကုန်ဆေးရုံတွင် အရေးပေါ်ခွဲစိတ်ခံခဲ့ရသည်။ ခင်မို့မို့လွင် /Myanmar Now အသားညိုညို အရိုးပြိုင်းပြိုင်း ခန္ဓာကိုယ်တစ်ခု၏ဝမ်းဗိုက်ပေါ်တွင် ပတ်တီးများ၊ ပလတ်စတာများကြားမှ အိတ်အကြည်တစ်အိတ်က ထိုးထွက်နေသည်။ ခန္ဓာအပြင် ထုတ်ထားရသည့် အူမကြီးနှင့် ဆက်ထားသည့်...

သစ်ပင်ခုတ်လှဲခြင်းများအတွက် တာဝန်ရှိကြောင်း ဝန်ခံမည့်သူ အလိုရှိသည်

သွေး (စစ်ကိုင်း) “တက္ကသိုလ်တွင် ကံ့ကော်ပန်း၊ ပိတောက်ပန်း၊ ခရေပန်းတို့ကား ကြိုင်ဆဲ လှိုင်ဆဲ။ ရေတမာတန်းများသည် လည်း ဝေစည်လန်းဆန်းနေဆဲပင်။ အစဉ်အဆက်တွင် ကျွန်တော်တို့ တက္ကသိုလ်သည် တက်ကြွရှင်သန်သော သမိုင်း ရှိခဲ့သည်။” (ကျော်အောင်ရေး “ရွှေရတုတက္ကသိုလ်” ဆောင်းပါး။ ၁၉၉၇ ခုနှစ် စက်တင်ဘာလထုတ် နွယ်နီမဂ္ဂဇင်းမှ) မကြာသေးမီက ရန်ကုန်တက္ကသိုလ် ပရဝဏ်ထဲက...

YBS စနစ်တွင် မသန်စွမ်းသူများအတွက် ထည့်သွင်းစဉ်းစားခဲ့သလား

မိုးထက်လျှမ်း မကြာသေးမီက အသစ်ပြေးဆွဲသော မြို့ပတ်ယာဉ်လိုင်းရှိ Scania အမျိုးအစားYBS ဘတ်စ်ကားများတွင် မသန်စွမ်းသူများအတွက် အထိုက်အလျောက် အဆင်ပြေစေမည့်  အတက်အဆင်း တံခါးပေါက်နှင့် တိုးတက်လာသည်ဟုဆိုနိုင်သည့် ယာဉ်မောင်း၏ဝန်ဆောင်မှုများကို တွေ့ခဲ့ရသည်။ စနစ်သစ်အောက်တွင် ပြေးဆွဲနေသည့် ဘတ်စ်ကားအသစ်များ၏ ယာဉ်အတက်အဆင်းအပေါက်များ ကျယ်ဝန်းခြင်း၊ လှေကားထစ်များ လျော့သွားခြင်း၊ လက်ကိုင်ကွင်းနှင့် တန်းများ ပြည့်စုံစွာပါရှိခြင်း၊...

ကိုယ့်ပြည်နယ် ကိုယ်အနိုင်ရရေး ဦးစားပေးလာကြသည့် တိုင်းရင်းသားပါတီများ

ချမ်းသာ လာမည့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်၊ တိုင်းလွှတ်တော်များတွင် နေရာအများစုကို တစ်ပြည်နယ်တစ်ပါတီ အနိုင်ရရေး တိုင်းရင်းသားနိုင်ငံရေးပါတီများအချင်းချင်း ပူးပေါင်းခြင်းဖြင့် စတင် စိုင်းပြင်းနေကြပြီဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများသည် သက်ဆိုင်ရာ ပြည်နယ်မဲဆန္ဒနယ်များ၌ အင်တိုက်အားတိုက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော်လည်း ရှမ်းနှင့် ရခိုင်ပြည်နယ်တို့မှလွဲ၍ ကျန်တိုင်းရင်းသားပြည်နယ် အများစုတွင်...

ခါးပတ်နှင့်လမ်းကြောင့် တရုတ်မယားလုပ်ခိုင်းရန် မြန်မာမိန်းကလေးများကို ပိုမိုအလိုရှိလာနိုင်

ဂရေမ် အေးခက်စ် ဆိုင်းစင် မနက်အိပ်ယာက နိုးလာသည့်အချိန်တွင် ခုတင်ပေါ်တွင် သူစိမ်းယောက်ျားတစ်ဦး ထိုင်လျက်ရှိသည်ကို တွေ့လိုက်ရသည်။ ထိုယောက်ျားသည် သူသတိရလာသည်ကို စောင့်ကြည့်နေဟန်တူသည်။ ထိုယောက်ျားက သူသည် ဆိုင်းစင်၏ ပူပူနွေးနွေး ခင်ပွန်းဖြစ်ကြောင်း၊ သူ့အမေက သူတို့နှစ်ယောက်အတွက် ညစာကို အောက်ထပ်တွင် ပြင်ဆင်နေကြောင်း ပြောသည်။ ထိုအချိန်က အသက်...

ပြည်သူကို ဗဟိုပြုတယ် ဆိုရာဝယ်

၂၀၁၅ ရွေးကောက်ပွဲမှာ မိတ်ဆွေကိုသောင်းဝင်း က တစ်သီးပုဂ္ဂလဝင်ပြိုင်တယ်၊ မဲမနိုင်ပါဘူး၊ သူ့လက်ကမ်းစာစောင်မှာ ပြည်သူက လက်ယပ်ပြီးခေါ်လိုက်ရင်လာပြီး ပြည်သူ့အသံနားထောင်မယ်လို့ဆိုထားတယ်။ ရွေးကောက်ပွဲကာလမှာ ပြည်သူဆိုတဲ့ဆိုင်းဆရာတီးတဲ့အတိုင်း အခြားပါတီိတွေကိုယ်စားလှယ်လောင်းတွေက ကကြတာ၊ ဆိုင်းသံနဲ့ဆို အားရစရာ ပြည်သူပဲပေါ့။ ဟိုပါတီလည်း ပြည်သူ/ဒီပါတီလည်း ပြည်သူ။  ရပ်ကွက်ထဲချောင်းပေါက်မတတ် လူလုံးပြကြတာမြင်ယောင်မိ။ ၂၀၁၅ ပြီး၊ အခု...