fbpx
22.7 C
Mawlamyine
Tuesday, December 10, 2019

တပ်ချုပ်၏ သမီးနှင့်ချွေးမတို့ ထူထောင်သော အနုပညာကုမ္ပဏီများ အချိန်တိုအတွင်း ထိပ်တန်းရောက်လာ

တင်ထက်ပိုင် (Myanmar Now) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမီးနှင့်ချွေးမတို့သည် လွန်ခဲ့သည့်နှစ်နှစ်အတွင်း ရုပ်ရှင်အနုပညာဖျော်ဖြေရေးကုမ္ပဏီများကို တည်ထောင်ခဲ့ကြပြီး အချိန်တိုအတွင်းမှာပင် ခြေလှမ်းသွက်ကာ အနုပညာအသိုင်းအဝိုင်းတွင် ငွေကြေးဖောဖောသီသီ သုံးစွဲနိုင်သည့် ကုမ္ပဏီများ ဖြစ်လာသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သမီး မခင်သီရိသက်မွန်သည် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးထုတ်လုပ်သည့် Seventh Sense Company Limited နှင့် ဗိုလ်ချုပ်မှူးကြီး၏ချွေးမ...

အများပိုင် The Commons

အများပိုင် Commons ဆိုတာဘာလဲ။ အများပိုင်ဆိုတာ ပုဂ္ဂလိကပိုင်မဟုတ်၊ အစိုးရပိုင် (အစိုးရလက်အောက်က နေရာ၊ ဌာန၊ အရာဝတ္ထုတွေ) မဟုတ်တဲ့အရာတွေကို ခေါ်တယ်။ဘုံပိုင်လို့အဓိပ္ပာယ်ရပေမယ့် ရှေးရှေးကခေတ်စားခဲ့တဲ့ ကွန်မြူနစ်ဘုံဝါဒနဲ့မတူပြန်ဘူး။ သယံဇာတစီမံအုပ်ချုပ်ပုံစနစ် တစ်ခုသာဖြစ်တယ်။ (၁) အများပိုင်တွေထဲမှာ ဒါတွေပါနိုင်တယ်။ သတ္တလောကထဲကအရာတွေတော့ - လေထု၊ ရေထု၊ သစ်ပင်တွေရဲ့ ဖိုတိုဆင်းသစစ်လို့ခေါ်တဲ့ အစာချက်လုပ်ပြီး လူတွေအတွက်...

မူကြိုကျောင်းအုပ်ဆရာမ အသတ်ခံရမှု

မူကြိုကျောင်းအုပ် ဆရာမ ဒေါ်အေးအေးမွန်တစ်ယောက် ကလေးငယ်များအတွက် ရေးဆွဲထားသော ပန်းချီကားချပ်များနှင့် ကာတွန်းရုပ်ပုံများကို ပလတ်စတစ်လောင်းရန် မုဒုံမြို့သို့ နေအိမ်မှ ထွက်ခွာသွားခဲ့သည်။ ဒေါ်အေးအေးမွန်သည် မုဒုံမြို့သို့ မသွားရောက်မီ အချိန်အတွင်း ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသော သူမ၏ ခင်ပွန်းထံ ဆက်သွယ်ခဲ့ကြောင်း ဒေါ်အေးအေးမွန်၏ ခင်ပွန်းဖြစ်သူ ကိုဒေါ်လာက ပြောသည်။ “သူ စျေးမသွားခင်...

ခြေဥအစီရင်ခံစာပါ တပ်မတော်နှင့်ဆိုင်သောပုဒ်မများအပေါ် အကြံပြုချက်များ

ဖြိုးသီဟချို ဇူလိုင်လ ၁၅ ရက်နေ့က တင်သွင်းလိုက်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာတွင် အဆိုပြုချက်ပေါင်း ၃၇၆၅ ချက် ပါရှိသည်။ သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ဖွဲ့စည်းထားသည့်ကော်မတီတွင် ကော်မတီဝင် ၄၅ ဦး ပါရှိပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က ၁၁၁၂ ချက်၊...

ဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ်နေသော အမွေအနှစ်များ

မော်လမြိုင်မြို့ တောင်ရိုးတန်း တောင်ဘက်ခြမ်းတွင် အနီရောင်တာဝါတိုင်နှစ်ခုကို အထင်းသားတွေ့မြင်နိုင် သည်။ ထိုအနီးအနားတွင်ကား အုတ်နှင့် သစ်သားတို့ကို အချိုးကျ ဆောက်လုပ်ထားသော ရှေးဟောင်းအဆောက်အဦတစ်ခုကိုလည်း တွေ့နိုင်သည်။ ထိုအဆောက်အဦသည်ကား ၂၀၁၂ ခုနှစ်တွင် လုံးဝ ကွယ်ပျောက်ခဲ့ပြီး ရှေးဟောင်း အုတ်နှင့် ပျဉ်ချပ်များ နေရာတွင် မှန်လုံခန်းများနှင့် အုတ်အပြည့်ဖြင့် တည်ဆောက်ထားသော...

ပိတ်လှောင်ခံ ခရီးစဉ်က လွတ်မြောက်ခဲ့သူများ

မော်လမြိုင်မြို့၊ စက်မှုဇုန်အနီး ညောင်ပင်ဆိပ်ရပ်ရှိနေအိမ်တစ်အိမ်တွင် လူငယ် ၂၄ ဦးကို ပိတ်လှောင်ထားဟုဆိုသော သတင်းကြောင့် မော်လမြိုင် အခြေစိုက် မေတ္တာ ဆုံဆည်းအမည်ရှိ ပရဟိတအသင်း အဖွဲ့ဝင်များက ထိုနေအိမ်ရှေ့တွင် စောင့်ကြည့်မှုများ ပြုလုပ်နေသည်။ မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ စက်မှုဇုန်ရပ် မော်လမြိုင်- ဘားအံ ကားလမ်းမကြီးဘေးရှိ ဒေါ်သီတာအေး၏ နေအိမ်၌...
၇၂ နှစ်မြောက်အာ ဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့ အာဇာနည်ဗိမာန်၌ ၂၀၁၉ ဇူလိုင် ၁၉ ရက် မနက်က ကျင်းပနေစဉ် (ဓာတ်ပုံ - စိုင်းဇော်/Myanmar Now)

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဝေယံဘုန်း ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၇၂ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း...

မအောင်မြင်တဲ့ နိုင်ငံ

Failed State Index လို့ခေါ်တဲ့ မအောင်မြင်တဲ့နိုင်ငံများကို လေ့လာထားတဲ့ နှစ်စဉ် ထုတ်ပြန်မြဲ ဆန်းစစ်ချက်တစ်ခု ဇွန်လအကုန်မှာ ထွက်လာပါတယ်။ မအောင်မြင်တဲ့နိုင်ငံဆိုတာ ဘယ်လိုနိုင်ငံမျိုးလဲ ငြိမ်းချမ်းရေးအတွက် ရံပုံငွေ ( The Fund for Peace) လို့ အမည်တွင်တဲ့ အဖွဲ့ကြီးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ နိုင်ငံတစ်ခုဟာ အကြမ်းအားဖြင့် -...

သက္ကမိုးညိုဖမ်းခံရသည့်နေ့

ဗစ်တိုးရီးယား အတွက် တရားမျှတမှုရရေး လှုပ်ရှားမှုနှင့်ပတ်သက်ပြီး Myanmar Now နှင့်တွေ့ဆုံရန်အလာ လမ်းတွင် သက္ကမိုးညိုအကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်းကို ရဲက ခေါ်ဆောင်သွားခြင်းဖြစ်သည်။ သက္ကမိုးညို နှင့် Myanmar Now သတင်းထောက်များသည် နေပြည်တော်၏ လူစည်ကားရာ သပြေကုန်းဈေးမှ လဘက်ရည်ဆိုင်တစ်ခုတွင် ယနေ့(ဇူလိုင်လ ၁၀)နံနက် ၈ နာရီ တွေ့ဆုံကြရန် ယမန်နေ့ညပိုင်းကတည်းက ချိန်းဆိုထားကြခြင်းဖြစ်သည်။ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးဖြစ်သည့် သက္ကမိုးညို (ဒေါက်တာဝင်းကိုကိုသိန်း)က သူတစ်နေကုန် ရုံးမသွားဘဲ ခွင့်ယူမည်ဖြစ်သောကြောင့် ယနေ့တွေ့ဆုံမှုတွင် အချိန်အတော်ကြာ ဆွေးနွေးကြရန်လည်း သဘောတူခဲ့ကြသည်။ အသက် ၄၃...

ပျားတောင်ဒေသ၏ ဒုတိယသောကလား

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပျားတောင်ဒေသခံတို့မှာ သူတို့မလိုလားခဲ့၊ ကန့်ကွက်ခဲ့သည့် ကျောက်မီးသွေးဆိုသည်ကို ထပ်မံ ကြားသိလိုက်ရသည်။ တစ်ကျော့ပြန် ထပ်တိုးစိုးရိမ်ကြောင့်ကြမိကြောင်းလည်း သူတို့က ပြော၏။ ဘိလပ်မြေစက်ရုံ တစ်ရုံကိုကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားဖြင့်လည်ပတ်မည်ဆိုခြင်းကြောင့်ပင်။ “ ရှေ့က ကန့်ကွက်ခဲ့တာတောင် မပြီးသေးဘူး၊ နောက်ထပ်တစ်ခု ထပ်တိုးလာပြန်ဦးမယ်”ဟု ဒေသခံ ရပ်မိရပ်ဖတစ်ဦးက မှတ်ချက်ပြု၏။ သူပြောလိုက်သည့် ‘ရှေ့က ကန့်ကွက်ခဲ့တာ’ဆိုသည်မှာ...