29.9 C
Mawlamyine, MM
Wednesday, November 21, 2018

ပေါင်းစည်းပြီးနောက် တစ်လအလွန်

မွန်ပါတီများ ပေါင်းစည်းမှုသည် ယခုဆိုလျှင် တစ်လကျော် ကြာပြီ ဖြစ်၏။ အစုအဖွဲ့ သုံးခုဖြစ်သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ AMDP ၊ မွန်အမျိုးသား ပါတီ MNP နှင့် မွန်ကိုယ်စားပြု ပါတီ တည်ထောင်လိုသူအစုအဖွဲ့တို့၏ ပေါင်းစည်းခြင်းပင်။ ထို အစုအဖွဲ့ သုံးခုသည် ပြီးခဲ့သည့် စက်တင်ဘာ...

၇၅ နှစ်ပြည့် သေမင်းတမန်

စိမ်းလန်းသော မြက်ခင်းပြင်တွင် ထာဝရ မမေ့နိုင်သည့် အခမ်းအနား တစ်ခုကို ကျင်းပနေသည်။ သူတို့မှာ နေရာ၊ ဒေသ၊ ဘာသာ စကား မတူသော်လည်း ထိုနေရာတွင် လာရောက် စုရုံး၍ ယင်းအခမ်းအနားလေးကို လူပေါင်း ၈၀ ခန့် စုပေါင်းကျင်းပနေခြင်းဖြစ်၏။ သေမင်းတမန်ဟူ၍ အမည်ဆိုးနှင့် ကျော်ကြားသော ရထားလမ်း ဖောက်လုပ်ပြီးစီးခြင်း...

သီးသန့်ကမ္ဘာမှ လျစ်လျူရှုခံဘဝများ

ချမ်းအေးစုရပ် ဟူ၍ အမည်ပေးထားသော ထိုရပ်ကွက်လေးမှာ မော်လမြိုင်မြို့၏ တောင်ဘက်တွင် ခပ်ကုပ်ကုပ်အနေအထားဖြင့် သီးသန့် ဆန်စွာ တည်ရှိနေသည်။ ထိုသို့နာမည်လေးမှာ ရပ်ကွက်သူ ရပ်ကွက်သားများ ကိုယ်တိုင် ပေးထားသော အမည်ဖြစ်၏။သိုသော်လည်း ရပ်ကွက်လေးမှာ မော်လမြိုင်မြို့ရှိ ရပ်ကွက် စာရင်းတွင် ပါဝင်ခြင်း မရှိပေ။ တောင်ဝိုင်းခရစ်ယာန်အရေပြားအထူးကုဆေးရုံကို လူသိများသော်လည်း အိမ်ခြေ ၈၀...

နိုင်ငွေသိမ်း၏အတ္ထုပ္ပတ္တိ

နိုင်ငွေသိမ်းကို ၁၉၂၃ ခု၊ မတ်လ ၁၉ ရက်နေ့တွင် အဖ နိုင်သာဒွန်းအောင်၊ အမိ မိငွေသုန်တို့မှ ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာတွင် မွေးဖွားခဲ့သည်။ ၁၉၃၉ တွင် ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားနေချိန်၌ ရန်ကုန် ဂျပ်ဆင် ကောလိပ်တွင် သိပ္ပံဘာသာတွဲဖြင့် တက်ရောက် သင်ကြားခဲ့ပြီး၊ ထိုနောက်...

လက်ရုံးရည်ရော နှလုံးရည်ပါ ပြည့်ဝသည့် ခေါင်းဆောင်

လွတ်လပ်ရေးမတိုင်မီမှ ယနေ့ခေတ်အထိ မွန်တိုင်းရင်းသားအရေး၊ နိုင်ငံ့အရေးတို့တွင် စွမ်းစွမ်းတမံ မဆုတ်မနစ် ယုံကြည်ချက် ဆုံးဖြတ်ချက်မြဲခိုင်စွာ ကိုင်စွဲလျှောက်လှမ်း ရှေ့ဆောင်ခဲ့သည့် အဘိုး နိုင်ငွေသိမ်း ကွယ်လွန်ခဲ့ပါပြီ ။ “၁၉၉၀ တုန်းက ရွေးကောက်ပွဲကာလတွေမှာဆိုရင် သူ့ရဲ့ ပြောဆိုချက်တွေ၊ သူ့ရဲ့ သဘောထားတွေ၊ နိုင်ငံရေးရပ်တည်ချက်တွေ၊ အဲဒီကတည်းက ကျွန်တော်တို့ လေ့လာသင်ယူစရာတွေ...

သင့်အတွက် ပြည်နယ်ဘတ်ဂျတ်

မွန်ပြည်နယ်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း သုံးစွဲမည့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို စက်တင်ဘာ ၂၄ ရက်က ကျင်းပသည့် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။ အတည်ပြုလိုက်သော ဥပဒေအရ ပြည်နယ် တစ်ခုလုံး၌ သုံးစွဲ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ၂၀၁၈ အောက်တိုဘာ ၁...

အခွန်ဘဏ္ဍာ အဆများစွာ

မွန်ပြည်နယ်တွင် လမ်းခင်းကျောက်ထုတ်လုပ်သည့် ကုမ္ပဏီပေါင်း ၁၀၁ ခုအထိ ရှိ၏။ ထိုလုပ်ငန်း အားလုံးမှ ရရှိသည့် အခွန်ငွေမှာ ကျိုက်ထီးရိုးဘုရားဖူးမှရသော နိုင်ငံခြား ဝင်ငွေထက်ပင်နိမ့်နေသည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုယ်တိုင်ထောက်ပြဝန်ခံထားရသည်။ ယင်းအခြေအနေတို့ကြောင့် ပြည်နယ်အစိုးရအဖွဲ့က ကျောက်မိုင်း လုပ်ငန်းရှင်များကို သြဂုတ် ၃၀ ရက်က အစိုးရရုံးတွင် ခေါ်ယူတွေ့ဆုံထားပါသည်။ ထုတ်လုပ်မှု အခြေအနေ ကျောက်မိုင်း ကုမ္ပဏီ...

မတ်ပဲဈေးကွက်ဂယက် မွန်ပြည်နယ်ကိုရိုက်ခတ်

အိန္ဒိယနိုင်ငံက မြန်မာ ပဲ ဝယ်ယူမှုကို သြဂုတ် ၂၀ ရက်တွင် ပိတ်သိမ်းလိုက်၏။ထိုသို့ ပိတ်သိမ်းလိုက်သည်နှင့်ပြည်တွင်း ပဲဈေးကွက်မှာလည်း ဂယက်ထသွားတော့သည်။ ပဲလုပ်ငန်းရှင် အများစုမှာလည်း ပြည်ပ ဝယ်လိုအား မရှိ၍ ညည်းညူသံများ ပေါ်ထွက်လာတော့သည်။ အိန္ဒိယ...

မျိုးဆက်သစ်တို့ လက်ကမ်းဆင့်ရဦးမယ့် မပြီးဆုံးသေးသည့်ခရီး

တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ပြည့်ဝသည့် ဖက်ဒရယ်ပြည်ထောင်စုဆီသို့ နိုင်ငံရေးစကားဝိုင်းနည်းလမ်းဖြင့် ချဉ်းနင်းဝင်ရောက်ရန် ခြေစလှမ်းနေချိန် အဆုံးသတ်ကို မမြင်ရသေးချိန်တွင် အနာဂတ်အတွက် မည်သို့ပြင်ဆင်ကြမည်နည်း။ လာမည့် သြဂုတ် ၂၆ ရက်၊ ဝါခေါင်လပြည့်နေ့သည် မွန်တော်လှန်ရေး စတင်ခဲ့သော...

ပြည်နယ်ဥပဒေအချို့ စာရွက်ပေါ်၌ နှစ်ချို့နေလျှင်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ဇယား (၂) အရ တိုင်းနှင့် ပြည်နယ် လွှတ်တော်များသည် ကဏ္ဍကြီး ရှစ်ခု ကို ဥပဒေ ပြဋ္ဌာန်းနိုင်သည်။ ထိုကဏ္ဍများတွင် ဘဏ္ဍာရေးနှင့် စီမံကိန်း၊ စီးပွားရေး၊...
- Advertisement -

Latest article

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ၌ KNU ဆက်ရှိနေမည်

ဘားအံ နိုဝင်ဘာ အစိုးရနှင့် တရားဝင်ငြိမ်းချမ်းရေး အစည်းအဝေးများတွင် ပါဝင်မှုကို ကရင်အမျိုးသားအစည်းအရုံး KNU ဘက်မှ ယာယီရပ်ဆိုင်းလိုက်သော်လည်း အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများအနေဖြင့် ဆက်ရှိနေမည်ဖြစ်ကြောင်း ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က ပြောကြားသည်။ နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုများနှင့် ပတ်သက်၍ “JMC-S (ပြည်နယ်အဆင့် အပစ်ရပ်...

ထားဝယ်တန်ဆောင်တိုင်ပွဲတော် ယခင်နှစ်ထက် လုံခြုံရေးကြပ်မတ်

ထားဝယ် နိုဝင်ဘာ တနင်္သာရီတိုင်းဒေသကြီးအတွင်း အထင်ကရ ပွဲတော်တစ်ရပ်ဖြစ်သည့် ထားဝယ် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူပွဲတော်ကို ယခုနှစ်တွင် ၁၀၉ ကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်ရာ ရုပ်ပွားတော်များ မြို့အတွင်း ဒေသစာရီ လှည့်လည် အပူဇော်ခံရာတွင် ရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀ဦးဝန်းကျင် လုံခြုံရေးတာဝန် ထမ်းဆောင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ “အရင်နှစ်ထက်...

ကမ်းနားလမ်း မြေကျွံနေသည့်အပိုင်းကို လာမည့်နှစ်ဆန်းတွင် ပြုပြင်မည်

မော်လမြိုင် နိုဝင်ဘာ မော်လမြိုင် ကမ်းနားလမ်းရှိ မြေကျွံနေသည့် လမ်းပိုင်းများကို လာမည့်ဇန်နဝါရီလမှစ၍ ပြုပြင်သွားမည်ဟု မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးတင်ကိုကိုကပြောသည်။ လက်ရှိ မြေကျွံမှုများ ဖြစ်ပေါ်နေသည့် သိပ္ပံလမ်းထိပ်မှ သံလွင်ဈေးအထိလမ်းပိုင်း၊ ဘိတ်တံတား(ဘုန်းကြီးစားသောက်ဆိုင်)အနီးနှင့် Strand Hotel အနီးတို့တွင် အောက်ခြေမြေထိန်းနံရံကို ပြုပြင်သွားမည်ဟု၎င်းကဆိုသည်။ “အောက်ကမြေထိန်းနံရံက တည်ဆောက်စဉ်က သဲတွေဖြည့်ခဲ့တော့ မလုံဘူး။ မြေပြန်ကျွံနေတော့...
- Advertisement -