24.2 C
Mawlamyine
Monday, February 18, 2019

ဖွဲ့စည်းပုံ ပြင်ဆင်ရေး လက်တွေ့ ခရီးရောက်နိုင်မလား

NLD အစိုးရသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟူသော ၂ဝ၁၅ ရွေးကောက်ပွဲ ကတိကဝတ်ကို လွှတ်တော်သက်တမ်း သုံးနှစ်အကြာတွင် ခြေလှမ်းပြန်စခဲ့လေပြီ။ ဇန်နဝါရီလ ၂၉ ရက် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ရန် အရေးကြီးအဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။ ယင်းအဆိုကို...

အချိန်ကားမစောင့်၊ အရှိန်ကမလောက်၊ ဖွံ့ဖြိုးမှုကိုခြေရာကောက်

စိုက်ပျိုး၊ မွေးမြူရေးနှင့် ရင်းနှီးမြှုပ်နှံမှု များစွာ လုပ်ကိုင်နိုင်သော မြေလွတ်မြေရိုင်း ပေါများသည့် မွန်ပြည်နယ်၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေကို စီးပွားရေး လေ့လာသူနှင့် လုပ်ငန်းရှင်များသာမက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကပင် အားမလိုအားမရဖြစ်နေကြ၏။ ရင်းနှီးမြှုပ်နှံမှုများကို...

ပြည်သူ့အုပ်ချုပ်ရေးဆီသို့

ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်သို့ ထည့်သွင်းလိုက်ကြောင်း ကြေညာချက် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်က ထွက်ရှိလာခဲ့သည်။ ထိုကြေညာချက် မထွက်ရှိမီ ရက်ပိုင်းအလိုက သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယင်းကဲ့သို့ ပြောင်းလဲမည့်အကြောင်း သတင်းမီဒီယာများကို ထုတ်ဖော်ပြောဆိုခဲ့သည်။ ယင်းသို့ လုပ်ဆောင်ရခြင်းမှာလည်း...

တပ်မတော်ပြသရမည့် တရားမျှတမှု

တပ်မတော်အရာရှိတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အသက်သေဆုံးသွားရသည့် အရပ်သားတစ်ဦးဧ်၊ဖြစ်ရပ်... “ပြောမထိဘူး” လူးလွန့်လှုပ်ယမ်းနေသော ဖယောင်းတိုင် မီးတောက်ကို မှိန်ဖျော့သော မျက်လုံးအစုံဖြင့် စက္ကန့် ၄၀ ကျော်ကြာအောင် ငေးကြည့်ရင်း အသက် ၃၆ နှစ်အရွယ် မွန်တိုင်းရင်းသူ အမျိုးသမီးက ပြောလိုက် ခြင်းပင်။ တိုးညင်းတုန်ခါနေသော လေသံဖြင့် အားယူရင်း တိုင်းရင်းသူအမျိုးသမီး၏နှုတ်ဖျားမှ ထွက်လာသော အဆိုပါစကားက...

ပြည်သူရွေးသောအုပ်ချုပ်ရေးမှူး ပြုတ်ခြင်းမဖြုတ်ခြင်းဆိုင်ရာ အမိန့်ပေါ်တည်သည့် ပြဿနာ

နိုင်ငံခြားသား ဝင်ရောက်မှုကို သတင်းပို့ရန် ပျက်ကွက်သည်ဟုဆိုကာ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာ အမျိုးသမီး အုပ်ချုပ်ရေးမှူးကို အစိုးရအဖွဲ့က တာဝန်မှ ရပ်စဲလိုက်သည်။ ထိုအုပ်ချုပ်ရေးမှူးသည် NLD အစိုးရ လက်ထက်၌ ပြန်လည် ပြင်ဆင်ထားသော တတိယအကြိမ် ရပ်/ကျေးဥပဒေဖြင့် ရွေးကောက် တင်မြှောက်ခံထားရသူဖြစ်ပြီး ထိုကိစ္စကြောင့် မွန်ပြည်နယ်တွင် ပထမဆုံး တာဝန်မှရပ်စဲခံရသည့်...

လက်ရုံးရည်ရော နှလုံးရည်ပါ ပြည့်ဝသည့် ခေါင်းဆောင်

လွတ်လပ်ရေးမတိုင်မီမှ ယနေ့ခေတ်အထိ မွန်တိုင်းရင်းသားအရေး၊ နိုင်ငံ့အရေးတို့တွင် စွမ်းစွမ်းတမံ မဆုတ်မနစ် ယုံကြည်ချက် ဆုံးဖြတ်ချက်မြဲခိုင်စွာ ကိုင်စွဲလျှောက်လှမ်း ရှေ့ဆောင်ခဲ့သည့် အဘိုး နိုင်ငွေသိမ်း ကွယ်လွန်ခဲ့ပါပြီ ။ “၁၉၉၀ တုန်းက ရွေးကောက်ပွဲကာလတွေမှာဆိုရင် သူ့ရဲ့ ပြောဆိုချက်တွေ၊ သူ့ရဲ့ သဘောထားတွေ၊ နိုင်ငံရေးရပ်တည်ချက်တွေ၊ အဲဒီကတည်းက ကျွန်တော်တို့ လေ့လာသင်ယူစရာတွေ...

မူးယစ်ဆေးဝါးကို ပိုမို နှိမ်နင်းရမည်ဟူသော အစိုးရအတွက် သတိပေး ခေါင်းလောင်းသံ

သူ့ကိုလည်း မေ့မထားပါနဲ့ မွန်ပြည်နယ်တွင် မူးယစ်ဆေးစွဲ လူနာ နှစ်ဆ အထိ တိုးတက်လာပြီဟု မော်လမြိုင်မြို့ စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးစွဲ ကုသဌာန မှတ်တမ်းများက ညွှန်းဆိုလိုက်ပြီ ဖြစ်၏။ ထူးခြားမှုအနေဖြင့် ဆေးစွဲ လူနာ ၈၆ ရာခိုင်နှုန်းမှာ အသက် ၁၆ - ၃၄ နှစ်ကြား လူငယ်များပင်။ ယင်းဌာနသို့...

တစ်စက္ကန့်လောက်တော့စဉ်းစားပါ

(ခွေးရူးပြန်သည်ဟု လူမှုကွန်ရက်၌ တွင်ကျယ်စွာပျံ့နှံ့သွားခဲ့ရသည့် မိသားစုဝင်တို့၏ ရင်တွင်းဖြစ်ခံစားချက်နှင့် အဖြစ်မှန်၊ ယင်းကို သင်ခန်းစာယူ၍ ကင်မရာ ကလစ်မနှိပ်ခင်၊ ပို့စ်တစ်ခုမတင်မီ၊ မျှဝေခြင်းမပြုမီ၊ မှတ်ချက်မပေးမီ စဉ်းစားသင့်သည့် အကြောင်းအရာများ) “မကြည့်ရဲဘူး။ ကိုယ့်ယောင်္ကျားမဟုတ်ပါစေနှင့်လို့ ဆုတောင်းတာပေါ့။ ဒီလိုမျိုးဖြစ်ပျက်နေတဲ့ပုံမဟုတ်ရပါစေနဲ့လို့ ဆုတောင်းတာပေါ့” ဟု ဇနီးဖြစ်သူ မရင်လှ (အမည်လွှဲ) ကပြောဆိုနေသည်။ ပြီးခဲ့သော...

“နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းတွင်ရှင်းမည့် မွန်တို့၏ ခြေလှမ်းအစ”

ညံစီလာသောလက်ခုပ်သံများကြောင့် “ငြိမ်းချမ်းရေးရွှေထုပ်ကြီးပါရှင်၊ ဘာနဲ့မှမလဲနိုင်ပါဘူး”ဟူသော စကား တစ်ဖြတ်ခေတ္တရပ်လိုက်ရသည်။ လူ ၅၀၀ ကျော်ရောက်ရှိနေသည့် မွန်ပြည်နယ်၊ ရေးမြို့၊ ပြည်သူ့အားကစားရုံ အတွင်းတွင်ဖြစ်၏။ သုံးရက်တာကျင်းပခဲ့သည့် မွန်လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ၏ နောက်ဆုံးနေ့ မေ ၇ရက် အခမ်းအနား၌ဖြစ်ပါသည်။ ယင်းမှထွက်ရှိလာသော စာတမ်း(မူကြမ်း)ပါ အချက် ၂၃၀ နီးပါးကို ပုံနှိပ် ထားသည့်...

၇၅ နှစ်ပြည့် သေမင်းတမန်

စိမ်းလန်းသော မြက်ခင်းပြင်တွင် ထာဝရ မမေ့နိုင်သည့် အခမ်းအနား တစ်ခုကို ကျင်းပနေသည်။ သူတို့မှာ နေရာ၊ ဒေသ၊ ဘာသာ စကား မတူသော်လည်း ထိုနေရာတွင် လာရောက် စုရုံး၍ ယင်းအခမ်းအနားလေးကို လူပေါင်း ၈၀ ခန့် စုပေါင်းကျင်းပနေခြင်းဖြစ်၏။ သေမင်းတမန်ဟူ၍ အမည်ဆိုးနှင့် ကျော်ကြားသော ရထားလမ်း ဖောက်လုပ်ပြီးစီးခြင်း...
- Advertisement -

Latest article

တစ်ပတ်အတွင်း ဖမ်းမိသည့် စည်းကမ်းပျက်ယာဉ် ၂,၂၀၀ ကျော်ရှိ

မော်လမြိုင် ဖေဖော်ဝါရီ ၁၅ မွန်ပြည်နယ် ၁၀ မြို့နယ်တွင် ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်နေ့အထိ တစ်ပတ်အတွင်း စည်းကမ်းပျက်ယာဉ် ၂,၂၄၂ မှု ဖမ်းဆီးရမိထားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။ ရက် ၁၀၀ လင်းယုန်စီမံချက်ဖြင့် စတင်ဖမ်းဆီးအရေးယူသည့် ဇန်နဝါရီ ၁၅ ရက်မှ ဖေဖော်ဝါရီ...

လာမည့် ဘဏ္ဍာနှစ်တွင် ပိုင်ကျုံတံတား အဆင့်မြှင့်တင်မည်

မော်လမြိုင် ဖေဖော်ဝါရီ ၁၅ ကရင်ပြည်နယ်အတွင်း ပိုင်ကျုံတံတားကို ၂ဝ၁၉-၂၀၂ဝ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံပြီး ရရှိပါက အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဒုတိယအကြိမ်၊ အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ၁၁ရက်မြောက်နေ့၌ ဖြေကြားခဲ့သည်။ ကရင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၄)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နန်းမိုးမိုးထွေး မေးမြန်းသော...

အမည်းရောင်နယ်မြေ သတ်မှတ်ခံရသော ဘီးလင်းဒေသတွင် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲမည်

မော်လမြိုင် ဖေဖော်ဝါရီ ၁၅ မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် အမည်းရောင် နယ်မြေအဖြစ် သတ်မှတ်ခံရသော ဘီးလင်းမြစ် အရှေ့ဘက်ပိုင်း ကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ကွင်းဆင်းလေ့လာပြီး စီမံကိန်း ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ဖေဖော်ဝါရီ ၁၃ရက် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး၌...