အခြေခံမူများနှင့် ပြည်ထောင်စုစိတ်ဓာတ်

(အယ်ဒီတာ့အာဘော်) လွှတ်တော်များတွင်ပါဝင်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ တစ်ဆင့်ချင်း လျှော့ချနိုင်ရေးနှင့်စပ်လျဉ်းပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေးများ တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ၁၁ မတ် ၂၀၁၉ ရက်က ပြုလုပ်သည့် ပူးပေါင်းကော်မတီ၏ လေးကြိမ်မြောက်အစည်းအဝေးတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁) နိုင်ငံတော်အခြေခံမူများကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ လျှော့ချရေးနှင့်စပ်လျဉ်းပြီး...

အသိပေး ကြေညာချက်

အသိပေး ကြေညာချက်

ကတိကဝတ်များကို အကောင်အထည်ဖော်ရာတွင်

အစိုးရအဖွဲ့အနေဖြင့် ပြည်သူလူထုကိုပေးထားသော ရွေးကောက်ပွဲကတိကဝတ်ဆိုတာရှိသည်။ ပြည်သူလူထုကထိုရွေးကောက်ပွဲကတိကဝတ်များကိုမမေ့။ ဒီကနေ့ ပြည်သူ့အစိုးရအနေဖြင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးစသည်တို့သည် ပြည်သူလူထုကို ပေးထားသော ကတိကဝတ်များဖြစ်သည်။ နိုင်ငံ့အကြီးအကဲများဖြစ်ကြသော နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့က နိုင်ငံအနှံ့ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးသို့ လာရောက်ပြီး ပြည်သူလူထုနှင့်တွေ့ဆုံဆွေးနွေးပွဲများလုပ်ခြင်းသည် အစိုးရအဖွဲ့အနေဖြင့် ဘယ်လိုရပ်တည်ချက်တွေရှိတယ်။ ဘာတွေလုပ်နေတယ်ဆိုတာပြည်သူလူထုကို အသိပေးဖို့၊ ပြည်သူလူထုအသံကို...

နိုင်ငံရေးစိတ်စေတနာ ထက်သန်စွာဖြင့်

နိုင်ငံရေးစိတ်စေတနာ ထက်သန်စွာဖြင့် ယခုအခါ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ ဖွဲ့စည်းဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီဖြစ်သည်။ အဆိုပါကော်မတီကို နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် အချိုးကျဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက က ပြောကြားခဲ့သည်။ ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်းကို တာဝန်ပေးခဲ့သည်။ ဖွဲ့စည်းပုံပြင်ဆင်ရေး အရေးကြီးအဆိုအပေါ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များက...

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် နိုင်ငံသားတိုင်း၏ တာဝန်

အယ်ဒီတာ့ အာဘော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် အရေးကြီးအဆိုကို ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၉ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်သို့တင်သွင်းခဲ့သည်။ အဆိုပါဖွဲ့စည်းပုံပြင်ဆင်ရေး အရေးကြီးအဆိုအပေါ် တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ်တစ်ဦးက လုပ်ထုံးလုပ်နည်းနှင့်မညီညွတ်ဟုဆိုကာ ကန့်ကွက်ခဲ့သည်။ ပြည်ထောင်စု လွှတ်တော်နာယကက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၏ ကန့်ကွက်မှုကို ပယ်ချကာလွှတ်တော် အတွင်း...

ဉာဏ်ပညာ မေတ္တာတရားဖြင့် လွတ်လပ်သော

(အယ်ဒီတာ့အာဘော်) ၂၀၁၉ ခုနှစ်သည် အစိုးရ၏သက်တမ်း ၄ နှစ်အတွင်း ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အမျိုးသား ညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး စသည့် ပြည်သူ့အစိုးရ၏ အနာဂတ်မျှော်မှန်းချက်များ မည်ရွေ့မည်မျှ ခရီးရောက်ပြီ၊ မည်သို့မည်ပုံ ဖော်ဆောင် နေသည်ကို ပြည်သူတို့ မျက်မြင်ထိတွေ့ သိရှိနေကြရပြီဖြစ်သည်။ အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးမျှော်မှန်းချက်များနှင့်အတူ ဆူးငြောင့်ခလုတ်...

သတင်းခေတ်၏ သီတင်းပတ်တိုင်းမှာ

၂၀၁၉ နှစ်သစ်၏ ပထမဦးဆုံး သီတင်းပတ် ဆိုက်ရောက်လာချေပြီ။ ကုန်လွန်ပြီးသော နှစ်ကာလတို့သည်လည်း သင်ခန်းစာများ၊ သံဝေဂများအဖြစ် ကျန်ရစ်ခဲ့ပြီသာတည်း။ နှစ်ဟောင်းကုန်ဆုံးကာ နှစ်သစ်သို့ ကူးပြောင်းပြီဖြစ်သော ၂၀၁၉ နှစ်သစ်ဦးကာလ၌ အဟောင်းထက် ပိုဟောင်းသော ဖြစ်ရပ်များ၊ ပြုမူပြောဆိုချက်များ၊ မတည်နိုင်သေးသော တစ်ပွဲတိုး ကတိစကားများ၊ အကောင်အထည်မဖော်နိုင်သေးသော တစ်မိုးလုံး ဖျောက်ဆိတ် စီမံချက်များထက်...

သမ္မတကြီး၏ မိန့်ကြားချက်များ ပြည်သူတို့ထံ အပြည့်မရောက်သေးပါ

နိုင်ငံတော်သမ္မတ ဖြစ်လာအပြီး ၂၅၉ ရက်အကြာ ဒီဇင်ဘာ ၁၄ ရက်တွင် ဦးဝင်းမြင့်သည် မော်လမြိုင်မြို့သို့ ရောက်ရှိလာသည်။ မြန်မာ့သမိုင်းတွင် ၁၀ ဦးမြောက် သမ္မတဖြစ်သူ၏ မွန်ပြည်နယ်ခရီးစဉ်တွင် ပြည်သူအချို့က ပေးပို့သည့် တိုင်ကြားစာမှာ ၇၇ စောင်ရှိကြောင်း တိုင်ကြားစာလက်ခံရေးအဖွဲ့ထံမှ သိရသည်။ ပြည်နယ်အတွင်းရှိ ၁၀ မြို့နယ်အနက် ချောင်းဆုံမှအပ...

ချို့တဲ့မှုကိုတွေ့ပြီ အဖြေရှာဖို့သင့်၏

ပြီးခဲ့သည့် သီတင်းပတ်အတွင်း စိတ်ဝင်စားဖွယ် စစ်တမ်းတစ်စောင် ထွက်ပေါ်လာခဲ့သည်၊ ယင်းမှာ မြန်မာနိုင်ငံ၏ ရှုထောင့်နယ်ပယ်စုံ လူမှုဘဝဖူလုံရေး (Multidimensional Welfare in Myanmar)အစီအရင်ခံစာဟု ဆို၏။ ပြည်သူ့အင်အားဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းရေးသားပြုစုသည့် အဆိုပါအစီရင်ခံစာ ထုတ်ပြန်ကြေညာခြင်း အခမ်းအနားကို ဒီဇင်ဘာ ၄ ရက်နေ့က နေပြည်တော်ရှိ Hotel...

ဖေ့စ်ဘွတ်ခ်ကိုသာလျှင် အရေးမလုပ်ပါနှင့်

မကြာသေးမီ ရက်ပိုင်း နိုဝင်ဘာ ၂၆ ရက်နေ့က ဖြစ်သည်၊ ဖေ့စ်ဘုတ်ခ် အသုံးပြုသူ အကောင့်ပိုင်ရှင်တစ်ဦးက လူမှုကွန်ရက်စာမျက်နှာထက်တွင် 'မွန်ပြည်နယ် ဝန်ကြီးချုပ် ဖြေပေးပါ'ဟူသော ခေါင်းစဉ်ဖြင့် ပို့စ် တစ်ခု ရေးသား လွှင့်တင်ခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက နောက်နှစ်ရက်အကြာတွင် ပြုလုပ်သည့် မီဒီယာများနှင့်...