သမ္မတကြီး၏ မိန့်ကြားချက်များ ပြည်သူတို့ထံ အပြည့်မရောက်သေးပါ
နိုင်ငံတော်သမ္မတ ဖြစ်လာအပြီး ၂၅၉ ရက်အကြာ ဒီဇင်ဘာ ၁၄ ရက်တွင် ဦးဝင်းမြင့်သည် မော်လမြိုင်မြို့သို့ ရောက်ရှိလာသည်။
မြန်မာ့သမိုင်းတွင် ၁၀ ဦးမြောက် သမ္မတဖြစ်သူ၏ မွန်ပြည်နယ်ခရီးစဉ်တွင် ပြည်သူအချို့က ပေးပို့သည့် တိုင်ကြားစာမှာ ၇၇ စောင်ရှိကြောင်း တိုင်ကြားစာလက်ခံရေးအဖွဲ့ထံမှ သိရသည်။
ပြည်နယ်အတွင်းရှိ ၁၀ မြို့နယ်အနက် ချောင်းဆုံမှအပ...
ချို့တဲ့မှုကိုတွေ့ပြီ အဖြေရှာဖို့သင့်၏
ပြီးခဲ့သည့် သီတင်းပတ်အတွင်း စိတ်ဝင်စားဖွယ် စစ်တမ်းတစ်စောင် ထွက်ပေါ်လာခဲ့သည်၊ ယင်းမှာ မြန်မာနိုင်ငံ၏ ရှုထောင့်နယ်ပယ်စုံ လူမှုဘဝဖူလုံရေး (Multidimensional Welfare in Myanmar)အစီအရင်ခံစာဟု ဆို၏။
ပြည်သူ့အင်အားဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းရေးသားပြုစုသည့် အဆိုပါအစီရင်ခံစာ ထုတ်ပြန်ကြေညာခြင်း အခမ်းအနားကို ဒီဇင်ဘာ ၄ ရက်နေ့က နေပြည်တော်ရှိ Hotel...
ဖေ့စ်ဘွတ်ခ်ကိုသာလျှင် အရေးမလုပ်ပါနှင့်
မကြာသေးမီ ရက်ပိုင်း နိုဝင်ဘာ ၂၆ ရက်နေ့က ဖြစ်သည်၊ ဖေ့စ်ဘုတ်ခ် အသုံးပြုသူ အကောင့်ပိုင်ရှင်တစ်ဦးက လူမှုကွန်ရက်စာမျက်နှာထက်တွင် 'မွန်ပြည်နယ် ဝန်ကြီးချုပ် ဖြေပေးပါ'ဟူသော ခေါင်းစဉ်ဖြင့် ပို့စ် တစ်ခု ရေးသား လွှင့်တင်ခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက နောက်နှစ်ရက်အကြာတွင် ပြုလုပ်သည့် မီဒီယာများနှင့်...
အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့
အာရှတိုက်အတွင်း သဘာဝဘေးဒဏ်ခံနိုင်သည့် မြို့ငါးမြို့စာရင်းတွင် မြန်မာနိုင်ငံမှ မော်လမြိုင်မြို့ကိုပါ ကုလသမဂ္ဂဘေးအန္တရာယ်လျှော့ချရေးရုံး (UNISDR)က ရွေးချယ်လိုက်သည်။
မကြာသေးမီ အောက်တိုဘာ တတိယပတ်ကလည်း အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများမှ စမတ်စီးတီးမြို့တော် ၁၀ မြို့တွင် မန္တလေးမြို့လည်း ပါဝင်ကြောင်း Cio-asia.com တွင် ဖော်ပြထားခဲ့သည်။
ဂုဏ်ယူဖွယ်ရာ ရွေးချယ်ခံရမှုတို့ပါပေ။
သဘာဝဘေးဒဏ် ခုခံနိုင်စွမ်း မြင့်မားပြီး ဖွံ့ဖြိုးတိုးတက်သော...
ကာကွယ်ခြင်းသာ ကိုယ်ပိုင်လက်နက်
လိင်အကြမ်းဖက်မှု၊ မုဒိမ်းမှုဆိုသည်နှင့် အထင်သေးဖွယ်၊ စက်ဆုပ်ရွံရှာစဖွယ်၊ မသတီစရာ၊ အော့နှလုံးနာစရာ လုပ်ရပ်အဖြစ် လူ့ပတ်ဝန်းကျင်က သတ်မှတ်ဖဲကြဉ်ထားပြီး ဖြစ်သည်။
ထိုအထဲတွင်မှ ယခု ဆယ်စုနှစ်ပိုင်းတွင် မကြာခဏဆိုသလို ကြားသိလာရသော သက်ငယ်မုဒိမ်းမှုဆိုသည်ကတော့ ဖွင့်ဆိုဖွယ်မရှိပြီ။
၁၆နှစ်အောက်အရွယ် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုကို သက်ငယ်မုဒိမ်းမှုဟု ခေါ်ဆိုကြရာ မွေးကင်းစ အရွယ်က စ...
အနိဋ္ဌာရုံမြင်ကွင်းသည် ဖျော်ဖြေတင်ဆက်စရာ မဟုတ်
သွေးသံရဲရဲ မြင်ကွင်းများအပါအဝင် လူတစ်ဖက်သားဂုဏ်သိက္ခာ ယိုယွင်းထိခိုက်စေမည့် လှုပ်ရှားမှုပုံရိပ်များ၊ အနိဋ္ဌာရုံ ရုပ်သံဖိုင်များကို ရိုက်ကူးမှတ်တမ်းတင်ကာ ဖေ့စ်ဘုတ်ခ် အစရှိသည့် လူမှုကွန်ရက်စာမျက်နှာများထက် တွင်တွင်ကျယ်ကျယ် လွှင့်တင်ဖြန့်ဝေနေခြင်းမျိုးကို ယခုနောက်ပိုင်း ခပ်စိပ်စိပ် မြင်တွေ့ကြားသိလာရသည်။
မိမိကိုယ်တိုင် မရိုက်ကူး မှတ်တမ်းမတင်ခဲ့စေကာမူ သူတပါး ရိုက်ချက်နှင့် တင်ပြမှုများကို ကျယ်ပြန့်စွာ ဖြန့်ဝေပေးခြင်းမျိုးလည်း မရှုချင့်အဆုံး...
သေနတ်၊ မူးယစ်ဆေးနှင့် လိုင်စင်မဲ့အရေး အဖြေရှာပေး
လက်နက်ဆိုသည်မှာ စွဲကိုင်သူအပေါ် မူတည်၍ တန်ဖိုးရော အနှစ်သာရပါ ပြောင်းလဲတတ်မြဲဖြစ်သည်။
လုံခြုံရေးအတွက် အကာအကွယ်ပြုရန် မိတ်ဖက်အဖြစ် လက်နက်ကို အသုံးပြုကြသလို လက်နက်ကပင်လျှင် လုံခြုံရေးကို တဖန် ပြန်လည် ခြိမ်းခြောက်တတ်သော သဘော အပြည့်ဆောင်သည်။ ကိုင်ဆောင်သူ၏ ရည်ရွယ်ချက်နှင့် ရပ်တည်မှုသာ ပဓာနဟု ဆိုရန် အကြောင်းရှိ၏။
မကြာသေးမီ ရက်ပိုင်းက...
သတင်းမီဒီယာနှင့်ဆက်ဆံရေးကိုထိန်းပါ
အစိုးရက သတင်းမီဒီယာအပေါ် ယခင်အစိုးရထက်ပိုမို နှိပ်ကွပ်နေသလော…။
ယင်းမှာ သတင်းမီဒီယာသမားအပေါ် တရားစွဲဆိုမှု ကိန်းဂဏန်းများကို ထောက်ရှုနှိုင်းယှဉ်ရင်း ထွက်ပေါ်လာသော မေးခွန်းပင်။
၂၀၁၅ ရွေးကောက်ပွဲကာလက ပြည်သူလူထု၏ တစ်စုတစ်စည်းတည်းသော တစ်ခဲနက်ထောက်ခံမှုနှင့်အတူ သောင်ပြိုကမ်းပြို အနိုင်ရလာခဲ့ပြီးသော တရားဝင်အစိုးရ သက်တမ်းတစ်ဝက်မှာပင် မီဒီယာသမားများကို တရားစွဲဆိုဖမ်းဆီးသော အရေအတွက်မှာ ယခင်အစိုးရသက်တမ်းတစ်လျှောက်လုံးစာ အမှုအရေအတွက်ကို မီလုခမန်း...
အဘိုးနိုင်ငွေသိမ်းကို ကျေးဇူးဆပ်ပါ
လွတ်လပ်ရေးမတိုင်မီခေတ်မှစ၍ မျက်မှောက်ခေတ်ထိ နိုင်ငံရေးအခြေအနေပေါင်းစုံအကြား မွန်တိုင်းရင်းသားတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တန်းတူအခွင့်အရေးတို့အတွက် လက်ရုံးရည်ရော နှလုံးရည်ဖြင့်ပါ စွမ်းစွမ်းတမံ မဆုတ်မနစ် ဦးဆောင်တိုက်ပွဲဝင်ခဲ့သည့် အဘိုးနိုင်ငွေသိမ်း ကွယ်လွန်ခဲ့ပါပြီ။
အသက် ၉၆ နှစ်အရောက် နောက်ဆုံးချိန်မတိုင်မီအထိ မွန်တို့အား နိုင်ငံရေးဆိုင်ရာ ဦးဆောင်လမ်းညွှန်မှုတို့ကို ဖြတ်သန်းခဲ့ရသော ကိုယ်တွေ့ အတွေ့အကြုံများအပေါ်အခြေခံ၍ သူယုံကြည်သည့်အတိုင်း မည်သည့်မျက်နှာ...
ကွက်ကွက်မျှမချန် တာဝန်ခံခိုင်းပါ
မွန်ပြည်နယ်အတွင်းရှိ ကျေးရွာများနှင့် ရပ်ကွက်များတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး အမှုများအတွက် အုပ်ချုပ်ရေးမှူးများ တာဝန်ခံရမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ကျိုက်ထိုမြို့ သာသနာ့ဗိမာန်တွင်စက်တင်ဘာ ၂၃ ရက်က ပြုလုပ်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။
ဆေးပြားရောင်းဝယ်ဖောက်ကားနေခြင်းများ ရပ်ကွက်အတွင်း ပထမအကြိမ်ဖြစ်လျှင် ခွင့်လွှတ်ကြောင်း၊ ဒုတိယအကြိမ်ထပ်ဖြစ်လျှင် သတိပေးမည်ဖြစ်ကြောင်း၊ တတိယအကြိမ်တွင်မူ...