သေနတ်၊ မူးယစ်ဆေးနှင့် လိုင်စင်မဲ့အရေး အဖြေရှာပေး

  လက်နက်ဆိုသည်မှာ စွဲကိုင်သူအပေါ် မူတည်၍ တန်ဖိုးရော အနှစ်သာရပါ ပြောင်းလဲတတ်မြဲဖြစ်သည်။ လုံခြုံရေးအတွက် အကာအကွယ်ပြုရန် မိတ်ဖက်အဖြစ် လက်နက်ကို အသုံးပြုကြသလို လက်နက်ကပင်လျှင် လုံခြုံရေးကို တဖန် ပြန်လည် ခြိမ်းခြောက်တတ်သော သဘော အပြည့်ဆောင်သည်။ ကိုင်ဆောင်သူ၏ ရည်ရွယ်ချက်နှင့် ရပ်တည်မှုသာ ပဓာနဟု ဆိုရန် အကြောင်းရှိ၏။ မကြာသေးမီ ရက်ပိုင်းက...

သတင်းမီဒီယာနှင့်ဆက်ဆံရေးကိုထိန်းပါ

အစိုးရက သတင်းမီဒီယာအပေါ် ယခင်အစိုးရထက်ပိုမို နှိပ်ကွပ်နေသလော…။ ယင်းမှာ သတင်းမီဒီယာသမားအပေါ် တရားစွဲဆိုမှု ကိန်းဂဏန်းများကို ထောက်ရှုနှိုင်းယှဉ်ရင်း ထွက်ပေါ်လာသော မေးခွန်းပင်။ ၂၀၁၅ ရွေးကောက်ပွဲကာလက ပြည်သူလူထု၏ တစ်စုတစ်စည်းတည်းသော တစ်ခဲနက်ထောက်ခံမှုနှင့်အတူ သောင်ပြိုကမ်းပြို အနိုင်ရလာခဲ့ပြီးသော တရားဝင်အစိုးရ သက်တမ်းတစ်ဝက်မှာပင် မီဒီယာသမားများကို တရားစွဲဆိုဖမ်းဆီးသော အရေအတွက်မှာ ယခင်အစိုးရသက်တမ်းတစ်လျှောက်လုံးစာ အမှုအရေအတွက်ကို မီလုခမန်း...

အဘိုးနိုင်ငွေသိမ်းကို ကျေးဇူးဆပ်ပါ

လွတ်လပ်ရေးမတိုင်မီခေတ်မှစ၍ မျက်မှောက်ခေတ်ထိ နိုင်ငံရေးအခြေအနေပေါင်းစုံအကြား မွန်တိုင်းရင်းသားတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တန်းတူအခွင့်အရေးတို့အတွက် လက်ရုံးရည်ရော နှလုံးရည်ဖြင့်ပါ စွမ်းစွမ်းတမံ မဆုတ်မနစ် ဦးဆောင်တိုက်ပွဲဝင်ခဲ့သည့် အဘိုးနိုင်ငွေသိမ်း ကွယ်လွန်ခဲ့ပါပြီ။ အသက် ၉၆ နှစ်အရောက် နောက်ဆုံးချိန်မတိုင်မီအထိ မွန်တို့အား နိုင်ငံရေးဆိုင်ရာ ဦးဆောင်လမ်းညွှန်မှုတို့ကို ဖြတ်သန်းခဲ့ရသော ကိုယ်တွေ့ အတွေ့အကြုံများအပေါ်အခြေခံ၍ သူယုံကြည်သည့်အတိုင်း မည်သည့်မျက်နှာ...

ကွက်ကွက်မျှမချန် တာဝန်ခံခိုင်းပါ

မွန်ပြည်နယ်အတွင်းရှိ ကျေးရွာများနှင့် ရပ်ကွက်များတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး အမှုများအတွက် အုပ်ချုပ်ရေးမှူးများ တာဝန်ခံရမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ကျိုက်ထိုမြို့ သာသနာ့ဗိမာန်တွင်စက်တင်ဘာ ၂၃ ရက်က ပြုလုပ်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။ ဆေးပြားရောင်းဝယ်ဖောက်ကားနေခြင်းများ ရပ်ကွက်အတွင်း ပထမအကြိမ်ဖြစ်လျှင် ခွင့်လွှတ်ကြောင်း၊ ဒုတိယအကြိမ်ထပ်ဖြစ်လျှင် သတိပေးမည်ဖြစ်ကြောင်း၊ တတိယအကြိမ်တွင်မူ...

မီးခိုးမထွက်သော စက်ရုံများ အရှိန်မတန့်စေလို

မီးခိုးမထွက်သော စက်ရုံများဟု တင်စားခေါ်ဝေါ်ကြသော ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှာ စရိတ်အကျဉ်းဆုံးရင်းနှီးမြှုပ်နှံမှု၊ တာရှည်အခံဆုံး အကျိုးအမြတ်ကာလရှိသည့်အပြင် မိမိတို့ အမျိုးသား ဇာတိ ဥပဓိလက္ခဏာ၊ ရိုးရာအမွေအနှစ်တို့ကို အခန့်ညားဆုံး ဖော်ထုတ်ဝင့်ကြွားနိုင်မည့် တစ်ခုတည်းသော အခွင့်အလမ်းကြီးလည်း ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာကြွယ်ဝသည့် နိုင်ငံကြီးများက ခရီးသွားလုပ်ငန်းကို အရှိန်မြှင့်လုပ်ကိုင်လာသောအခါ အကျိုးအမြတ်ကြီးမားသည့် လုပ်ငန်းကြီးတစ်ရပ်ဖြစ်လာပြီး စက်ရုံအလုပ်ရုံများကဲ့သို့ပင်...

ရှဉ့်လည်းလျှောက်စေ ပျားလည်းစွဲစေ

လမ်းခင်းကျောက်မိုင်းအများအပြားရှိသည့် မွန်ပြည်နယ်အတွင်း အဆိုပါလုပ်ငန်းကဏ္ဍမှ လျော့နည်းရရှိနေသည့် အခွန်ဘဏ္ဍာကိစ္စ၊ အငြင်းပွားဖွယ်ရာ ထုတ်လုပ်မှုနှုန်း၊ ကြုံတွေ့နေရသည့် အခက်အခဲတို့နှင့်စပ်လျဉ်း၍ ပြည်နယ်အစိုးရနှင့် လုပ်ငန်းရှင်တို့ မကြာ သေးမီက တွေ့ဆုံဆွေးနွေးကြ၏။ ကောင်းသောအစဉ်အလာပင်။ ခွင့်ပြုထားသည်ထက် ကျော်လွန်ထုတ်လုပ်နေမှုများကို ထိန်းချုပ်လျှင်၊ လုပ်ငန်းရှင်တို့...

ပရဟိတစစ်စစ်

ပရဟိတဆိုသည့် ဝေါဟာရကို ပရ - အများ၊ ဟိတ - ကောင်းကျိုးဟူ၍ ဖွင့်ဆိုကြောင်း လူတိုင်းနှင်နှင် သိရှိပြီးဖြစ်သလို မွန်မြတ်လွန်းလှစွာသော လုပ်ငန်းစဉ်တစ်ရပ်အဖြစ်လည်း နားလည်လက်ခံထားကြပေသည်။ အများဟူသောစကားရပ်မှာ ‘မိမိမှအပ အခြား’ကို ညွှန်းဆိုသည်ဟု လွယ်လင့်တကူ သဘောပိုက်ရချေမည်။

ဆယ်ကျော်သက်နှင့် မူးယစ်ဆေး

ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ် ကြားသိလာရသည်မှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု သတင်းများပင်။ ဂီတ၊ ရုပ်ရှင်နယ်ပယ်မှ လူသိများ ထင်ရှားသူအချို့လည်း ယင်းခေါင်းစဉ်အောက်တွင် ပါဝင်လာသည်ကို တွေ့နေရသည်။ ယင်းအပြင် ရာနှင့်ချီသည့် အမှုများ၊ တရားခံများကို ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်ချက်တို့ကိုလည်း...

အရိပ်ကိုလိုချင်လျှင် နေပူကမစောင့်နှင့်

လက်ရှိအခြေအနေတွင် မွန်ပြည်နယ်၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခြေအနေမှာ နှစ်ထောင်းအားရဖွယ် အနေအထားတစ်ရပ်အဖြစ် ရှုမြင်ရန် အလှမ်းကွာဝေးနေဆဲသာ ဖြစ်သည်။ ပထဝီမြေမျက်နှာသွင်ပြင်၊ ရေဆင်း၊ သဘာဝသယံဇာတ၊ ခရီးလမ်းပန်းအပါအဝင် ရေခံမြေခံကောင်းများစွာ၊ အခြေခံအဆောက်အဦနှင့် လူ့စွမ်းအားအရင်းအမြစ်များစွာ ပိုင်သသော မွန်ပြည်နယ်သည် ဖွံ့ဖြိုးတိုးတက်မှုအရာ၌...

ပြုပြင်ပြောင်းလဲလိုလျှင် ဥပဒေများကို အသက်သွင်း

အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်အပေါ် အခြေတည်ပြီး အာဏာအရပ်ရပ်ထဲမှအချို့ကို ပြည်ထောင်စုနှင့်တိုင်းဒေသကြီး၊ ပြည်နယ်တို့ ခွဲခြားကျင့်သုံးကာ စတင်ခဲ့သည့် မြန်မာ့ဒီမိုကရေစီအသွင်ကူး ပြောင်းရေးကာလ (၈)နှစ်အတွင်းမွန်ပြည်နယ်တွင် ဥပဒေပေါင်း (၂၀) ပြဋ္ဌာန်းထား၏။ ယဉ်ကျေးမှုအမွေအနှစ်များကာကွယ်ထိန်းသိမ်းရေး၊ ပုဂ္ဂလိကရေယာဉ်များစနစ်တကျပြေးဆွဲရေး၊ ယစ်မျိုးခွန်၊...

Latest article

မွန်ပြည်နယ်တွင် လွတ်ငြိမ်းသက်သာခွင့် အကျဉ်းသားများတွင် မူးယစ်ဆေးဝါး သုံးစွဲသူ ထက်ဝက်နီးပါး ပါဝင်

မော်လမြိုင် ဧပြီ ၁၉ မွန်ပြည်နယ်တွင် အကျဉ်းထောင် ၂ခု ကုန်ထုတ်စခန်း ၇ခုမှ အကျဉ်းသား ၉၂၉ ဦးကို ဧပြီလ ၁၇ရက် (နှစ်ဆန်းတစ်ရက်နေ့)၌ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ကျခံနေသူများ ထက်ဝက်နီးပါး ပါဝင်ကြောင်း ပြည်နယ်အကျဉ်းဦးစီးမှူး ကိုယ်စား မော်လမြိုင် အကျဉ်းထောင်မှ တာဝန်ခံအရာရှိ...

အိန္ဒိယဝယ်လက်ကြောင့် မတ်ပဲစျေးကောင်းလာနိုင်ဟု လယ်သမားနှင့်ကုန်သည်များမျှော်လင့်

ချောင်းဆုံ  ဧပြီ ၁၉ အိန္ဒိယကပဲတင်သွင်းခွင့်ပြုထားြခင်းအပေါ် မတ်ပဲစျေးကောင်းရလာနိုင်မည်ဟု လယ်သမားနှင့် ကုန်သည်များ မျှော်လင့်လျှက်ရှိကြောင်းသိရသည်။ "အခုနှစ်မှာအိန္ဒိယက မတ်ပဲ တန်ချိန် ၁ သိန်းခွဲ ၊ ပဲဇင်းငုံ တန်ချိန် ၂ သိန်း ၊ ပဲတီစိမ်း တန်ချိန် ၁ သိန်းခွဲကို ၂၀၁၉ ဧပြီလ ၂၀...

မွန်ပြည်နယ် အထူစုံစမ်းစစ်ဆေးရေးဌာန ညွှန်းမှူးနေအိမ်မှ ဖောက်ထွင်းခိုးယူသွားသည့် ရွှေထည်ပစ္စည်းများနှင့် ငွေများ သိမ်းဆည်းရမိ ခိုးမှုကျူးလွန်သူ တရားခံ ထွက်ပြေးနေ

မော်လမြိုင် ဧပြီ ၁၈ မွန်ပြည်နယ် အထူစုံစမ်းစစ်ဆေးရေးဌာန ညွှန်းမှူးနေအိမ်မှ ဖောက်ထွင်းခိုးယူသွားသည့် ရွှေထည်ပစ္စည်းများနှင့် ငွေများ သိမ်းဆည်းရမိခဲ့ပြီး ခိုးမှုကျူးလွန်သူ တရားခံမှာ ထွက်ပြေးလွတ်မြောက်နေကြာင်း မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲမှုခင်းအကူဌာနမှ သိရသည်။ မွန်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များက ယနေ့ ည ၈ နာရီခန့်က မော်လမြိုင်မြို့ မုပွန်ရပ်ကွက် အိုးရုံရပ်နေ ရဲမင်းပိုင် အသက် ၂၄...