22.2 C
Mawlamyine
Monday, January 20, 2020

မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့်ဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

ပေါင်မြို့နယ်၊ ကျောက်ရေတွင်းကျေးရွာအုပ်စု၊ ကျောက်ရေတွင်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအား၂၀၁၆ -၂၀၁၇ခုဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ စီမံကိန်းအရင်း မပျောက် လည်ပတ်ရန်ပုံငွေမှ ထုတ်ချေးငွေဖြင့် စိုက်ပျိုးရေးမွေးမြူရေးအရောင်းအဝယ် တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် ကျေးရွာနေမိသားစုများ အလုပ်အကိုင်အခွင့်အလန်းများပိုမိုများပြားပြီး မိသားစုဝင်ငွေတိုးပွားလျက်ရှိ သည်။ ယင်းသို့ဆောင်ရွက်နေမှုများအား သထုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးမိုးဝင်၊ပေါင်မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လတ်နှင့်အဖွဲ့မှ စီမံကိန်းဆောင်ရွက်နေမှုအခြေအနေများအား(၂၆.၁၁.၂၀၁၉)ရက်နေ့တွင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးရွာကော်မတီဝင်များ...