27.4 C
Mawlamyine
Friday, April 23, 2021

စိတ်ဖိစီးမှုနှင့် မှတ်ဉာဏ်ချို့ယွင်းခြင်း

စိတ်ဖိစီးသော အလုပ်လုပ်နေ ရသူများ၊ စိတ်ဖိစီးသောဘဝပုံစံမျိုးမှာ ကျင်လည်နေရသူများ အသက်ကြီးလာသည့်အခါ ရေတို မှတ်ဉာဏ် ပျောက်ဆုံး နိုင်ခြေပိုများသည်။ စိတ်ဖိစီးသည့်အခါ ထွက်လာသော ကော်တီဇုန်း (cortisone) နှင့် ရေတိုမှတ်ဉာဏ်ကြားဆက်စပ်မှုကို အမေရိကန်နိုင်ငံအိုင်အိုဝါတက္ကသိုလ် သုတေသနအဖွဲ့က လေ့လာဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။ လူတစ်ယောက် စိတ်ဖိစီးလေ ခန္ဓာကိုယ်ထဲမှာ ကော်တီဇုန်းဟိုမုန်းများများထွက်လေဖြစ်သည်။ ကော်တီဇုန်းသည်...

” ဂွေးတောက်ရွက်ရဲ့ အာနိသင် “

အပတ်စဉ် ဆေးဘက်ဝင် အစားအစာတွေနဲ့ ပတ်သက်လို့ ဟင်္သာစာဖတ်ပရိသတ်တွေအတွက် တင်ဆက်လျက်ရှိရာမှာ အခုတစ်ပတ် အစာလည်းဆေး ၊ဆေးလည်းအစာ ကဏ္ဍမှာတော့ ယခုရာသီဥတုနဲ့လည်း လိုက်ဖက်ညီမျှတဲ့ ဆေးဘက်ဝင် ဂွေးတောက်ရွက်အကြောင်းကို ဖော်ပြပေးချင် ပါတယ်။ ဂွေးတောက်ပင်ဟာ မြန်မာနိုင်ငံအနှံ့အပြားမှာ သဘာဝအလျောက်ပေါက်ရောက်တဲ့ နွယ်ပင်အမျိုးအစားဖြစ်ပြီး၊ ပင်စည်လုံး၍ အခေါက်တွင် အညိုရောင်အဖုအစက်များ၊ မြောင်းလေးများပါရှိပါတယ်။ အရွက်ကတော့...

လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ

ဆစ်ဖလစ်(Syphilis) လို့ အများသိကြတဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါပာာ Treponema pallidum လို့ခေါ်တဲ့ ရောဂါပိုးကြောင့်ဖြစ်ပါတယ်။ ဒီရောဂါပာာ အရွယ်ရောက်ပြီးသူတွေမှာတော့ လိင်မှတစ်ဆင့်ကူးစက်တာ အများဆုံးဖြစ်ပါတယ်။ ဒါပေမဲ့လည်း နမ်းခြင်း၊ သွေးသွင်းခြင်းနဲ့ မတော်တဆထိခိုက်မိခြင်းတို့မှလည်း ကူးစက်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ သန္ဓေသားကိုလည်း အချင်းကို ဖြတ်ပြီး ကူးစက်တတ်ပါတယ်။ ရောဂါလက္ခဏာပြတဲ့အချိန်မှာတော့ ဆစ်ဖလစ်ပာာ...

အိပ်မပျော်ခြင်း၏ နောက်ဝယ် …

မြို့ပြ၏လူနေမှုဘဝများတွင် စိတ်ဖိစီးမှုသည် အဓိကကျသော ထိုးနှက်မှုဖြစ်လာသည်။ ရုန်းကန်လှုပ်ရှားမှုနှင့်အတူ ပင်ပန်းနွမ်းနယ်မှုများသည် စိတ်ဖိစီးမှုကိုတိုးပွားသထက်တိုးပွားလာသည်။ ထို့သို့စိတ်ဖိစီးမှုများလာလျှင် အိပ်မပျော်သော ရောဂါစွဲကပ်တတ်သည်။ ဆေးရုံ၊ဆေးခန်းများတွင် ယခုလက်ရှိခေတ်စားနေသော ရောဂါလက္ခဏာသည် အိပ်မပျော်သော ရောဂါဖြစ်သည်။ တိုင်းမ် မဂ္ဂဇင်း၏ဆယ်စုနှစ်အတွင်း လူအများခံစားနေနသော ရောဂါလက္ခဏာများတွင် အိပ်မပျော်ခြင်းသည် တတိယမြောက်ခံစားရမှုအများဆုံးဖြစ်သည်။ အိပ်မပျော်ခြင်းသည် စိတ်ကျရောဂါနှင့်အခြားသောစိတ်ရောဂါများနှင့်လည်းသက်ဆိုင်မှုရှိကြောင်း ဆေးပညာရှင်များက အဆိုပြုကြသည်။ ထို့ပြင်...

စိတ်ဖိစီးမှုကြောင့်ဖြစ်သော ပြဿနာများနှင့် Stress ulcer

စိတ်ဖိစီးမှုများ၍ ပူအိုက်သောယခုကဲ့သို့အချိန်တွင် ကလေးသူငယ်များတွင် အပူနာဟုခေါ်သော စိတ်ဖိစီးမှုကြောင့်ဖြစ်သော အနာများကို ပါးစပ်၊နှုတ်ခမ်းတစ်ဝိုက်တွင်ဖြစ်တတ်သည်။ ထိုအနာကို စိတ်ဖိစီးမှုကြောင့်ဖြစ်သောအနာ stress ulcer ဟုခေါ်သည်။ ယခုခေတ်တွင် ပြိုင်ဆိုင်မှုပြင်းထန်လာမှုကြောင့် နေ့စဉ်လူမှုနေထိုင်ရေးဘဝတွင် စိတ်ဖိစီးမှုသည် အလွန်ကိုဖိစီးသောရောဂါတစ်မျိုးဖြစ်လာသည်။ အိပ်မပျော်ခြင်း၊ စိတ်ညစ်ခြင်းနှင့် ကိုယ်လက်မကြည်မသာဖြစ်ခြင်းသည် စိတ်ဖိစီးမှု၏ ရောဂါလက္ခဏာဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထို့သို့သော စိတ်ဖိစီးမှုကြောင့်...

ပန်းဂေါ်ဖီစိမ်း

ဒီတစ်ပတ်အစာလည်းဆေး၊ဆေးလည်းအစာကဏ္ဍမှာ ဖော်ပြပေးချင်တာကတော့ ကမ္ဘာမှာပေါ်ပြူလာအဖြစ်ဆုံး အသီးအရွက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး ကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်း (Broccoli)ပဲဖြစ်ပါတယ်။ ပန်းဂေါ်ဖီစိမ်းဟာ မုန်ညင်း၊မုန်လာမျိုးရင်းဝင်သီးနှံတစ်မျိုးဖြစ်ပြီး ပန်းဂေါ်ဖီဖြူလိုပဲ အေးမြတဲ့ရာသီဥတုကို ကြိုက်နှစ်သက်ပါတယ်။ဒါကြောင့်မို့ မြေပြန့်ပဲဖြစ်ဖြစ်၊တောင်ပေါ်ဒေသပဲဖြစ်ဖြစ် အေးမြတဲ့ရာသီဥတုရှိရင် တစ်နှစ်ပတ်လုံံး စိုက်ပျိုးနိုင်ပါတယ်။ပန်းပွင့်တစ်ခုလုံးကို စားသုံးနိုင်ပါတယ်။ လူတိုင်းနီးပါး စားဖူးကြပေမယ့် သူ့ရဲ့ဆေးဖက်ဝင်မှုကိုတော့ နှိုက်နှိုက်ချွတ်ချွတ်သိသူ နည်းလှပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ သံဓာတ်အမြောက်အမြား၊ပရိုတင်း၊ခရိုမီယမ်၊ကယ်လစီယမ်၊ကာဗွန်ဟိုက်ဒရိတ်၊ ဗီတာမင်အေနဲ့စီတို့...

အူမကြီးကင်ဆာ ကာကွယ်ပါ

Colorectal Cancer လို့ခေါ်တဲ့ အူမကြီးနဲ့အစာဟောင်းအိမ် လမ်းကြောင်းတစ်လျှောက်မှာဖြစ်တဲ့ ကင်ဆာရောဂါဟာ အစာအိမ်နဲ့အူလမ်းကြောင်းကင်ဆာတွေထဲမှာ အဖြစ်များဆုံး ဖြစ်တယ်။ ဒါပေမဲ့ ဆေးတိုးပြီး ကာကွယ်၍ရနိုင်တဲ့ကင်ဆာအမျိုးအစားဖြစ်ပါတယ်။ အူမကြီး ကင်ဆာရဲ့ ရောဂါ လက္ခဏာ ဝေဒနာတွေ မပြခင်မှာ စောစီးစွာ ကြိုတင် သိရှိအောင် စစ်ဆေးလို့ရတယ်။ ရောဂါ လက္ခဏာတွေကတော့ Iron...

ကျန်းမာရေးအတွက် စပျစ်သီး

ဒီတစ်ပတ် အစာလည်းဆေး၊ ဆေးလည်းအစာကဏ္ဍမှာ ဖော်ပြပေးမှာကတော့ သရေစာအဖြစ်လည်းစားလို့ရ ၊ကျန်းမာရေးအတွက်လည်းကောင်းတဲ့ စပျစ်သီးအကြောင်းပဲဖြစ်ပါတယ်။ စပျစ်သီးဟာ သေးငယ်တဲ့ အသီးလေးများနဲ့ အသီးအတွင်းမှာ အစေ့ငယ်သေးသေးလေးများပါရှိပြီး ချိုမြိန်တဲ့အရသာကို ပေးစွမ်းနိုင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ အသီးသီးတဲ့အခါမှာလည်း အနည်းဆုံး ၁၅ ခိုင်ကနေ အခိုင်ရာနဲ့ချီ သီးလေ့ရှိပြီး အရောင်အသွေးအနေနဲ့ ခုနစ်မျိုးအထိရှိတယ်လို့သိရပါတယ်။ စပျစ်သီးကို ရှေးလူတွေ သဘာဝအတိုင်းပေါက်နေရာကနေ...

ဒူးဆစ်အရိုးနုပါးခြင်း၊ ယိုယွင်းပျက်စီးခြင်းနှင့် ကုသခြင်း

အသက် ၅၀ နောက်ပိုင်းတွင် ၂၅% သောသူတို့သည် ဒူးနာခြင်း ပြဿနာ နှင့် ကြုံတတ်လေ၏။ ဒူးအဆစ်ရိုးနုရောင်ရမ်းခြင်း၊ ဒူးဆစ်အရိုးနု ပါးခြင်းသည် ဒူးနာခြင်း၏ အဓိက အကြောင်းအရင်းဖြစ်လေ၏။ ဒူးဆစ်အရိုးနု ပါးခြင်းမှ နာကျင်မှု (Knee Osteoarthritis Pain) သည် အရိုးနုပွန်းခြင်းမှ အရိုးနုတဖြည်ဖြည်းပါးလာကာ...

အကျိုးထူးတဲ့ အာလူး

ဒီတစ်ပတ်မှာတော့ ကျွန်တော်တို့ နေ့စဉ် စားသုံးနေကြတဲ့ ဟင်းအမယ်တွေထဲက လူတိုင်းနဲ့တည့်ပြီး နှစ်ခြိုက်စွာစားသုံးလေ့ရှိကြတဲ့ အာလူးနဲ့မိတ်ဆက်ပေးချင်ပါတယ်။အာလူးဟာဆိုလာနေစီအီး မျိုးရင်းမှာပါဝင်ပြီး၊ ရုက္ခဗေဒလို ဆိုလေနမ်ကျူဗာရိုဆမ်လို့ခေါ်ပါတယ်။ အာလူး မှာ မျိုးကွဲပေါင်းများစွာရှိကာ စားလို့ရတဲ့အာလူးအမျိုးအစားကတော့ တစ်ရာ ကျော်ရှိပါတယ်။ အလွယ်စား လို့ရတဲ့ Fast Food အနေနဲ့လည်း သတ်မှတ်ကြပါတယ်။ အာလူးဟာ...